part-6

41 2 0
                                    

Love you so much(unicode)
Part -6


ဒီလိုနဲ့အချိန်တွေကုန်လာသည်မှာ သူတို့တောင်ခုဆို
တက္ကသိုလ် နောက်ဆုံးနှစ်တောင်ပြီးဆုံးတော့မည်ပဲ။
တစ်စတစ်စနဲ့ ရစ်ပတ်လာသောသံယောဇဉ်နှင့်
Jong kookရဲ့စိတ်ရင်းကို Jihyoတဖြည်းဖြည်းရိပ်မိ
သိရှိလာခဲ့သည်။ ဒါပေမယ့် ဘာ့ကြောင့်ဒါကိုဖွင့်မ
ပြောတာလည်းတော့ စဉ်းစားမရခဲ့လေ။ နင်ငါ့ကိုချစ်
နေတယ်လို့ ငါသိနေသလိုပဲ။ နင်ဘာလို့ဖွင့်မပြောခဲ့
တာလဲဟု ရင်ထဲမှ တိုးတိတ်စွာမေးနေမိသည်။
ခုလည်းကြည့် ။ဘွဲ့ယူဖို့အတွက်ကြိုတင် rehearsal
နေ့မှာ ခဏနားချိန်ရောက်တော့ သူ့အတွက် ရေခဲမုန့်
🍧နဲ့ စပျစ်သီးတွေ၀ယ်လာပေးလေသည်။🍇🍇
Jong kook: နင်မောနေပြီလား ရော့ရေခဲမုန်နဲ့စပျစ်
Jihyo:မောပါဘူးဟ နင်ကလည်း နင်လည်းစားလေ
Jong kook:omm ဒီမှာငါ့ဖို့သက်သက်ပါတယ်လေ
ဒါနဲ့ နင်ဘာလုပ်နေတာလဲ
Jihyo: လက်သည်းနီဆိုးနေတာလေ မနက်ဖြန်
ဘွဲ့ယူရမှာဆိုတော့ ရှိုးထုတ်ကြည့်မလို့
Jong kook: ဟာ နင်ဆိုးနေတာကလည်း ဘေးတွေ
ပါပေကျန်ကုန်ပြီ သေချာဆိုးလေ
Jihyo: ပြီးမှ ပြန်ဖျတ်မယ်ဟာ ဆိုးမှမဆိုးတတ်ဘဲ
Jong kook: လာခဲ့ ငါဆိုးပေးမယ်
Jihyo: နင်ဆိုးတတ်လို့လား
Jihyo စကားမဆုံးသေးခင် လက်သည်းနီဘူးက
Jong kookလက်ထဲမှာ။ jihyo'sလက်ကလေးကို
ကိုင်လိုက်ရင်း  လက်သည်းလေးပေါ် သေသေချာချာ သပ်သပ်ရပ်ရပ်လေးဆ်ိုးပေးနေလေသည်။💅💅
Jihyo: နင် လက်သည်းနီဆိုးတာငါ့ထပ်သာတယ်
😄😄 တကယ်သပ်သပ်ရပ်ရပ်လေး😀😀
မှန်မှန်ပြော ဘယ်ကောင်မလေးကိုဆိုးပေးဖူးလဲ
Jong kook: အမှန်အတိုင်းပြောရရင် ကောင်မလေး
နှစ်ယောက်ကို  ဆိုးတော့ဆိုးပေးဖူးတယ်ဟ😝
Jihyo မျက်နှာလေးပျက်သွားရင်း ဟုတ်လား
ဘယ်သူတွေလဲ ဘယ်ကလဲ(သ၀န်တိုပြီလေ😂)
Jong kookက လက်သည်းနီငုံ့ဆိုးပေးနေတာမို့
Jihyo မျက်နှာပျက်သွားတာကိုမမြင်လိုက်။
Jong kook: ပြောပြရမလား(သူစနေတာ😝😝)
Jihyo: omm ပြောပြ
Jong kook: ပြောပြရင် ကောင်းမလား
Jihyo: arr ပြောပါဆို့
Jong kook: ဟဲဟဲ နင်နဲ့ ငါ့အမေလေ ငါ့အမေကို
တစ်ခါတစ်ရံ ငါဆိုးပေးနေတာ ပြီးတော့နင့်ကိုလည်း
အရင်တွေ ဆိုးပေးဖူးတယ်လေ
Jihyo ရယ်လိုက်ရင်း ကောင်စုတ် ဘာလေးမှန်း
လည်းမသိဘူး ငါကတကယ်မှတ်နေတာ
Jong kook: ကဲပြီးပြီ ဘယ်လိုလဲ လှလား
Jihyo: omm လှတယ် ငါ့ထက်အများကြီးသာတယ်
Jong kook: အေးပါ နင်ကြိုက်ရင်ပြီးတာပဲ
ရေခဲမုန့်စားဦးလေ ပျော်ကျသွားဦးမယ်
Jihyo: omm စားနေတယ်လေ အစားကတော့တိုက်တွန်းစရာမလိုဘူး 😂 ဘာလိုလိုနဲ့တို့ဘွဲ့ရပြီနော်
Jong kook: ommပါ နင့်အကြောင်းသိပါတယ်
ဟုတ်ပ သိပ်မကြာလိုက်သလိုပဲ နေဦး နင့်ပါးစပ်မှာ
သူ tissueလေးနဲ့ အသာသုတ်ပေးလိုက်ရင်း
Jong kook: နင်ဟာလေ တကယ့်ကလေးလေးပဲ
စားလိုက်တာများ ပေသွားပြီ😂
Jihyo: ပေပေပေါ့ ပေတော့ဘာဖြစ်လဲ😛
Jong kook: ဟုတ်ကဲ့ခင်ဗျ မပြောတော့ပါဘူးနော်
Jihyo: အဲ့လိုလိမ္မာစမ်းပါ ကျားကြီးရာ 😝😝😝

love you so much (unicode+Zawgyi)Where stories live. Discover now