Part - 36 (Z+U)

254 26 6
                                    

Unicode

ရင်ဘတ်ထဲက......

Part - 36

"ဒါတွေက သက်သေတွေပဲ။ သူ့ကိုဖမ်းလို့ရနိုင်မလား"

"ဒီလောက်သက်သေစုံနေတာ ဖမ်းလို့ရတယ်။ ဒါပေမယ့် သူ့ဘက်ကလည်း ခင်ဗျားနဲ့ပတ်သတ်တဲ့သက်သေတွေ စုဆောင်းကောင်းစုဆောင်းထားနိုင်တယ်။ အဲ့တော့ ခင်ဗျားဆင်တဲ့ထောင်ချောက်က ခင်ဗျားကိုပြန်မိနိုင်တယ်"

"သူ့ဘက်က တင်ပြလာတဲ့သက်သေကိုဖျောက်ပစ်ရင်ရော"

"မရဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားပြောတဲ့လူလုပ်တဲ့အမှုက အရမ်းကြီးတယ်။ အဲ့လိုအမှုမျိုးဆို ခရိုင်အဆင့်ကစစ်ဆေးတာ။ ကျွန်တော်တို့ဘဲ ကိုင်တွယ်ရုံနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်တော့ သူကတစ်ခုခုပြောလိုက်ရင် ခင်ဗျားလည်းထိနိုင်တယ်"

"ဟာ..."

"ပြီးတော့ သူလုပ်ထားတဲ့အပြစ်အတိုင်းဆို တစ်သက်တစ်ကျွန်းမဟုတ်ရင် သေဒဏ်ဘဲ။ ဒါပေမယ့် သူ့အနေနဲ့ တခြားမူးယစ်ဆေးဝါးလုပ်တဲ့ တရားခံတွေကိုပြောပြပြီး ရဲအဖွဲ့ပူးပေါင်းမယ်ဆိုရင် သူ့ပြစ်ဒဏ်လျော့သွားနိုင်တယ်။ အဲ့တော့ ခင်ဗျားကိုထိလာနိုင်တယ်"

"ဒါဆိုရင်ဘာလုပ်ရင်ကောင်းမလဲ"

"ခင်ဗျားကိုယ်တိုင်ဘဲ ရှင်းပစ်လိုက်ပါလား"

"မလွယ်လို့ပေါ့"

"အခွင့်အရေးကိုစောင့်ကြည့်ပါ"

"အင်း"

ရဲတစ်ယောက်နဲ့ အကျီအညိုရောင်ဝတ်ထားတဲ့ လူနှစ်ယောက်ကစကားပြောနေပြီး အလယ်က စားပွဲပေါ်မှာတော့ beer နှစ်ခွက်ရှိတယ်။ ပြီးတော့ ဓာတ်ပုံတစ်ပုံ။ အဲ့ပုံထဲမှာက ဦးမင်းမြတ်လွင်......

☘☘☘☘☘

အသားထဲကိုစိမ့်ဝင်သွားတဲ့ ဆေးထိုးအပ်လေး။ ဟန်သူရိန်လွင်ရဲ့ဆောက်တည်ရာမရဖြစ်နေတဲ့မျက်လုံးတွေကဖြည်းညင်းစွာပိတ်ကျသွားတယ်။ တစ်ကိုယ်လုံးချွေးတွေနစ်နေပြီး လက်ဖျားတွေလည်း တစ်စက်စက်တုန်နေတယ်။ ဒါဟာဦးမင်းမြတ်လွင်ပြန်ဖမ်းမိတဲ့အချိန်ကစပြီး လေးခါမြှောက်ဆေးထိုးတာ။

ရင်ဘတ်ထဲက.....  "ရင္ဘတ္ထဲက....."Where stories live. Discover now