"ကျနော်တို့ကံပါတယ်နော် ပြန်တွေ့ကြပြီ ဒေါက်တာရှောင်းကျန့်"
"မင်း...... ၀မ်ရိပေါ် ?"
"ကျတော့်ကိုမှတ်မိသေးသားဘဲ"
"မင်းဒီမှာဘာလုပ်နေတာလဲ"
"အဲဒီရေခဲမုန့်ကကျနော့်ကိုကျွေးဖို့မဟုတ်ဘူးလား ဒီလောက်အေးတာ အနွေးထည်တွေလက်အိတ်တွေဝတ်ပြီးရေခဲမုန့်စားတာခင်များဘဲရှိတယ်"
"စကားများတယ် မင်းမစားရင်ငါ့ပြန်ပေး"
"မပေးပါဘူး ကျတော့်အတွက်ကကျနော်စားမှာပေါ့"
သူ့လက်ထဲကရေခဲမုန့်ခွက်ကိုယူပြီး အားရပါးရစားနေတဲ့ထိုကောင်လေးကိုကြည့်ပြီး စဉ်းစားမိတာတစ်ခုက
သူတို့နှစ်ယောက်ကတကယ်ဘဲတွေ့ဆုံဖို့ကံပါတာလား"ဒါနဲ့ မင်းဒီမှာဘာလုပ်နေတာလဲ"
"ကျနော် ခင်များကိုစောင့်နေတာ"
"အဓိပ္ပါယ်မရှိတာတွေ"
"ခင်များဒီမှာရှိမယ်မှန်းတော့မသိဘူးပေါ့ ဒါမယ့် ဒီရှေ့ကဖြတ်တော့ဘာလို့မှန်းမသိဘူး ဒီကိုဝင်ရင်ခင်များကိုတွေ့လောက်မယ်ဆိုပြီးစိတ်ထဲကဖြစ်တာနဲ့ဝင်လာတာ စားသောက်ဆိုင်တွေရှာရင်းဒီနားရောက်လာတာ ဖုန်းလာလို့ဖုန်းကိုင်မလို့လုပ်တုန်း ခင်များကျနော့်ကိုခေါ်လိုက်တယ် ဒါဘဲ"
"အော် မင်းပြိုင်ပွဲပြီးသွားပြီမလား"
"မင်းပထမဆုရတာဘာလိုချင်လဲလို့မေးရမှာ"
"ငါကဘာလို့မေးရမှာလဲ"
"တမြေခြားမှာ တစ်နိုင်ငံသားအချင်းချင်းကိုကြင်နာရမယ်လေဗျာ"
"မင်းမှာအပြည်ပြည်ဆိုင်ရာက fan တွေဒီလောက်များတာ"
"အဲဒီ fan တွေကခင်များမှမဟုတ်တာ"
ဒီကောင်လေးဘာတွေပြောနေတာလဲ ရှောင်းကျန့်ခေါင်းငုံ့ပြီး နှုတ်ခမ်းကိုက်ထားမိသည်
ရိပေါ်မသိတာက ဒါရှောင်းကျန့်တစ်ယောက်ယောက်ကိုရှက်ရင် လုပ်မိတဲ့အမူအယာဟုတ်ကဲ့ ရှောင်းကျန့် တအားရှက်နေပါတယ်
ဘာလို့ရှက်လဲလို့မေးရင် သူမသိပါဘူး
YOU ARE READING
AMORE (Unicode + Zawgyi) Completed
Romanceကံမကုန်ရင်ပြန်ဆုံကြတာပေါ့ကွာ ရှောင်းကျန့် ဘယ်ပြိုင်ပွဲပြိုင်ပြိုင်တစ်ခါမှကံကိုအားမကိုးတဲ့ကျနော်က ခင်များနဲ့တွေ့ဖို့အတွက် ဒီတစ်ခါတော့ ကံ ကို အားကိုမိတယ် ၀မ်ရိပေါ် တစ်ခါတစ်လေ အချစ်ဆိုတာ မထင်မှတ်တဲ့နေရာကနေ မထင်မှ...