part 3

927 127 8
                                    

ဝုန်း...!!!!

*what the....*

အခန်းတံခါးရုတ်တရတ်ပွင့်လာသောကြောင့် အခန်းထဲက လူများလန့်သွား၏။ထိုထဲတွင် အဆိုးဆုံးကား......

" ဘယ်သူလဲဟ...အချိန်ကောင်းကိုနှောင့်ယှက်တာ"

ထိုသူမှာကား သေချာပေါက်ကိုလီရှန့်မင်ပါတည့်။

"သခင်လေး..မိန့်အာတို့ပြန်မှရမယ် နောက်ကျနေပြီ"

မိန့်အာတစ်ယောက်ပြောလဲပြောဆွဲလဲဆွဲ ဖြင့်ရုန်းရင်းဆန်ခတ်ဖြစ်နေ၏။

"နေ..နေ...နေပါဦး ဟဘာကိုနောက်ကျနေတာတုန်း.."

မိန့်အာလေးခဗျာအံ့သြလွန်းလို့ မဟာနှဖူးပြင်အား ရွှေလက်တော်ဖြင့် ဖြန်းခနဲနေအောင်သာရိုက်လိုက်ပါတော့သည်။

(Mm- ဟဲ့ နင့်ဟာကလဲ နန်းဆန်နေသေးတယ်

Me- this is my style)

"သခင်လေးရယ် ဒီနေ့ညနေမှာအရေးပြီးကိစ္စရှိပါတယ်လို့မိန့်အာပြောလဲ့ပါရောလား..."

ထိုအခါမှသာ ရှန့်အာတစ်ယောက် ' သြော် ' ဟုသာပြောတော့သည်။ သို့သော်လည်း...

"အစောကြီး ရှိပါသေးတယ်ဟ "

"မစောဘူးလုံးဝမစောပါဘူးနော်...ခုသွားမှမီမှာသခင်လေးရဲ့"

သို့နှင့် မိန့်အာလေးဆွဲရာနောက်သို့ ကျွန်မတို့၏ မိုးမေ ခေါ် ရှန့်အာမှာ မလိုက်ချင်လိုက်ချင်နှင့်လိုက်သွားရ၏။ အသွားတုန်းကထက်မြန်စွာပဲပြန်ရောက်ရသဖြင့် ရှန့်အာ အံ့သြရပြန်သည်။ အသွားတုန်းက ဆယ့်ငါးမိနစ်ခန့်ကြာသော်လည်း အခုမှာတော့ဆယ်မိနစ်သာသာ ပဲကြာလေသည်။ ထို့ထက်အံ့သြရသည်မှာ အိမ်တော်အဝင်ဝရှိ လှည်းတန်းသာ ရိုးရိုးမဟုတ် သတို့သမီးခေါ်ဆောင်သောလှည်းတန်းကြီးသာ.....

လီရှန့်မင် မိန့်အာအားလှည့်ကြည့်လိုက်၏။ မျက်ဝန်းတွင်လည်းမျက်ရည်များရစ်သိုင်းစွာ.....

မိန့်အားစိတ်ထဲတွင်တော့ ထိုပုံစံအားမြင်ပြီး သူမ၏သခင်လေးသည် ထိုကိစ္စအားသိနှင့်ခဲ့ပြီးမသိချင်ယောင်ဆောင်ကာ ပျော်အောင်နေခဲ့သည်ဟုတွေးမိကာ အလွန်မှဝမ်းနည်းသွားရ၏။

Fujoshi's birthdays wish ❤(Zawgyi +Unicode) Donde viven las historias. Descúbrelo ahora