-4-(uni+zawgyi)

793 136 27
                                    

Unicode

Mrs.Kathyရဲ့ homeworkစာအုပ်တွေကို သူ့ရုံးခန်းထဲကနေ ယူပြီးအပြန် ဒုတိယထပ်‌လှေကားကနေ တတိယထပ်လှေကားကို အတက်မှာပဲ ChanYeolသူ့လက်ထဲ ကိုင်လာတဲ့ စာအုပ်ထပ်ထဲက အပေါ်ဆုံးစာအုပ်ရဲ့ နာမည်ကို ငုံ့ဖတ်လိုက်မိတယ်။

"DoBok??"

ခပ်တိုးတိုးရွတ်လိုက်မိတဲ့ နာမည်နဲ့အတူ နာမည်ရှင်ကိုပါ တပါတည်းတွဲစဉ်းစားလိုက်ပေမယ့် ပုံဖော်မရခဲ့ဘူး...

ChanYeolက အတန်းသားတွေနဲ့ ရင်းနှီးမှုနည်းတဲ့ သူတစ်ယောက်ပဲ..

စဉ်းစားကြည့်လေပေါ်လေဖြစ်မလားဆိုတဲ့ အတွေးလေးနဲ့ ChanYeol စာအုပ်ကိုပဲ ငုံ့ကြည့်ရင်း ဆက်လျှောက်လာမိတာ တတိယထပ်ရောက်တဲ့အထိပဲ..။

ခြေသံခပ်ပြင်းပြင်းတွေ နားထဲကြားလိုက်ရမှ စိတ်နဲ့ကိုယ်ပြန်ကပ်သွားပြီး သူရှေ့တည့်တည့်ကို မော့ကြည့်လိုက်ပေမယ့် ရှောင်ကွင်းဖို့အချိန်မရဘဲ သူ့ဆီတည့်တည့်တိုး၀င်လာတဲ့ ကျောင်းသားတယောက်..

ကိုင်ထားတဲ့ စာအုပ်တထပ်လိုက်ကြီးက လေထဲ ဖွားကနဲ လွင့်ပျံသွားသလို အနှီကျောင်းသားကလည်း အရှိန်ပြင်းပြင်းနဲ့ တိုး၀င်လာတာကြောင့် ChanYeolနောက်ပြန်လှန်ကျတဲ့အထိကို ဖြစ်သွားတယ်။

သံမံတလင်းပြင်နဲ့ ခေါင်း‌ခပ်ပြင်းပြင်းမဆောင့်မိအောင် သတိနဲ့ထိန်းလိုက်နိုင်ပေမယ့် ကျင်ကနဲစူးတက်သွားတဲ့ ရင်ညွန့်နဲ့ အောင့်မျက်သွားတဲ့ ဘယ်ဘက်တံတောင်ဆစ်ကြောင့် ChanYeolမျက်နှာကို ရှုံ့မဲ့ပစ်လိုက်ရတယ်။

နာကျင်မှုကို မျက်လုံးစုံမှိတ်ဖြေဖျောက်နေတုန်း မေးစိဖျားကို လာရိုက်တဲ့ လေပူငွေ့ငွေ့လေးကြောင့် ChanYeolခေါင်းအသာမတ်ကာ မျက်လုံးဖွင့်ကြည့်မိတော့ ကိုယ့်ရင်ဘတ်ပေါ် ကျကျနနနေရာယူထာသူလေးက...ကိုယ် မျက်မှန်းတန်းနေမိတဲ့..

"Byunလေး??"

ကိုယ့်အခေါ်ကြောင့် မျက်မှောင်ကြုတ်သွားသူက သူ့လက်အောက်က နာမည်ကတ်ကို ပြန်ဖတ်ကြည့်ပြီး ခပ်တိုးတိုးခေါ်လာရှာတယ်

"Park ChanYeol"

ကိုယ့်အမည်နာမကို ချစ်စရာကောင်းတဲ့ ကောင်လေးရဲ့ ပါးစပ်ဖျားကနေ တိုးတိုးသာသာလေး‌ ကြားလိုက်ရတာကြောင့် ChanYeolသဘောတကျပြုံးလိုက်မိချိန်မှာပဲ Byunလေးကပါ သူ့ကို ပြန်မော့ကြည့်လာတဲ့အချိန်နဲ့ ကိုက်သွားပေမယ့် ChanYeol သူ့အကြည့်တွေကို Byunလေးဆီကနေ မလွှဲဖြစ်‌လိုက်..

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 05, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Cover(Unicode/Zawgyi)Donde viven las historias. Descúbrelo ahora