part 11

673 108 7
                                    

Unicode

အင်း.....
ညည်းညူသံလေးသာထုတ်ပြီးတစ်ဖက်လှည့်ကာအိပ်သွားပါသောကိုယ်တော့ရဲ့ကလေးလေး.....ကျင့်ခယ်ရင်ခွင်ထဲကလူသားလေးအားကြည့်မိသည်။ရုတ်တရတ်သူသတိထားမိသွားသည်။သလွင်ရဲ့ထောင့်နားကအဝတ်ပုံကြီးကို..(ကိုယ့်ညီမအတိုင်းပဲအဝတ်ပုံကြီး🤣🤣)သူကြင်ယာတော်လေးအားအသာချကာထိုအဝတ်ပုံအားယူကြည့်လိုက်သည်။သေချာဖြန့်ကြည့်သောအခါတစ်ချို့မှာလက်အတိုအကပ်နှင့်ခါးပြတ်အကျီများ...ပိုးထည်စနှစ်စမှာတော့လည်ပင်းပိတ်နဲ့လက်အရှည်အကပ်အခွဲကြီးနှင့်မိန်းမပျိုများအဆင်နှင့်ခပ်ဆက်ဆင်သူနားမလည်ချေ။ဒါဘာတွေလဲ။ထိုစဉ်မှာပဲသူ၏အသည်းအသက်လေးနိုးထလာလေပြီ။

(မနက်နဲ့ညမှားနေသောချိမကြီး🤣🤣)

"ယောကျာ်း အရှင်ကြီး...ဘာလုပ်နေတာလဲ"

မျက်လုံးမှားအားစုံပွတ်ကာနိုးထလာသောသူ၏ကြင်ယာတော်လေးအားကြည့်ကာသူ့မှာအသည်းတယားယားရှိလှ၏။

"လာပါဦး....ဒါတွေကဘာတွေလဲကြင်ယာတော်လေး"

"Stop! ရှန့်လို့ပဲခေါ်ကြင်ယာတော်ကရှည်လွန်းတယ်"
ရှန့်အာတစ်ယောက်ကတော့ဒေါပွလေပြီ။အိပ်ယာထခါစလူတိုင်းပင်သိပါသည်။ထိုသို့လာပြီးပွမ်နေလျှင်စိတ်တိုလာသည်ကို...

"အင်းပါကိုယ်တော့်ကိုပြောပါဦးဒါတွေက"

အခုပုံစံကိုပြောရရင်ရှန့်အာမှာမင်းကြီး၏အရှေ့တွင်ထိုင်နေတာဖြစ်ပြီးသူတို့နှစ်ဦးလုံးမှာသလွင်ပေါ်တွင်သာ...

"အဲ့ဒါလားနေနေ...ဝတ်ပြမယ်"

လက်ထဲရှိအဝတ်များအားဆွဲယူသွားကာ...ရေချိုးဆောင်ထဲဝင်သွားသောသူလေးအားကျင့်ခယ်နားလည်ဖို့ကြိုးစားနေရသည်မှာခက်ခဲပေသည်။တိုင်းပြည်ရေးတွေဆွေးနွေးဆုံးဖြတ်ရသည်ထက်သူ့ကြင်ယာလေး၏စကားများအားနားလည်ဖို့ကြိုးစားရသည်မှာပိုခက်နေသယောင်ယောင်.....

သူမရတော့...စိတ်ထဲတွင်ကလိကလိသာဖြစ်လာသည်။အကြောင်းကားသူ့ရှေ့မှလူသားလေးကြောင့်...

ရှန့်အာတစ်ယောက်မိမိချုပ်ထားသောလက်ပြတ်လေးတစ်ထည်ကိုဝတ်လိုက်သည်။ချည်ထည်ပြာလွင်လွငလေးဖြစ်ပြီးအောက်တွင်တော့ဝတ်နေကျတရုတ်ရိုးရာအထည်သာ...ရိုးရိုးလေးသာ(ဒါကတော်တော်များများသိမယ်ထင်တယ်...တရုတ်ဝတ်စားပုံတွေကြည့်တဲ့သူဆိုမြင်ယောင်တတ်မှာပါ)

Fujoshi's birthdays wish ❤(Zawgyi +Unicode) Where stories live. Discover now