R - Rapturous (Zawgyi)

1K 53 3
                                    


"လွှတ်.....လွှတ်ပေးဦး အသက်ရှူကြပ်နေပြီ"

သူ့ကိုအတင်းဖက်ထားတာမို့ရှောင်းကျန့်အသက်ရှူမ၀ဖြစ်လာကာ ရိပေါ်ကိုလွှတ်ပေးဖို့ပြောရသည်

"ကော ကျနော့်ကိုကြည့်"

"............................."

"ကျနော့်ကိုကြည့်ပါဆိုဗျာ"

ခေါင်းငုံ့ပြီးနှုတ်ခမ်းကိုက်နေတဲ့သူ့အရှေ့ကလူသားလေးကိုမြတ်နိုးမ၀နေတဲ့ ရိပေါ်
တွေ့တာဘယ်လောက်မှမရှိသေးပေမယ့် ဒီလူဘာအမူအယာလုပ်ရင်ဘာဖြစ်နေလဲဆိုတာသူသိနေပြီ......ဒီလူကြီး ရှက်နေတာ...

"ကျနော် ထပ်မနမ်းတော့ပါဘူး ကျနော့်ကိုကြည့်ပါဆို"

" မင်း "

နီရဲစွေးနေတဲ့မျက်နှာကထိလိုက်ရင်ပေါက်ထွက်သွားမှာတောင်စိုးရသည်
သူနမ်းလိုက်တဲ့နှုတ်ခမ်းလေးက ဖူးယောင်ယောင်လေးဖြစ်နေသည်

ဘယ်အရာကိုခင်များတို့မြတ်နိုးလဲကျနော်မသိဘူး
ကျနော့်ရဲ့အမြတ်နိုးဆုံးကရှောင်းကျန့်မှာစပြီး ရှောင်းကျန့်မှာဘဲအဆုံးသတ်တာ...ချစ်တာထက်ပိုပြီး မြတ်နိုးတယ်ဆိုတာကိုဒီလူသိအောင်ဘယ်လိုပြောပြရမလဲ ....။

" မင်း လက်စွပ်အကြောင်းဘယ်လိုသိတာလဲ"

"ကောသိချင်ရင် ကျနော်ပြောပြမယ် မသိချင်လည်းကျနော်ကပြောပြချင်နေတာ ဒါပေမယ့်ဒီမှာမဟုတ်ဘူး ကျနော်နဲ့လိုက်ခဲ့"

တံတားပေါ်ကနေနည်းနည်းလမ်းဆက်လျှောက်ပြီး ကားတစ်စီးငှားပြီးထွက်ခဲ့သည်
ရိပေါ်ဘယ်ကိုသွားမလဲ ရှောင်းကျန့်မသိ

မမေးချင် မမေးချင်တာထက် မမေးရဲတာဆိုပိုမှန်မည် ဒီကောင်လေးနဲ့သူစကားမပြောရဲ
သူရှက်နေတယ်ဆိုတာဒီထက်ပိုပြီးဒီကောင်‌လေးကိုမပြချင်တော့

သူ့ရဲ့ပထမဆုံးအနမ်းကကောင်လေးတစ်ယောက်ဆီကဖြစ်မယ်လို့ဘယ်တုန်းကမှမထင်ခဲ့ဖူးဘူး...

လက်စွပ်ရောင်းတဲ့အဖွားကပြောတယ် လက်စွပ်ကအချစ်ကိုရှာပေးမယ်တဲ့ ဒါဆို ဒီကောင်လေးကသူ့အတွင်အချစ်ကိုရှာပေးမယ့်လူလား...

"ဒါလေးနားထောင် တစ်နာရီလောက်ကားစီးရမှာ"

နားထဲကိုနားကြပ်တစ်ဖက်ထည့်ပေးတာမို့ရှောင်းကျန့်ငြိမ်ငြိမ်လေးနေနေလိုက်သည်

AMORE (Unicode + Zawgyi) CompletedWhere stories live. Discover now