A - Accidental

4.7K 226 4
                                    

‌"ဒေါက်တာရှောင်း ဆေးရုံအုပ်ကြီးရုံးခန်းမှခေါ်နေပါတယ်
ဒေါက်တာရှောင်းကျန့် ဆေးရုံအုပ်ကြီးရုံးခန်းမှခေါ်နေပါတယ် အမြန်ဆုံးလာခဲ့ပေးပါ"

အရေးပေါ်လူနာကိုကြည့်ပေးပြီးထွက်လာစဉ်မှာဘဲ ‌ဆေးရုံအုပ်‌ရုံးခန်းကိုလာခဲ့ပါဟုကြေငြာသံထွက်လာတာကြောင့် ရှောင်းကျန့်ရုံးခန်းရှိရာအထပ်ကိုဓာတ်လှေကားနဲ့တက်ခဲ့လိုက်သည်

ဘေဂျင်းတက္ကသိုလ်ဆေးရုံမှာ ခွဲစိတ်အထူးကုအဖြစ်တာ၀န်ကျနေတဲ့ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် ဒေါက်တာရှောင်းကျန့်

အဖေနဲ့‌အမေကဇာတိချုံချင်းမှာမို့ ဘေဂျင်းကတိုက်ခန်းမှာသူတစ်ယောက်တည်း
ဒီတစ်ခေါက်ပိတ်ရက်ရရင်တော့ချုံချင်းက ပါး နဲ့ မားကိုတွေ့ဖို့တစ်ခေါက်လောက်ပြန်ဦးမှ

မိဘတွေက သူ့ကိုဆရာ၀န်မို့မအားတာကးနားလည်ပေးနိုင်ပေမယ့် တစ်ဦးတည်းသောသားကိုတော့တွေ့ချင်ရှာပေလိမ့်မည်

"ဆေးရုံအုပ်ကြီး ကျွန်တော့်ကို‌ခေါ်တယ်ဆိုလို့ပါ"

"ဟုတ်တယ် ဒေါက်တာရှောင်း ထိုင်ပါ.."

"ဟုတ်ကဲ့ပါ ဆေးရုံအုပ်ကြီး"

"နောက်တစ်ပတ်တနင်္လာနေ့မှာ အီတလီကို ဆေးပညာဆိုင်ရာနှီးနှောဖလှယ်ပွဲရှိတယ် အဲဒီကိုတက်ရမယ့်အထဲမှာ ကျနော်တို့ဆေးရုံကလည်းပါတယ် ဒီအတွက်ကျနော်ကဒေါက်တာရှောင်းကိုတာ၀န်ခံအဖြစ်လွှတ်ချင်တယ် သွားနိုင်မလား"

ဆေးရုံအုပ်ကြီးကသူ့ကိုဦးစားပေးပြီးခေါ်တာ၀မ်းသာပေမယ့် သွားရမယ့်ခရီးက အီတလီထိ ဘယ်လောက်ကြာမယ်မှန်းမသိ
ဒီတစ်ပတ်ပိတ်ရက်လေးတော့သွားပြီထင်ပါတယ်

"အဲဒီကပြန်လာရင် ဒေါက်တာတို့အဖွဲ့ကိုတစ်ပတ်နားရက်ပေးမှာပါ"

"ဟိုမှာဘယ်လောက်ကြာမလဲမသိဘူးခင်ဗျ"

"နှီးနှောပွဲကနှစ်ရက်ပါဘဲ အခမ်းအနားမစခင်နှစ်ရက်ကြိုသွားရမယ် ပြီးရင်ပြီးပါပြီ"

"ဆေးပညာဖလှယ်ပွဲဆိုတော့ ဘာနဲ့သက်ဆိုင်တာလဲမသိဘူး"

"အဓိကကအစားထိုးခွဲစိတ်‌တာတွေဆွေးနွေးကြမယ် ဒါကြောင့်မို့လည်းကျနော်ကဒေါက်တာရှောင်းကိုသွားစေချင်တာ ဒေါက်တာ့လိုအလားအလာရှိတဲ့သူအတွက် ဒီပွဲကအထောက်အကူအများကြီးရမှာအသေအချာဘဲ"

AMORE (Unicode + Zawgyi) CompletedWhere stories live. Discover now