part -13

34 2 0
                                    

Love you so much(unicode)
Part -13


ဒေါက် ဒေါက် jong kookရေ jong kook ha haရေ
တံခါးခေါက်သံနှင့်အတူ ခေါ်သံကြောင့် အိပ်မပျော်သေးသော jong kookထလာရင်း တံခါးကို တမန်းကတန်း
ဖွင့်ကာ Byul ဘာလဲ Jihyo နေမကောင်းလို့လား
သူအမောတကောမေးလိုက်သည်။
Byul: omm အသားတွေလည်း အရမ်းပူနေပြီး
တဟင်းဟင်းနဲ့ငြီးနေတယ် အဲ့ဒါ
Jong kook:  ဒီhotelက doctor ကိုခေါ်ခိုင်းလေ
အောက်ကဝန်ထမ်းဆီဖုန်းဆက်ပြီးခိုင်းလေ
Byul: ၀န်ထမ်းဆီဆက်ဖို့ပေးထားတဲ့ ph noစာရွက်
ပျောက်သွားလို့ဟ အခန်းထဲမှာသူတစ်ယောက်တည်း
ဆိုတော့ အောက်ထပ်ကိုဆင်းပြီးပြောဖို့လည်း မလွယ်
ဘူးလေ အဲ့ဒါ IUတို့ဆီသွားတော့လည်း
ဘယ်လိုမှနှိုးမရဘူး ခုမှည8နာရီရှိသေးတာကို
Jong kook: ဖြစ်ရမယ် ခရီးပန်းလာတာမို့ထင်တယ်
ဒါဆို ငါ့ဆီမှာ၀န်ထမ်းဆီဆက်ဖို့ ph noရှိတယ်
နင်အရင်ပြန်နှင့်လေ ဟိုမှာ  Jihyo တစ်ယောက်တည်းမဟုတ်လား ပြီးမှ ငါလာခဲ့ပေးမယ် ခုတော့
Doctor ခေါ်ဖို့ဖုန်းဆက်လိုက်ဦးမယ်
ပြောရင်း ၀န်ထမ်းဆီသူဖုန်းဆက်လိုက်သည်။
ထိုစဉ် အိပ်နေသောha haနိုးလာပြီး
Ha ha: အင် byulပါလား ဘာလို့လဲ
Jong kook: Jihyo အရမ်းဖျားနေလို့တဲ့ ခုdoctor
ခေါ်ထားတယ် ငါခဏသွားပေးလိုက်ဦးမယ် သူတို့က
လူမမာပြုစုတာလည်း ဘာမှလုပ်တတ်မှာမဟုတ်ဘူး
Ha ha: ဟာ ဒါဆို ငါပါလိုက်မယ်လေ
Jong kook: ဒါဆို မြန်မြန်လာ
ထင်တဲ့အတ်ိုင်းပါ။ jong kookရောက်သွားတော့
Jihyo အနားမှာ ဒီအတိုင်းပဲ မအူမလည်နဲ့ ငုတ်တုတ်လေးထိုင်ကြည့်နေသောByul
Jong kookက Jihyo's နဖူးလေးကို အသာစမ်းရင်း
Byul ရေ ရော့ ဟော့ဒီက မျက်နှာသုတ်ကိုရေများများလောင်းပြီး ရေပြန်ညှစ်လာခဲ့ မြန်မြန်လေးနော်
Byul ခေါင်းလေးအသာညှိမ့်ရင်း သူပြောသလိုယူလာတော့ Jihyo's နဖူးလေးပေါ်ကို အသာတင်ပေးလိုက်
ပြီး လက်ဖျားလေးတွေကို ကိုင်လိုက်တော့ လက်ဖျား
တွေကအေးစက်နေသည်။
Jong kook: သူအရမ်းဖျားနေတာပဲ ညနေက
ဖြစ်ဖြစ်ချင်း ဆေးမထိုးဘူးလား
Byul:omm သူညနေကဆေးမထိုးဘူး
Jong kook: နင်က သေချာခေါ်သွားရမှာပေါ့
Byul: သူကပြောလို့မှမရတာ နင်သိသားနဲ့ကို
Jong kook: ဘာပဲဖြစ်ဖြစ် နင်ကသေချာ
Ha ha: ကဲပါ ရန်ဖြစ်မနေကြပါနဲ့
Jong kook: အေးပါ ငါစိတ်ပူသွားလို့ပါ
ထိုစဉ် doctor ရောက်လာပြီး Jihyo ကို အပူချိန်တိုင်း
ကာ သွေးပေါင်ချိန်ကြည့်ပြီး
Doctor:omm သွေးပေါင်ကပုံမှန်ပါပဲ အဖျားတော့
ရှိနေတယ် 102တောင်မှပဲ ခုအဖျားပျက်ဆေးထိုး
လိုက်တယ် ခုလို ရေအေး၀တ်တ်ိုက်ပေးလို့
ရပါတယ် အရမ်းစိုးရိမ်စရာမရှိပါဘူး
် ဒီမှာ သောက်ဆေး မနက်ကျအစာစားပြီး
တိုက်လိုက်ပေါ့ နေ့လယ်ဘက်ကျထပ်လာခဲ့ပါမယ်
Jong kook: ဟုတ်ကဲ့ပါdoctor ကျေးဇူးပါပဲ
Doctor ပြန်သွားတော့
Jong kook: ကဲ ဒါဆို ငါတို့ဒီအခန်းအပြင်မှာစောင့်
ပေးမယ်လေ နင်က သူ့အနားမှာစောင့်ရင်း အကြောင်း
ထူးရင် လှမ်းပြောလိုက် ဟုတ်လား
Ha ha:ဖြစ်ပါ့မလား သူ့အကြောင်းငါသိတယ်
သူကြည့်တတ်မှာမဟုတ်ဘူး
Byul: ဟုတ်တယ်ဟ ငါလည်းအိပ်ပျော်မှာမဟုတ်
ဘူး နင်တို့လည်းဒီမှာစကားပြောရင်းအတူစောင့်ပေး
Jong kook: မသင့်ဘူးထင်တယ်နော်
Ha ha:မင်းက တစ်မျိုး ဘာလို့မသင့်ရမှာလဲ လူမမာ
အတူစောင့်တာပဲဟာ jihyoနဲ့ byulကငါတို့အခင်ဆုံး
သူငယ်ချင်းလေ ပြီးတော့ ငါ့ချစ်သူ ငါလည်းအတူ
ရှိနေမှာပဲဟာ ဘယ်သူကဘာပြောမှာလဲ

love you so much (unicode+Zawgyi)Tempat cerita menjadi hidup. Temukan sekarang