-3-(Unicode)

635 93 24
                                    

တုန့်ကနဲ ရပ်သွားတဲ့ ကားအရှိန်နဲ့အတူ ChanYeolရဲ့လက်တွေက တံခါးကို တွန်းဖွင့်ဖို့ အရန်သင့်ဖြစ်ပြီးသား.

"နှုတ်ဆက်စရာမလိုဘူးလား"

တံခါးတွန်းဖွင့်ပြီး မြေပြင်ပေါ် ခြေချမယ်ပြင်ကာမှ ဘေးဘက်ဆီကနေ အမေးစကားဆန်ဆန်နဲ့ အမိန့်သံစကားကြောင့် ChanYeolစက္ကန့်ပိုင်းစာလောက် ငြိမ်ကျသွားပြီးမှ..

"ကောင်းကောင်းသွားပါ Arpugyi "

တုန့်ပြန်စကားကို ကောင်းကောင်းမွန်မွန် ပြန်ကြားရမယ့်အစား "စိတ်တိုင်းကို မကျဘူး" ဆိုတဲ့ ခပ်တိုးတိုး စကားသံကိုပဲ ပြန်ရလာမှာဆိုတာ သူ အစကတည်းက သိပြီးသား.။

ထူးထွေပြီးလည်း ခံစားမနေချင်တော့..

ခပ်မြန်မြန်သာ ကားပေါ်က ဆင်းပြီး ကျောင်းလွယ်အိတ်ကို ပခုံးပေါ် နေရာတကျ လွယ်လိုက်ရင်း ကျောင်း၀န်းကျယ်ထဲကို သွက်သွက်ကလေးလှမ်း၀င်လာမိတဲ့အထိကို Chan သူ့အိမ်ကကားနားမှာ ရပ်မနေချင်တော့။

Parkအိမ်တော်မှာ နေရတာထက်စာရင် ကျောင်းကမှ သူ့အတွက် စိတ်ကျဉ်းကျပ်စရာတွေ နည်းဦးမှာ အသေအချာ။

ကျောင်းဆောင်ဘက်‌ရောက်ဖို့ ဘောလုံးကွင်းဘေးက ပွဲကြည့်စင်လိုလိုလှေကားထစ်တွေပေါ်ကနေ ChanYeol ဖြတ်လျှောက်နေတုန်း....

"Chanyeol oppa."

ရှေ့တည့်တည့်ကနေ ပိတ်ရပ်လာပြီး နုနုညံ့ညံ့ခေါ်လာတဲ့ ကျောင်းသူကို ChanYeol ငြိမ်ငြိမ်လေးရပ်ကြည့်နေမိတယ်။
ကျောင်းသူကတော့ မပွင့်တပွင့်လေးပြုံးပြီး မခို့တရို့ဟန်နဲ့ ကိုယ်ကိုလှုပ်ရမ်းနေပြီး ကိုယ့်ကိုခင်ဟန်ပေါ်တဲ့ မျက်လုံးအကြည့်တွေနဲ့ ကြည့်နေပေမယ့် ChanYeol သူ့ကို မသိဘူး..

နှုတ်နှေးတတ်တဲ့ Chanyeolက ဒီနေရာမှာ "ဘယ်သူလဲ??"ဆိုတဲ့ အမေးကိုလည်း ခပ်မြန်မြန်မထွက်သေးဘဲ ငြိမ်ငြိမ်စိမ်စိမ် ရပ်ကြည့်နေတုန်းပဲ.

ဘာတုန့်ပြန်မှုမှ မရဘဲ အသိစိတ်လွတ်နေသူတစ်ယောက်ပုံစံနဲ့ ကိုယ့်ကို ကြည့်နေတာက ကိုယ့်အလှတွေမှာ မျောပါနေတာမဟုတ်မှန်း ကျောင်းသူက သတိထားမိသွားမှ ကိုယ့်ကိုကိုယ် မိတ်ဆက်ဖို့ ဟန်ပြင်လိုက်ရတော့တယ်။

Cover(Unicode/Zawgyi)Where stories live. Discover now