" TaeHyung-ah မင်းကိုငါနဲ့သူငယ်ချင်းမဖြစ်စေချင်ဘူး...."
"လာပြန်ပြီလား ဒီစကား...ငါမကြိုက်ဘူးလို့ပြောထားတယ်နော် JiMin..."
" ငါတကယ်ပြောနေတာ မင်းအခုလိုငါ့အတွက်နဲ့ ရန်ခဏခဏဖြစ်ပေးနေတာကိုလဲ ငါသဘောမကျဘူး...ငါ့ကြောင့်မင်းဒုက္ခရောက်နေတာကိုလဲ ငါမကြည့်ရက်ဘူး ..ငါမင်းကိုခင်ပါတယ်..အဲ့တာကြောင့် ငါ့အတွက်နဲ့ရန်မဖြစ်ပါနဲ့ ..အထူးသဖြင့် Jeon JungKook နဲ့..."
" JiMin-ah ငါပြောတာသေချာနားထောင် ငါမင်းဘေးမှာရှိနေသ၍ အဲ့ကောင်မင်းကို ဘာမှမလုပ်စေရဘူး...အဲ့တော့ ငါ့နားမှာပဲနေပါ..ငါမင်းကို ကာကွယ်ပေးမယ်...အဲ့တော့ ငါ့ကိုဒီစကားတွေထပ်မပြောပါနဲ့ ..ငါမကြိုက်ဘူး.."
"ဒါပေမယ့် TaeHyung-ah ...."
"တော်တော့ Park JiMin ...မင်းဒီစကားတွေထပ်ပြောနေမယ်ဆို ငါမင်းကိုနမ်းမိလိမ့်မယ်..."
ကျွန်တော်အဲ့လိုပြောတော့ မျက်လုံးလေးတွေပိတ်သွားတဲ့အထိရယ်နေတဲ့ အပြူံးလေး ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး လှလိုက်တာသိပ်ကိုလှတယ် သူအဲ့လိုလေးအမြဲပျော်အောင်လုပ်ပေးချင်တယ်...အဲ့အပြုံးလေးက ကျွန်တော် သူ့နားမှာကာကွယ်ပေးရမယ်ဆိုတာ ပိုသေချာသွားသလိုပဲ...
"ဟား ဟား မင်းဒီလိုအချိန်မှာနောက်နိုင်သေးတယ်နော်...အား ရယ်လိုက်ရတာ ဗိုက်တောင်နာတယ်..."
" JiMin-ah အဲ့လိုလေးပဲ နေစမ်းပါ...အမြဲတမ်းမှုန်ကုပ်ကုပ်နဲ့ မနေပါနဲ့....ငါမင်းကို ဒီလိုအမြဲနေနိုင်အောင် ထားပေးမယ်စိတ်ချ..."
"ဟို ဟိုဟာ ဆင်းရအောင်လေ ...နောက်ဆုံးအချိန်စတော့မယ်...."
**************************************
"JiMin-ah တတ် ငါလိုက်ပို့မယ်.."
"အာ နေပါစေ..နေ့တိုင်းကြီးကြတော့အားနာလို့..."
"Yahhh Park JiMin..မင်းကိုငါအဲ့လိုတွေမပြောနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ...လာ တတ်..."
"ဒါပေမယ့် TaeHyung-ah"
"ဒါပေမယ့် မနေနဲ့...တတ်..နောက်နေ့ကစပြီး ငါနဲ့တူတူလာ တူတူပြန် လမ်းလဲကြုံနေတာပဲ...."
ထိုသို့ ကျောင်းရှေ့ကနေ JiMin အိမ်ရောက်လို့ ဆင်းတဲ့အချိန်ထိ သူ့တို့ကားအနောက်က ကားတစ်စီးလိုက်လာသည်ကို သိပုံမရ...