" အဟင့် "
အသံတိုးတိုးလေးကို ကြားနေရပေမဲ့ ဖန်းဂူအသိပြန်မဝင်လာသေး … ခုဘယ်ရောက်နေလဲ … ဘာတွေဖြစ်နေလဲ ပြီးတော့ ဘူ့လက်ထဲမှာ တုန်ယင်နေတဲ့ လူကရော ဘယ်သူလဲ …
ဖန်းဂူဘဝမှာ သူ့ကိုယ်ကို ထိရဲတဲ့သူဆိုတာ မရှိဘူးသလို ဒီလိုအနေအထားမျိုးနဲ့ လူတစ်ယောက်ကို ထိကိုင်ဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်သေး … မျက်လုံးတွေကိုကြိုးစားဖွင့်ကြည့်လိုက်တော့ သူ့ရဲ့အိမ်တော်ထဲမှာဆိုတာသေချာတယ် …
ဒါပေမဲ့ သူ့ရဲ့အောက်မှာ ဖြူဖွေးဖွေးကျောပြင်တစ်ခု … ဘာကြောင့် သူကအပေါ်ကနေ အုပ်မိုးထားရတာလဲ .… ရန်သူများလား …
အမြဲတန်း စစ်မြေပြင်မှာ စစ်တိုက်နေရတဲ့ စစ်သားတွေက တစ်စုံတစ်ခုကြုံရပါလျှင် သေနပ်ကိုဆွဲထုပ်ကာ ကာကွယ်တတ်သလို အမြဲအန္တရာယ်တွေ ပတ်လည်ဝိုင်းနေတဲ့ ဖန်းဂူဟာလဲ အမြဲသတိရှိနေတတ်သူမို့ သူ့အောက်ကလူသားကို ရန်သူထင်မှတ်ပြီး လည်မျိုကို အားပါပါနဲ့ ညစ်ပြစ်လိုက်တယ် …
" အစ် … အ့ … အ … နာ … နာတယ် "
နောက်နေတဲ့ သူ့ရဲ့ခေါင်းတွေ ကြည်လင်လာတော့မှ သူ့လက်ထဲက လူသားဟာ ရန်သူမဟုတ်တဲ့အပြင် သေလုမြောပါးဖြစ်နေတဲ့ အိုမီဂါတစ်ယောက်မှန်း သိလိုက်ရတော့ သူ့ရဲ့လက်တွေကို လွှတ်ပေးလိုက်တယ် …
" အဟွှတ် … အဟွှတ် "
မင်းယွီခများ လန့်ဖြန့်သွားပြီး အောက်ပိုင်းနာကျင်နေသည်ကိုပင် သတိမရတော့ပဲ ခုံပေါ်ကနေ တရွတ်တိုက် ပြေးဆင်းသွားရှာတယ် … အနည်းဆုံး ဒီရူးနေတဲ့လူအနားကနေ ခွာနိုင်ရန်အတွက် အင်အားရှိသမျှ ကြိုးစားကာ သွားနေမိတယ် …
ထိုအခါမှ ဖန်းဂူ မနေ့ကသူမူးပြီး အသိစိတ်လွတ်မတတ်သူ၀ယ်ယူထာတဲ့အိုမီဂါနဲ့ ဆက်ဆံခဲ့ပုံတွေကို ပြန်သတိရလာခဲ့တယ် … ဒါပေမဲ့ သူဆိုးရိမ်မိတာက ဒီအိုမီဂါကိုသူအမှတ်အသားေပးလိုက်ပြီလားဆိုတာကိုပဲ …
ဖန်းဂူလို မာဖီးယားတစ်ယောက်က အနှောင်အဖွဲ့မလိုချင်သလို မိသားစုနဲ့စိတ်ရှုတ်ခံရတာမျိုးဆို ပိုလို့တောင် မလိုချင်သေး … ဒါကြောင့် ဒီကောင်လေးကိုအမှတ်အသားမေပးမိဖို့က အရေးကြီးသည်မို့ ကြောက်အားလန့်အားနဲ့ တရွတ်တိုက်ပြေးနေရှာတဲ့ ကောင်လေးအနားကို လျှောက်လာခဲ့တယ် …
![](https://img.wattpad.com/cover/220571137-288-k408592.jpg)
CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein