နောက်နေ့မနက်ရောက်တော့....
JiMin - ကိုကို Bae ကျောင်းသွားတော့မယ်နော် တာ့တာ...
JungKook - Bae လာပါဦး ဒီကို...." JiMinလေးကို သူ့ပေါင်ပေါ်ထိုင်စေကာ အနမ်းတို့ချွေချလိုက်တယ် ပြီးနောက် တင်းကြပ်စွာဖတ်ထားလိုက်ပြီး...
JungKook - ကိုစိတ်ချမယ်နော်....အရေးကြီးဆုံးကနေမကောင်းမဖြစ်စေနဲ့...
JiMin - ဟင် ဘာစကားကြီးလဲ...
JungKook - နေမကောင်းမဖြစ်လာနဲ့လို့ ကျောင်းမှာဂရုစိုက်လို့ပြောတာ...ကယ် သွားတော့ ကိုကိုလဲသွားရတော့မယ်...
JiMin - အင်း တာ့တာ ကိုကို...
JungKook - Bae .....အရမ်းချစ်တယ်
JiMin - အင်း Bae လဲအရမ်းချစ်တယ်..." ဟုဆိုကာ ကျောင်းကိုထွက်သွားတဲ့ သူကလေးလေး အခုပြုလိုက်ရတဲ့ ဒီအနမ်း ဒီအပြုံး ဒီချစ်တယ်ဆိုတဲ့ စကားလေးက နောက်ဆုံးအရာတွေဆိုတာ JiMin သိခဲ့မယ်ဆိုရင်......
JiMin တို့ကျောင်းကိုထွက်သွားတဲ့နောက် မြိုသိပ်ထားရသမျှ မျက်ရည်တွေမတားစီးနိုင်တော့ပါ.....ဝမ်းနည်းတယ်ဆိုတာထက်ကိုပိုပြီး နာကျင်ရလို့ အခန်းလေးထဲမှာ ဒူးထောက်လျှက်သား ရင်ဘတ်ကိုဆုတ်ကိုင်ကာ အရှက်မရှိအော်ငိုမိခဲ့တယ်....တကယ်ပဲကံကြမ္မာက ဝေးဖို့ကို သတ်မှတ်ထားတာလား...ဒီအချိန်မှာဘယ်သူ့မှကိုအပြစ်တင်လို့လဲမရတော့ တယောက်ထဲကြိတ်ခံစားရုံအပြင်ဘာမှမတတ်နိုင်ခဲ့ပါ....အချိန်တော်အကြာငိုပြီးနောက်...
JungKook - Hello ....ဖေဖေ လူနည်းနည်းလောက်လွှတ်ပေးပါ....သားပစ္စည်းတွေသိမ်းချင်လို့.....
JK's Dad -အင်း သား ဖေဖေလွှတ်လိုက်မယ်နော်....
အလုပ်သမားတွေရောက်လာတဲ့အခါ အကျီအဝတ်အစား အသုံးအဆောင်ပါမကျန် ဒီအိမ်မှာ အရင်ထဲက JungKookဆိုတဲ့လူတစ်ယောက်မနေခဲ့သလိုမျိုး အကုန်ရှင်းလင်းသိမ်းစည်းလိုက်လေတယ်....အိမ်မှထွက်ခါနီး နောက်ဆုံးအနေနဲ့ အိမ်ထဲမှအမှတ်တရတစ်ချို့ကို ပုံဖော်ကြည့်နေတုန်း
Euphoria - ညှောင်......' ခြေထောက်နားလေးကိုခေါင်းလေးနဲ့လာတိုးဝှေ့တော့....
JungKook - Euphoria လေး.....ငါမရှိတော့ရင် မင်းကသူ့နားမှာနေပေးနော်....မင်းကိုငါအရမ်းအားကျတာပဲ....Baeအနားမှာနေနိုင်လို့....