M - Missing

2.1K 196 11
                                    


ရှောင်းကျန့်တို့ကို ပွဲစီစဉ်တဲ့သူတွေက Milanကနာမည်ကြီးဟိုတယ်တစ်ခုဖြစ်တဲ့ la Residenza Isbella Hotel မှာတည်းဖို့စီစဉ်ထားပေးသည်
အစစအရာရာစေ့စပ်လွန်းသည့်စီစဉ်သူတွေက သူတို့ကိုလာကြိုကတည်းက တရုတ်စကားပြောတတ်တဲ့‌ေကာင်‌ေလးတစ်ယောက်ပါထည့်ပေးလိုက်သည်

"ဒေါက်တာတို့လာတာကံကောင်းတယ်လို့ဘဲပြောရမလားမသိဘူး ဒီနှစ်ကမိုးနည်းတယ်ဗျ အခါတိုင်း ဒီဇင်ဘာလတွေကအရမ်းအေးပြီး မိုးလည်းရွာတာများတယ် ဒီနှစ်ဝောာ့တစ်နှစ်လုံးမိုးနည်းတယ်ဗျ"

ပူနွေးစိုစွတ်တဲ့ရပ်၀န်းထဲရှိတာမို့ မီလန်ကတစ်နှစ်ပတ်လုံးမိုးရွာတဲ့အထဲပါသည်
ဒီနေ့တော့ ထူးထူးခြားခြား မိုးတိတ်နေပေသည်

"ဒီကအကိုနာမည်က"

၀မ်နင်ကအရှေ့ကပါလာတဲ့စကားပြန်ကောင်လေးကိုစကားလှမ်းပြောနေသည်

"စစ်ကျွေးပါ အကိုလို့မခေါ်ပါနဲ့ဗျာ ကျနော်ကဒေါက်တာတို့ထက်အသက်ငယ်ပါတယ်ဗျ"

"ဒီမှာစကားပြန်အနေနဲ့လုပ်တာလား"

"မဟုတ်ဘူးဗျ ကျနော်ကတက္ကသိုလ်မှာတရုတ်စာသင်ပေးနေတာဗျ အခမ်းအနားစီစဉ်တဲ့တာ၀န်ဆေးရုံအုပ်ကြီးကကျနော့်ဦးလေးလေ တရုတ်စကားပြန်ပါရင်ပိုအဆင်ပြေတယ်ဆိုပြီး ကျနော့်ကိုအကူအညီတောင်းလို့"

"စစ်ကျွေးကတရုတ်စကားကျွမ်းကျွမ်းကျင်ကျင်ပြောတတ်နော် ဒီမှာနေပေမယ့် အသံကမဝဲမသွားဘူးဘဲ"

"‌ကျနော့်မားကတရုတ်လေ ပါးပါးကအီတလီနိုင်ငံသား ဦးလေးကပါးပါးညီ ကျနော်တို့ကတရုတ်မှာဘဲနေတာ အခုကဒီမှာကျောင်းတက်ပြီးတရုတ်စာကိုအချိန်ပိုင်းပြန်သင်ပေးနေတာ"

"ဒါကြောင့်ကိုး ကျနော်တို့ကအင်္ဂလိပ်စကားတော့ရတယ် ဒါမယ့်မင်းပါတော့ကိုယ်တို့ပိုအားရှိ‌တာပေါ့ကွာ"

"ရပါတယ်ဗျာ ဒေါက်တာတို့အကူညီလိုရင်အချိန်မရွေးဖုန်းဆက် တစ်နေရာရာသွားချင်လည်းကျနော်လိုက်ပို့ပေးမယ် ဦးလေးကကျနော့်ကိုမှာထားပြီးသား"

စစ်ကျွေးနဲ့၀မ်နင်အဖွဲ့ကျနေသည် ရှင်းချန်နဲ့ကျန်းချန်ကတော့တစ်လမ်းလုံး အိပ်သာအိပ်နေကြတော့သည်

AMORE (Unicode + Zawgyi) CompletedWhere stories live. Discover now