part 30(final)

612 52 8
                                    

Unicode

ပွဲတော်ရက်

နန်းတော်တစ်ခွင်လူသူအကုန်အလုပ်ရှုပ်နေကြတော့တယ်..။ကြိုဆိုပွဲအတွက် အစားအသောက်နဲ့အပြင်အဆင်တွေကအစ အသေအချာပြင်ဆင်နေကြတယ်..။ တစ်ယောက်တည်းသောသူကသာ သူ့ဆီမှာလာရှုပ်နေလေရဲ့...။

"မင်းသမီး...အဆောင်ပြန်ပါတော့"

ကျင့်မင်လည်းတကယ်စိတ်ရှည်နေလေပြီ။ မိုးလင်းကတည်းက ဒုက္ခလာပေးနေလေသောမင်းသမီးကို ဖင်ကိုလှန်ရိုက်ပြီးသာ ဆုံးမလိုက်ချင်တော့တယ်။

"ကျင့်မင်....နင်ဘယ်လိုဖြစ်နေတာလည်း ပြန်မှာပေါ့"

မရသည့်အဆုံး ကျင့်မင်တစ်ယောက် ကိုယ်ရံတော်ကိုမျက်စပစ်ပြလို့ မင်းသမီးကိုခေါ်သွားခိုင်းလိုက်တော့သည်။ မင်းသမီးပြန်သွားပြီးနောက် ကျင့်မင်သည် အနီရင့်နှင့် ငွေဖြူရောင်ဖြင့်ချုပ်လုပ်ထားတဲ့ ဝတ်စုံလေးကိုကိုင်ကြည့်ရင်း မျက်ရည်ကျမိသည်။

နေဝင်သွားပြီးနောက် ပွဲတော်မှာအသက်ဝင်လာချေပြီ..။မလုံတလုံဝတ်ဆင်ထားသော ကချေသည်များသည် ပွဲတော်ခန်းမအလယ်၌ ကကြိုးဆင်လို့ဖျော်ဖြေနေပြီး မှူးမတ်အပေါင်းဟာ သေရည်သောက်လို့ ရှု့စားနေကြသည်။ ကျင့်မင်တစ်ယောက် ကြင်ယာတော်မျောက်လောင်းကို မျှော်နေသော်လည်း ရောက်မလာသေး။ထိုစဉ်ပွဲထဲသို့ အလှပဂေးလေးတစ်ဦးဝင်လာခဲ့သည်။အနီရင့်ရောင် ဝတ်စုံပေါ်မှာ ရွှေရောင်ကနုတ်တွေဆင်ထားပြီး အနက်ဖျော့ဖျော့အပါးလေးတစ်ထည်ထပ်ထားပြီး ငွေဖြူရောင်အပေါ်ထပ်ကိုဝတ်ထားသည်။ မျက်နှာတစ်ဝက်ကို အနီရောင်ပုဝါပါးနှင့်အုပ်ထားပြီ ပုတုံးရောင်ဆံနွယ်နက်လေးတွေကို တစ်ဝက်ကိုမင်းသမီးအဆင်တန်ဆာများဖြင့်ထုံးဖွဲ့ထားပြီးတစ်ဝက်ကိုကျောပြင်ထက်ချထားလေသည်။ သူမသည်ထန်းမင်းကြီးအားဂါဝရပြုပြီး သူမအတွက်သတ်မှတ်ထားတဲ့နေရာမှာ နေရာယူလေသည်။

ကျင့်မင်သိလိုက်သည် သူမသည် ထန်းမင်းကြီး၏ရင်နင့်သည်းချာ ညီမတော်မင်းသမီးပါတည့်။ သူလက်ရှိစိတ်ဝင်စားနေသည်မှာ အဆော့မက်တဲ့ကောင်လေးကိုပင် သို့သော်ထိုကောင်လေးရောက်မလာသေးချေ။ ထိုစဉ် ထန်းမင်းကြီးမှ

Fujoshi's birthdays wish ❤(Zawgyi +Unicode) Donde viven las historias. Descúbrelo ahora