Unicode
ရင်ဘတ်ထဲက........
Part - 9
တတိယနှစ်ရဲ့ ပထမဆုံးကျောင်းတက်ရက်။ ပထမဆုံးကျောင်းတက်ရက်ဆိုပေမယ့် တကယ်တမ်းက ကျောင်းဖွင့်ပြီး နှစ်ပတ်နေမှ ကျောင်းစတက်တာပါ။ တဖြည်းဖြည်းနဲ့ စာတွေပိုများလာတယ်။ ဧကရီနဲ့တာရာက တကယ်တော့ ရှေ့နေ့မဖြစ်ချင်ကြဘူးဗျ။ တာရာက Digital Marketing ကို တက်နေတယ်။ ဧကရီက Accountant LCCI ကို တက်နေတယ်။ ကျောင်းတက်ရင်းသင်တန်းတွေတက်နေတာပေါ့။
ဘွဲ့တော့ယူမယ် ဒါပေမယ့် Lawyer အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းမပြုဘူး။ ဒါက သူတို့ရဲ့ ရွေးချယ်မှုပေါ့။ သူတို့က အမွှာသာ ဖြစ်ကြတာ။ တစ်ယောက်နဲ့တစ်ယောက်က ဆန့်ကျင်ဘက်တွေဘဲ။ တစ်ယောက်က Marketing တစ်ယောက်က Accountant. တစ်လမ်းဆီဘဲ။ ဘာပဲဖြစ်ဖြစ်ပါ
ကျွန်တော်ကတော့ Lawyer ဘဲ လုပ်ဖို့ဆုံးဖြတ်ထားတယ် ။ ရိန်ကရော.....ရိန်နဲ့အဆင်ပြေလားလို့မေးလာရင် ပြေတယ်လို့ဘဲပြောရမှာပေါ့။ ဒါပေမယ့်အခုထိ ကျွန်တော်နဲ့ရိန်က သူငယ်ချင်းမဖြစ်သေးကြဘူး။ သူငယ်ချင်းဆိုတာက မေးထူးခေါ်ပြောရှိရမယ်။ အကူအညီလိုလာရင် ကူညီပေးမယ်။ တစ်ခုခုဆို sharing လုပ်မယ်။ ဒါက သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးလို့ ကျွန်တော်သတ်မှတ်တယ်။ ကိုယ်ချစ်နေတဲ့သူနဲ့ ဘာလို့ သူငယ်ချင်းဖြစ်ချင်ရတာလဲဆိုတော့ အဓိကက ပွင့်လင်းမှုရှိတယ် နားလည်မှုရှိတယ်။ ပြီးတော့ တစ်ခုခုဆိုဒဲ့ပြောလို့ရတယ်။ ဒါကြောင့် သူငယ်ချင်းကနေ ချစ်သူဖြစ်သွားတာကိုလည်း ကျွန်တော် သဘောကျတယ်။
ချစ်သူတန်းဖြစ်လဲ ကိစ္စမရှိပါဘူး။ ပိုတောင်ကောင်းသေးတယ်။ ပွင့်လင်းတာတွေ နားလည်မှုတွေက ပြီးမှုတည်ဆောက်မယ်လေ။ လောလောဆယ်တော့ သူငယ်ချင်းတောင် မဖြစ်သေးဘူးဗျာ။ ဒါက စိတ်ပျက်စရာဘဲ။ ဒါပေမယ့် ကျွန်တော် အချိန်တိုင်းရိန့်အနားမှာရှိနေခဲ့တယ်။ ရိန်အတန်းတက်တဲ့အချိန်က လွဲလို့ပေါ့။ ရိန် Canteen ထိုင်တိုင်း ရိန် Library မှာ ထိုင်တိုင်း ကျွန်တော် ရိန့်အနားမှာ ရှိိနေခဲ့တယ်။ တစ်ခါတစ်လေဆို တာရာနဲ့ ဧကရီပါ ရိန်နဲ့ကျွန်တော်ဝိုင်းထဲ လာထိုင်တတ်တယ်။ ရိန်ဘက်က စပြီး တစ်ခါမှ စကားစမပြောသေးဘူး။ ဒါပေမယ့် တစ်နေ့နေ့တော့ ဖြစ်လာမှာပါ။
ESTÁS LEYENDO
ရင်ဘတ်ထဲက..... "ရင္ဘတ္ထဲက....."