part. 8

53.7K 3.2K 8
                                    

ဝမ်ရီပေါ်က ကိုကိုက သူ့ကို ​ရှောင်နေတယ်လို့ခံစားမိတယ် ။ ကိုကိုက ရုတ်တရက်ကြီး သူနဲ့ခပ်ခွာခွာနေလာပြီး အခန်းခွဲအိပ်ဖို့အထိ သူ့အမေကိုအတင်းပူဆာတော့တယ် ။ အန်တီကလည်း အရွယ်ရောက်လာပြီဆိုပြီးတာ့ ကိုကို့ကို အခန်းသစ်တစ်ခန်းပေးနေလိုက်တယ် ။ ဒယ်ဒီကလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး သူမကျေမနပ်ဖြစ်နေတာကို သိနေရဲ့သားနဲ့ ဘာမှမပြောပေ ။

မကျေနပ်ပေမဲ့လည်း ကိုကိုရဲ့အမေ သံသယဝင်သွားမှာဆိုးလို့ ငြိမ်နေလိုက်တယ် ။ စိတ်ထဲမှာတော့ ကိုကို့ကိုကြိုးတုတ်ပြီး ဖွက်ထားချင်နေပြီဖြစ်တယ် ။ အဲ့ဒီဟာလေးက အရမ်းဆိုးတာပဲ ။ သူဒေါ်သထွက်ပြီး တစ်ခါတည်းလုပ်ချလိုက်ရင်လည်း ငိုလို့ပြီးမှာမဟုတ်တော့ဘူး ။

" အန်တီရေ ကိုကိုအိမ်ပြန်ရောက်ပြီလား ။ ''

" သားကိုကိုက ဒီည သူ့ငယ်ချင်းတွေနဲ့ ပါတီကျင်းပမှာမို့လို့ အိမ်ပြန်မလာဖြစ်ဘူဆိုပြီး အန်တီကိုပြောသွားတယ် ။ သားကို ဘာမှမပြောသွားဘူးလား ? ''

" ကျွန်တော်အလုပ်များနေလို့ သတိမထားမိလိုက်ဘူး ။ ''

ဝမ်ရီပေါ်က ထွက်လာတဲ့ဒေါ်သတွေကို မတရားထိန်းချုပ်နေရတယ် ။ ကိုကိုရဲ့အမေရှေ့မှာတော့ ဘီလူးသရဲစီးလို့မဖြစ်တာကြောင့် ဖြူစင်တဲ့ကလေးတစ်ယောက်လို ဆက်သရုပ်ဆောင်နေလိုက်တယ် ။

" ကျန့်ကျန့်နဲ့တော့ခက်တာပဲကွယ် ။ ကိုယ့်ညီလေးကိုတောင် ဘာမှ​ပြောမသွားဘူး ။ ''

" ရပါတယ် အန်တီရယ် ။ ကိုကိုက အရွယ်ရောက်လာပြီပဲ ။ ''

" ဒါပေမဲ့ကျန့်ကျန့်က သားလိုမဟုတ်ဘူး ။ အမြဲတမ်းတုံးတုံးအအနဲ့ ။ အန်တီမှာ သူ့ကို အခုအထိစိတ်ပူနေရတုန်းပဲ ။ "

" ဒါဆိုရင်ကျွန်တော် ကိုကို့ကိုသွားကြိုလိုက်မယ်လေ ။ ''

" နေပါစေတော့ ။ အဲ့ကလေးပြန်လာတော့မှ ​ကောင်းကောင်းဆူပစ်မယ် ။ ''

" ဟုတ်ကဲ့အန်တီ ။ ဒါဆို ကျွန်တော်လုပ်စရာရှိလို့ ခွင့်ပြု့ပါအုံး ။ ''

ဝမ်ရီပေါ်က အခန်းထဲရောက်တာနဲ့ ရှိသမျှပစ္စည်းတွေကို ဖျက်စီးသောင်းကြမ်းနေမိတယ် ။ ကိုကိုက သူဒီလောက်ပြောနေတဲ့ကြားက စကားနားမထောင်တော့ဘူး ။ မင်းဘက်က အရင်ငါ့ကိုလာစတာနော် ရှောင်ကျန့် ။ ငါ့အပြစ်မဟုတ်ဘူး ။

Fall In Love With My Step-Brother [ Completed ]Where stories live. Discover now