အခန်းထဲမှာငုတ်တုတ်လေးထိုင်ပြီး လက်သည်းတွေကိုက်နေတဲ့ကိုကို ။ ရီပေါ်က ခွေးကိုအခန်းထဲယူလာခဲ့ပြီး အခန်းတံခါးကိုလော့ချပစ်လိုက်တယ် ။ အသံကြားတဲ့ကိုကိုက သူ့ကိုလှည့်ကြည့်လာပြီး သူ့လက်ထဲကခွေးကို မြင်သွားတဲ့အချိန်မှာတော့ မွေ့ယာပေါ်တက်ပြေးတက်တယ် ။
လုပ်ရဲရင်ခံရဲရမှာပေါ့ ကိုကိုရယ် ။ အခုမှကြောက်နေတာလား ။ ဝမ်ရီပေါ်က ခွေးကိုကြမ်းပြင်ပေါ်ချပေးလိုက်တော့ ကိုကိုက အိပ်ယာပေါ်ကနေ စူးစူးဝါးဝါးအော်တယ် ။ ကိုကိုရဲ့အနားကိုသွားပြီး ပါးလေးတွေကိုအသာညစ်ကာ ရေချိုးဖို့ပြင်နေလိုက်တယ် ။ ကိုကိုရဲ့ငိုရှိုက်သံတွေကိုလည်း မကြားချင်ယောင်ဆောင်ပြီးတော့ပေါ့ ။
သူဒီတစ်ခါတော့ လုံးဝအလျော့မပေးနိုင်ဘူး ။ အသက်ကြီးလာတဲ့ကိုကိုက သူ့ကို တဖြည်းဖြည်းကလန်ကဆန်လုပ်လာပြီဖြစ်တယ် ။ ဟိုဟာမလုပ်နဲ့ဆိုလည်းခိုးလုပ် ။ ဒီဟာမလုပ်နဲ့ဆိုလည်းခိုးလုပ်တာပဲ ။ သူ့ရဲ့သည်းခံနိုင်စွမ်းတွေကို စမ်းသပ်လွန်းတယ် ။
ဒီတစ်ကြိမ်မှာကိုကို့ကို ကြောက်သွားအောင်လို့ သူခြောက်ထားရမယ် ။ အဲ့ဒီအခါကျမှ နောက်မလုပ်ရဲတော့မှာ ။ ကိုကို့ကိုသနားပေမဲ့လည်း အလျော့ပေးလို့မဖြစ်ဘူး ။ သူအလျော့ပေးလိုက်ရင် ကိုကိုက နောက်ထပ်သူမသိအောင် ထပ်လုပ်နေအုံးမှာ ။
သူရဲ့နာမည်ကိုအော်ကာ အကူအညီတောင်းနေတဲ့ကိုကို ။ ဟုတ်တယ်ကိုကို ! ကျွန်တော့်ကိုပဲ ဒီလိုအားကိုးတကြီးခေါ်သင့်တာ ။ ကျွန်တော့်ကိုပဲ စိတ်ထဲမှာရှိနေရာမှာ ။ ကျွန်တော်တစ်ယောက်တည်းပဲ ။ ဝမ်ရီပေါ်ဆိုတဲ့ ကျွန်တော်တစ်ယောက်တည်းပဲ ။
ခါးအောက်ပိုင်းကို တဘတ်နဲ့ပတ်ပြီး အပြင်ကိုထွက်လာတော့ ကိုကိုက တစ်ကိုယ်လုံးတုန်ရီနေပြီး ပါးစပ်ကနေလည်း သူနားမလည်နိုင်တဲ့ အရာတွေပြောနေတယ် ။ မွေ့ယာပေါ်ကို အတင်းတက်ဖို့ကြိုးစားနေတဲ့ ခွေးလေးကြောင့် ရီပေါ်က ဆက်ကြည့်မနေတော့ပဲ အခန်းပြင်ထုတ်လိုက်တယ် ။
" နောက်တစ်ခါ ကျွန်တော့်စကားကို နားမထောင်ပဲနေကြည့် ။ အဲ့ဒီအခါကျရင် ခွေးသေးသေးမဟုတ်တော့ဘူး ။ ''
YOU ARE READING
Fall In Love With My Step-Brother [ Completed ]
FanfictionStart Date - 14 Apri 2020 End Date - 15 Apri 2020 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ] (mini story)