part 4

927 127 8
                                    

[Unicode]ဟန်တိုင်းပြည်ဆိုသည်မှာ ခုနှစ်ပြည်ထောင်ထဲတွင်အင်အားအကြီးဆုံးတိုင်းပြည်ကြီးတစ်ခု....မင်းသား ၅ ပါးနှင့် မင်းသမီး ၃ပါးရှိ၏။ ( ဧကရာဇ်က သားသမီးနည်းနည်းပဲရှိတာပါဗျာ) အိမ်ရှေ့စံမင်းသား စန်ကျင့်ခယ် ဟာမင်းသားငါးပါးအနက် သုံးယောက်မြောက်မင်းသားဖြစ်ပြီး မင်းဧကရာဇ်၏အချစ်ဆုံးသားတော်တစ်ပါးဖြစ်၏။ မင်းသား၏မိခင်မှာ ကံတော်ကုန်ခဲ့လေပြီ။ မင်းမိဖုရားဖြစ်လာခဲ့လျှင် အရေးပေးခံရမှသာနန်းတော်အတွင်းသက်သာမည်ဖြစ်ပြီး အကယ်၍ မသိမသာသော လူတစ်ယောက် သာဖြစ်ခဲ့လျှင်တော့ အစေခံကပင် လေးစားမည်မဟုတ်ခဲ့ပေ။

မင်းသား၏ မိခင်မှာမူ မင်းဧကရာဇ်၏ အချစ်မြတ်နိုးရဆုံးမိဖုရားဖြစ်ခဲ့သည်။ သို့သော် နန်းတွင်း၏ ပုံစံအတိုင်းပင် အချစ်မခံ အရေးပေးမခံရလျှင် အောက်ကျသကဲ့သို့ အချစ်ခံအရေးပေးသာခံခဲ့ရလျှင်လည်း အသက်မရှည်သည်မှာထုံးစံပင်....ဤသည်ကား နန်းတွင်း၏ အနောက်ဆောင်၌ဖြစ်လေ့ရှိသော ပြသာနာများသာ......

( နားမလည်ဘူးလားပြောပြမယ်...

ဂရုစိုက်မခံရခြင်း=အစေခံကပင် မရိုသေခြင်း

အချစ်ခံရခြင်း=အစေခံကရိုသေလေးစားခြင်း=အသက်တိုခြင်း or လုပ်ကြံခံရခြင်း

ရှင်းပြီလား ok)

အိမ်ရှေ့စံမင်းသား ၏ ဂုဏ်သတင်း  တို့မှာပန်းရနံ့လိုမွှေးပျံ့လှ၏။ စစ်သူရဲကောင်းကြီး၊ တရားမျှတခြင်း၊ တည်ကြည်ခြင်း၊ စသဖြင့်ပေါ့...အဆိုးဆုံးသတင်းကြီးကား........ရုပ်ရည်ချောမောခြင်းပင်။

ယခုအချိန်တွင်တော့ ပန်းအလှလေးများနတ်မိမယ်လေးများ၏အိမ်မက်မင်းသားကြီး မှာတော့ ယောကျ်ား လေးနှင့်လက်ထပ်ရမည်ဖြစ်သဖြင့်...ပျိုမဒီများအသည်းကွဲကြရလေပြီ။

လီအိမ်တော်ကြီးတွင်မူ လက်ထပ်မှုအားငြင်းဆန်နေသောကောင်လေးတစ်ယောက်နှင့် ထိုကောင်လေးအားကြည့်ကာ ပြုံးနေသောနောက်ထပ်ကောင်လေးတစ်ဦးရှိနေခဲ့သည်။

အနီရောင်များအသုံးပြုထားသောပွဲတော်ကြီးတစ်ခုညနေခင်းအချိန်အခါဖြစ်သော်ငြားလည်းလူများစည်လျက်သာရှိ၏။ ထိုပွဲတွင်လက်ထပ်ကြမည့် စုံတွဲတစ်တွဲလဲရှိသည်။ အစဉ်အလာအတိုင်းပင် မိုးမြေကန့်တော့၊ မိဘ များအားကန်တော့၊ မောင်နှံအချင်းချင်းကန်တော့ကြပြီးနောက်မှာတော့ မင်္ဂလာသေရည်သောက်ကာ သတို့သမီးအား မင်္ဂလာအိပ်ခန်းအတွင်းခေါ်ဆောင်သွားလေသည်။

Fujoshi's birthdays wish ❤(Zawgyi +Unicode) Where stories live. Discover now