Part - 6 (Z+U)

342 35 2
                                    

Unicode

ရင်ဘတ်ထဲက.....

Part - 6

ကျွန်တော်မနက်နိုးတော့ ၄နာရီခွဲ။ နှိုးစက်ကို ကောက်ပိတ်လိုက်တယ်။ ကျွန်တော်က ပုံမှန် ၆ နာရီလောက်မှ ထတာ။ ဒါပေမယ့် ရိန့်ကို လိုက်မယ်လို့ တွေးပြီးတည်းက 5 နာရီခွဲဘဲ ထဖြစ်တယ်။ ကျွန်တော် ဒီနေ့သွားတိုက်မျက်နှာသစ်ပြီး ရေတစ်ခါတည်းချိုးလိုက်တယ်။ ပြီးတော့ ကျွန်တော် ဈေးကို ထွက်လာလိုက်တယ်။ မနေ့က Nurse က ရိန့်ကိုပေးလိုက်တဲ့ စာရွက်လေးကိုလည်း ယူလာခဲ့လိုက်တယ်။

မနက်စောလို့ထင်တယ်။ အရွက်သည်တစ်ချို့ကလွဲပြီး တစ်ခြား ဈေးသည်တွေမရှိဘူး။ ကျွန်တော်ကလည်း အရွက်ဘဲ ဝယ်မှာဆိုတော့ အဆင်ပြေတာပေါ့။ ပြီးတော့ အရမ်းချမ်းတာဘဲ။ အေးလိုက်တာ။ ကျွန်တော် ဆေးဆိုင်တွေကိုသွားကြည့်ပေမယ့် ပိတ်ထားတုန်းဘဲဗျ။ အဲ့တာကြောင့်ကျွန်တော် အရွက်ဘဲဝယ်ပြီး အိမ်ကို ပြန်လာလိုက်တယ်။

အိမ်ရောက်တော့ ကျွန်တော်ဝယ်လာတဲ့ မုန်ညှင်းအချိုကို ကြက်ဥနဲ့ သေချာကြော်လိုက်တယ်။ ပြီတော့ ကြက်ဥနဲ့ Sandwiches လုပ်လိုက်တယ်။
အဲ့ဒီ sandwich ကတော့ အိမ်အတွက်ရော။ ရိန့်အတွက်ရောပဲ။ ကျွန်တော် ထင်တာမမှားဘူးဆိုရင် ရိန်ကျောင်းလာတက်မယ်ထင်တယ်။ ဒီနေ့ မနက်ပိုင်းအချိန်က Tuto ရှိတယ်။ ရိန့်အတန်းမှာ။ အနည်းဆုံး မနက်ပိုင်း Tuto လာဖြေပြီး ပြန်လောက်မယ် ထင်တယ်။

ကျွန်တော် ကျောင်းသွားဖို့ထွက်လာတော့ လမ်းထိပ်က ဆေးဆိုင်က ဖွင့်ပြီ။ ကျွန်တော် တစ်ချက်ပြုံးလိုက်ပြီး ဘောင်းဘီအိပ်ထဲ ထည့်ထားတဲ့ စာရွက်လေးကိုထုတ်လိုက်တယ်။ ဆေးရောင်းတဲ့အန်တီကို စာရွက်ပေးလိုက်တော့ အန်တီက စာရွက်ထဲမှာရေးထားတဲ့​ ဆေးတွေကို ထုတ်ပေးတယ်။ ပြီးတော့ ဘယ်အချိန်သောက်ရင် ပိုအဆင်ပြေမလဲပါ ကျွန်တော်မေးလိုက်တယ်။ ဆေးဝယ်ပြီးတော့ ပတ်တီးနဲ့ လိမ်းဆေးတစ်ချို့ပါ ထပ်ဝယ်လိုက်တယ်။ ပတ်တီးတိပ်ရောဘဲ။

"အန်တီ အားလုံးပေါင်းဘယ်လောက်ကျလဲ။"

"6850 ကျတယ်။ သား ဒီဆေးတွေက သားဘာဖြစ်လို့လဲ။"

မေမေနဲ့ရင်းနှီးတဲ့ ဆေးရောင်းတဲ့အန်တီက ကျွန်တော့်ကို စိတ်ပူလို့ထင်တယ်မေးလာတယ်။

ရင်ဘတ်ထဲက.....  "ရင္ဘတ္ထဲက....."Where stories live. Discover now