E - Etarnal (part A) unicode

1.3K 130 2
                                    

Trolley ပေါ်မှာ ပက်လက်ကလေး သတိလစ်ပြီး ပါသွားတဲ့ ရိပေါ်ကိုကြည့်ရင်း ရှောင်းကျန့်အသိစိတ်တို့ကကိုယ်မှာကပ်မနေ....
မနက်ကမှဖုန်းဆက်အဖြေတောင်းနေတဲ့ကောင်လေးက ညနေကျလူနာအဖြစ်သူ့ဆီရောက်လာတယ်ဆိုတာကို မယုံနိုင်သေး

ဘာတွေဖြစ်လာတာလဲ..

Emergency room နားရောက်တော့ သတင်းကြားပြီးရောက်လာကြတဲ့ ကျန်းချန်တို့သုံးယောက်နဲ့ဆုံသည်

"မင်းမ၀င်နဲ့ ရှောင်းကျန့် ငါတို့၀င်မယ်"

"ဟင်အင်း ငါ၀င်မယ် ငါ့မျက်စိရှေ့သူကိုမြင်နေရမှဖြစ်မယ်"

"မင်းဒီစိတ်နဲ့ဘယ်လိုခွဲစိတ်ခန်း၀င်မှာလဲ မင်းရူးနေတာလား...ရှင်းချန် ဒီကောင့်ကိုပေးနားပြီးမင်းသူ့အနားစောင့်နေ ငါနဲ့၀မ်းနင်ကခွဲစိတ်ခန်း၀င်မယ်"

ကျန်းချန်ကစီစဉ်စရာရှိတာစီစဉ်ပြီး ရှောင်းကျန့်ဆီကပြန်လာမယ့်စကားတို့ကိုမစောင့်ဘဲ ခွဲစိတ်ခန်းထဲ၀င်သွားခဲ့ပြီ

အသိစိတ်မကပ်တဲ့သူ့သူငယ်ချင်းအကြောင်းသူအသိဆုံးမို့.....

ခွဲခန်းရှေ့ကထိုင်ခုံမှာ ငုတ်တုတ်ထိုင်နေတဲ့ ဒေါက်တာရှောင်းကျန့်
ခွဲစိတ်ခန်းပေါင်းများစွာ၀င်ဖူးပါလျက် လူနာပေါင်းများစွာကိုအကြိမ်ကြိမ်မရေတွက်‌နိုင်အောင်ခွဲစိတ်ပေးခဲ့ပါသော်လည်း ဒီတစ်ခါလောက်တုန်လှုပ်ဖူးတာမရှိခဲ့

သွေးလိုလို့ဆိုပြီး ခွဲခန်းထဲကသူနာပြုဆရာမလေးထွက်လာတာနှစ်ခါရှိပြီ

အကုန်သိနေရသူမို့ ဘယ်လောက်ဘဲအားတင်းထား စိတ်ကမမာနိုင်ခဲ့

"ကျန့်ကော ကျန့်ကော......သတိထားဦးလေ"

ရှောင်းကျန့်မဟန်နိုင်တော့ပြီ လူပင်ပန်းထားတာတွေရော စိတ်ပင်ပန်းရတာတွေပါပေါင်းပြီး သတိလစ်တော့သည်

"ဆရာ ကျနော့်သားလေး အခြေအနေဘယ်လိုရှိလဲဟင်"

သတင်းကြားတာနဲ့အပြေးရောက်လာတဲ့ ၀မ်ပါးပါးနဲ့၀မ်မားမား......
ဒီသားလေးတစ်ယောက်တည်းရှိတာမို့ သူတို့မှာရတက်မအေးနိုင်....

ခွဲစိတ်ခန်းကထွက်လာပြီးအခန်းပြောင်းပြီးတဲ့အထိရိပေါ်အခြေအနေကိုမသိရသေး

AMORE (Unicode + Zawgyi) CompletedHikayelerin yaşadığı yer. Şimdi keşfedin