Unicode
In the heart.......
Part - 7
အခုဆို ကျွန်တော်က ရိန့်အနားမှာ အမြဲလိုလိုရှိ
နေပြီ။ အစပိုင်းမှာ ခက်ခဲခဲ့တယ်။ အခုထိတော့ မလွယ်ကူသေးပါဘူး။ ရိန်ကျွန်တော့်ကို တစ်ခါမှ စကားစမပြောဖူးဘူး။ ဒါပေမယ့် ရိန်နဲ့တူတူ canteen ထိုင်လို့ရတယ်။ ရိန်နဲ့တူတူ Library မှာ ထိုင်လို့ရတယ်။ ကျွန်တော် မုန့်တွေလုပ်လာပြီးအတင်းထိုးပေးရင်တောင် ရိန်က သိပ်မယူသေးဘူး။ ရိန့် စားပွဲပေါ်သွားထားပေးရင်လည်း အမှိုက်ပုံးထဲရောက်နေဆဲဘဲ။ တစ်ခါတစ်လေ ကျွန်တော်ကသာ ရိန့်ကိုစကားပြောနေတာ ရိန်က ကျွန်တော်သူ့အနားမှာရှိတယ်လို့တောင် သဘောမထားတာမျိုး။ ရိန်က သိပ်ကိုအေးစက်လွန်းတယ်။ ဒါပေမယ့် အဲ့ဒီ အေးစက်မှုတွေကြားမှာ ကျွန်တော်လည်း မထင်မှတ်လောက်အောင်ကို အသားကျနေခဲ့ပြီ။ရိန်ကကျွန်တော် ကျွေးတာကို နောက်ဆုံးစားခဲ့တာ ဟိုတစ်ခါ သူလှေကားက ပြုတ်ကျတုန်းကဘဲ။ နောက်ပိုင်း ဘာပဲလုပ်ပေးလုပ်ပေး ရိန်မစားခဲ့ဘူး။ ကျွန်တော် အတွေးလွန်နေတာတွေကိုလျော့လိုက်တယ်။ ဒီနေ့က စနေ့။ July 23 ရက်နေ့။ အမှန်တော့ 24 July က မေမေ့ မွေးနေ့။ မနက်ဖြန်ပေါ့။ မေမေအသက် 46 နှစ်ပြည့်တာ။ မေမေ့ကို ဘာဝယ်ပေးရမလဲ။ မွေးနေ့ဆိုရင် မေမေက ဘုရားသွားတယ်။ ပြီးရင် မေမေကမိဘမဲ့ကျောင်းမှာလည်း အလှူလုပ်အုံးမှာ။ ကျွန်တော်တို့နဲ့တော့ နေ့လည်ဘက်မှာ မုန့်တစ်ခုခု စားတာဘဲဖြစ်ဖြစ် လုပ်မှာ။ အော်မေ့နေတာ တာရာနဲ့ ဧကရီကိုလည်းဖိတ်ရအုံးမယ်။ မေမေက သူတို့ကိုပါ ဖိတ်ခိုင်းထားတယ်။ မေမေ့မွေးနေ့မှာ လူအများကြီးနဲ့တော့ မကျင်းပဘူး။ ကျွန်တော်ရယ် ညီလေးရယ် တာရာရယ် ဧကရီရယ် ပြီးတော့ မေမေ့မိတ်ဆွေ သုံးလေးယောက်ရယ်။ အရမ်းရင်းနှီးတဲ့ သူတွေချည်းဘဲ။ ပြောလို့မရဘူး။ နောက်နှစ်ဆို ဒီမွေးနေ့ပွဲထဲရိန်လည်းပါချင်ပါလာမှာဗျ။ ဘာမှလည်းမဆိုင်ဘူး ရိန့်အကြောင်းကတွေးမိနေပြန်ပြီ။ ဒါနဲ့မေမေ့ကို ဘာပေးရမလဲ။
ကျွန်တော်ရုတ်တရက်သတိရသွားတာက ဖိနပ်။ မေမေက ဖိနပ်တွေကိုလည်းသဘောကျလေ့ရှိတယ်။ ကျွန်တော် ဘယ်မှာ သွားဝယ်ပေးရမလဲ။ စျေးနှုန်းလေးလည်းသင့်တင့်ပြီး ဒီဇိုင်းလေးလည်းလှတာ။ မေမေက အမြင့်တွေသိပ်စီးလေ့မရှိဘူး။ ဧကရီကိုမေးကြည့်ရင်တော့ ဆိုင်ကောင်းကောင်းတစ်ဆိုင် ညွှန်းပေးနိုင်လောက်တယ်။ ကျွန်တော် တွေးတာရပ်ပြီး ဧကရီကို ဖုန်းဆက်လိုက်တယ်။
YOU ARE READING
ရင်ဘတ်ထဲက..... "ရင္ဘတ္ထဲက....."