part -14

35 2 0
                                    

Love you so much(Zawgyi)
Part -14


သူတို့စကားပြောနေကြစဉ်Doctor ရောက်လာတာမို့
အခန်းသို့ပြန်၀င်ကြပြီး doctorက Jihyoကို ကိုယ်
ပူချိန်တိုင်းထားပြီး သွေးပေါင်ချိန်သည်။
Doctor: သွေးပေါင်ချိန်လည်းပုံမှန်ပဲ အံ့ဩစရာပဲ
မနေ့ကအရမ်းဖျားနေတာဆိုတော့ ခုမနက်သိပ်မကောင်းသေးဘူးထင်နေတာ ခုတော့ အဖျားလည်း လုံး၀မရှိတော့ဘူး 98°C တဲ့ normal ဖြစ်သွားပြီ ပြုစုတဲ့သူ
တော်တယ်ထင်တယ်ဗျ နော ဆေးမထိုးတော့ပါဘူး
သောက်ဆေးပဲပေးခဲ့မယ် သက်သာသွားမှာပါ
မကောင်းရင်အချိန်မရွေး လှမ်းပြောပေါ့ဟုတ်လား
Jihyo: ဟုတ်ကဲ့ပါdoctor ကျေးဇူးပါ

နေ့လယ်စာကိုအားလုံးအဖွဲ့လိုက်အတူတပျော်တပါး
ကြီးဝိုင်းဖွဲ့စားကြသည်။ စားပြီးချိန်မှာ
jong kook: ကဲ ဆေးသောက်ဖို့ပဲလိုတော့တယ်
ရော့ ဒီမှာဆေး ဟောဒီမှာမုန့်နဲ့ရေသန့်
Jihyo: ခုသောက်ရမှာလား အဟီး
Jong kook: ဟုတ်တယ်လေ ခုကိုသောက်ရမှာ
ငါ့ရှေ့မှာသောက် အဲ ဖွတ်ပြီးထွေးဖို့မကြိုးစားနဲ့
Jihyo: ဟွန်း appaနဲ့ ommaတောင်အဲ့လိုဟုတ်ဘူး
တော်ကြာမှသောက်မယ်လေ နော် ခုမှစားပြီးတာ
Jong kook: arr မရဘူး နင်ကမလွယ်ဘူး
မနေ့ကဆေးထိုးပါဆိုတာ ဆေးမထိုးတော့ပိုဖြစ်တာပေါ့
Jihyo ဆူအောင့်အောင့်လေးလုပ်ရင်း ဆေးကိုသောက်လိုက်ပြီး မုန့်ကိုအတင်းရေနဲ့မျှောလိုက်သည်။
သူတို့နှစ်ယောက်ကိုကြည့်ပြီး ကျန်တဲ့လူတွေက
တစ်ယောက်ကိုတစ်ယောက် လက်တို့လိုက် မျက်စ
ပစ်လိုက်နဲ့ စပ်ဖြီးဖြီးလုပ်နေကြလေသည်။
Jong kook:ဒီလိုမှပေါ့ အရမ်းခါးနေလား
Jihyo: omm မတရားကြီးခါးတာ
Jong kook: အေးပါ ခုခဏလေးပါ ကောင်းသွားရင်မသောက်ရတော့ဘူး ဟုတ်လား
Jihyo: ommပါ  ခုညနေဟိုဘက်ကမ်းသွားရအောင်
Jong kook: no no မဖြစ်ဘူး  ဟိုဘက်ကမ်းကိုသွားရင်
စက်လှေစီးရမှာ ရေစိုနေမယ် နောက်နေ့မှ
Jihyo: ဟာ နင်ကလည်း တကယ်ပဲ
Jong kook:ဒါဆို  ဒီလိုလုပ် ညနေကျရင် ကမ်းခြေမှာ  စက်ဘီးလျှောက်စီးမယ်လေ ကဲ ဘယ်လိုလဲ
Jihyo သူ့စကားကို ဘာမှအငြင်းလိုက်။

ညနေပိုင်းမှာတော့ သူတို့အဖွဲ့နှစ်ယောက်စီ ကမ်းခြေမှာ
စက်ဘီးလေးတွေလျှောက်စီးဖြစ်ကြသည်။ တိုက်ခတ်နေသောလေနုအေးလေးနှင့်အတူ စိတ်တွေလည်း
လွတ်လပ်လန်းဆန်းနေလေသည်။ ကမ်းခြေနားမှ
ချယ်ရီပန်းရနံ့ ခရေပန်းရနံ့တို့ကလည်း ကြိုင်သင်းနေ
လေသည်။ ပျားပိတုန်းလေးများကလည်း ဝဲခိုလျှက်။
လေအဝေ့မှာတဖြုတ်ဖြုတ်ကြွေကျလာသော ခရေပန်း
လေးများကလည်း တစ်မျိုးလေးဆွဲဆောင်နေပြန်သည်။
ဥဩငှက်ကလေးကလည်း ကမ်းခြေနားမှလူတစ်စုရဲ့အော်ဟစ်ဆော့ကစားနေတဲ့အသံကို အံတုရင်း
ချိုသာသောတေးလေးကိုသီကျူးနေပြန်သည်။
ဒီလိုသာယာလွန်းတဲ့နေရာမှာ လှပလွန်းတဲ့ဆည်း
ဆာချိန်လေးမှာ စက်ဘီးစီးရတာ တကယ်ပျော်စရာ။
လှပလွန်တဲ့သဘာ၀ရှုခင်းတွေကြောင့် Jihyo တေးသီချင်းလေးတစ်ပုဒ်ကို ခပ်တိုးတိုးငြီးနေမိလေသည်။ သူတို့လိုပဲ အခြားသူများလည်းခုလို
သဘာ၀အလှမှာ ပျှော်ရွှင်ကြည်နူးနေကြပုံပါ။ကြည့်
လေ။ဟားဟားတို့ အတွဲဆီမှ တခစ်ခစ်ရယ်သံလေး
များပင် တစ်ချက်တစ်ချက် လေနဲ့အတူပျံ့လွင့်လာသည်။ ကမ်းခြေတစ်နေရာအရောက် အအေးဆိုင်တစ်ခု
ရှေ့နားမှာ စက်ဘီးလေးတွေကိုယ်စီရပ်ရင်း
တတ်ကြွတဲ့ခြေလှမ်းများနှင့်အတူ အအေးဆိုင်တွင်းသို့
Kwang soo: ဘာသောက်ကြမလဲ ငါကအုန်းစိမ်းရည်
Byul: ဖာလူဒါအေးအေးလေးတစ်ခွက်
Gary: ငါ့အတွက်ကိုလည်း အုန်းစိမ်းရည်
Lizzy : IUလည်းအုန်းစိမ်းရည်ပဲ
Jihyo :ငါက ဖာလူဒါသောက်မယ်
Jong kook: yarrr မဖြစ်ဘူး နင်ဖာလူဒါမသောက်နဲ့ဦး
ခုနေ့မှ အဖျားပြတ်တာကို အခြားဟာမှာ
Jihyo: နင်ကလည်း ဘာမှမဖြစ်ပါဘူးဟ
Jong kook:မနက်ဖြန်တော့ ငါ၀ယ်ပေးမယ်လေ
ခုတော့ မသောက်နဲ့ဦးဟာ ငါလည်းမသောက်ဘူးလေ
Jihyo: omm ပြီးတာပဲ နောက်နေ့ကျ၀ယ်တိုက်နော်
နင်ကသောက်ပါ ငါက pineapple ဖျော်ရည်
Jong kook:လိမ္မာလိုက်တာ ငါကအုန်းသီးကို
မကြိုက်တာ ငါက plumဖျော်ရည်
သူတို့အဖွဲ့ မှာလိုက်ကြပြီး အားလုံးကမောလာကြတာမို့
ရောက်ပြီးမကြာမီပဲ အအေးအားလုံးကုန်သွားကြသည်။
Gary: အားပါး ခုမှအမောပြေသွားတယ်
Kwang soo:ဒါဆို ငွေရှင်းပြီးဆက်ကြစို့ let's go

love you so much (unicode+Zawgyi)Where stories live. Discover now