-Unicode -
<<Class 5/3>>
ရှေ့ကိုမသိမသာ ငိုက်ငိုက်သွားတဲ့ ခန္ဓာကိုယ်ရဲ့ အရင်းအမြစ်က ထိုင်နေတဲ့ခုံကနေ အခြေပြုတယ်ဆိုတာ သူသိတယ်။
အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်ပြီး လက်သီးဆုပ်ကိုပါ ကျစ်ကျစ်လေးဆုပ်လိုက်ရင်း ရင်ထဲကနေလှိုက်တက်လာတဲ့ ဒေါသကို ဖြေးဖြေးချင်းစီ ဖြေလျော့လိုက်မိတယ်။
နောက်တစ်ကြိမ် သိသိသာသာလှုပ်ရမ်းသွားတဲ့ ဖင်ထိုင်ခုံကြောင့် လူကပါရှေ့ကို တော်တော်လေးကို ငိုက်ကျသွားတဲ့အခါမှာတော့ သူ့ဒေါသကို ဘယ်နည်းနဲ့မှထိန်းမရတော့.....
"ဖတ်ခယူ Kim JongIn!!ဖတ်ခယူ!!"
ထိုင်နေရာကနေ ဝုန်းကနဲ မတ်တပ်ထရပ်လိုက်ပြီး နောက်ဘက်ဆီကို လှည့်လို့ ညာဘက်လက်ခလယ်ကို အားရပါးရထောင်ပြလိုက်ရင်း အကျယ်ကြီးကို သူအော်ဆဲပေးလိုက်မိတယ်။
အဆဲခံရတဲ့ သကောင့်သားလေးကတော့ မထုံတတ်တေးမျက်နှာထားလေးနဲ့ မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်။
JongInဘေးက သကောင့်သားတစ်ယောက်ကလည်း မျက်လုံးအစုံမှိတ်ချလိုက်ပြီး ခပ်ဖြေးဖြေးခေါင်းငြိမ့်လာတာက အပြစ်လာ၀န်ခံသူတစ်ယောက်ကို ခွင့်လွှတ်ပေးနေတဲ့ ဖာသာတစ်ယောက်လိုလို။
"Byun BaekHyun!!နင် ဒါ ဘာအချိုးချိုးတာလဲ!!??"
အတန်းရှေ့က အင်္ဂလိပ်ဆရာမရဲ့ ဒေါသတကြီး ဆူငေါက်သံကို BaekHyunဖြေရှင်းချက် ပြန်မပေးသေးဘဲ ထောင်ထားတဲ့ လက်ခလယ်ကို JongInမျက်နှာရှေ့ ပိုးတိုးကပ်ပေးလိုက်ရင်း
"ဖတ်မို့လို့ အောက်ကနေငါ့ခုံကို ကန်နေတာလား?"
"Oh Sehunကန်တာ၊အစ်နော့မီ BaekHyun"
JongInရဲ့ အရိုးခံဖြေရှင်းချက်ကြားတော့ နဘေးက Sehunက ဟက်ကနဲထရယ်တယ်။
BaekHyunမျက်လုံတွေက Sehunဆီ ကူးသွားတော့ Sehunက ပခုံးအသာတွန့်ပြလာပြီး.."ဘယ်ကောင့်ကို ယုံလဲ BaekHyun?"
တစ်ယောက်နဲ့တစ်ယောက် ဘောလီဘောပုတ်နေကြတဲ့ ကောင်ဆိုးလေးနှစ်ယောက်ကြောင့် BaekHyunပိုပြီး ဒေါသထွက်လာကာ...
YOU ARE READING
Cover(Unicode/Zawgyi)
Fanfictionနေထိုင်မှုပုံစံတွေရဲ့ မတူညီမှုတွေကို ဖုံးကွယ်ထားတယ်ဆိုရင်တောင် အဆုံးသတ်မှာတော့ မင်းရင်ထဲက ချစ်ခြင်းတရားနဲ့ ငါ့ရင်ထဲက ချစ်ခြင်းတရားတစ်စုံကိုတော့ ထပ်တူကျခွင့်ရချင်တယ်~~~ ChanBaek-Yaoi