အခန်း (၁)

19.5K 1.9K 83
                                    

(Zawgyi)

အဘယ်ကြောင့် စောင်ခလေးများနှင့် မပတ်သတ်သင့်သနည်း

စောင်ခလေးဆိုတာ ကိုယ့်ထက်ငယ်တိုင်းတော့ စောင်ခလေးလို့မခေါ်ဘူး။ အသက်ရော ကျပ်ရောနုံချာပြီး အဲ့ဒီနုံချာမှုက ကိုယ့်ကို ကောင်းကောင်းဒုက္ခပေးနိုင်ရင်သာ စောင်ခလေးလို့ခေါ်တယ်။

ဒီလိုစောင်ခလေးတွေနဲ့ မပတ်သတ်ဖို့ဆိုတာ ရှောင်းကျန့်က သူ့ထက်၆နှစ်ငယ်တဲ့ ရှောင်းယွီ နဲ့ သူ့သူငယ်ချင်း​တွေ ဆီကနေစပြီးသင်ကြားလေ့လာတတ်မြောက်ခဲ့တာပဲ။ မိုးမြေကိုတိုင်တည်ပြီး ကျိန်ရဲပါရဲ့ လွန်ခဲ့တဲ့ ၆နှစ် ရှောင်းကျန့်သူတို့အရွယ်တုန်းက သူတို့လုပ်သလို ပွေလီမှုတွေ မလုပ်ခဲ့ဖူးရိုးအမှန်ပါ။

အခုတော့ ရှောင်းကျန့်ရဲ့ ဤညသည်သောကြာညဖြစ်သောကြောင့် ဘုရားသခင်ကိုကျေးဇူးတင်ပါ၏ လို့ ရေရွတ်ပြီး အာလူးကြော်ထုပ်လေးပိုက်၊ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ကားထိုးထားတဲ့ တီဗီရှေ့မှာ သက်သောင့်သက်သာလှဲရင်း အိပ်ငိုက်ရမယ့်အစား ညကြီးသန်းခေါင် ကားမောင်းနေရပြီ။

ရှောင်းယွီနဲ့အပေါင်းအပါများရဲ့ ညယ်မဒို့ မူးနေရို့ ဘားမှာလားဂေါ်ပေးဘာ ဆိုတဲ့ မတ်ဆေ့ခ်ျမှာ အလိုလိုနေရင်း Grab ဒရိုင်ဘာဘဝရောက်သွားတယ်။

ရှောင်းကျန့်က သူ့ညီမကို သိပ်ချစ်တဲ့ အစ်ကိုကြီး၊ ညီမလုပ်သူကခေါ်တာနဲ့ ငေါက်ကနဲထသွားပေးတယ်ပေါ့။ နိုး.. . ပါ. . .

တကယ်လို့ ရှောင်းယွီသာ မူးလို့တခုခုဖြစ်ရင် ဖြစ်စေ ချုံချင်းမှာကျန်ခဲ့တဲ့ မာတာပီတုကသာ သတင်းပြန်ကြားခဲ့ရင် ငါတို့ယွီအော် အဆောင်မှာနေလို့ပျက်စီးရတာ ရှောင်းကျန့်က အကိုပဲ အတူတူနေပြီး ညီမကိုထိန်းဆိုတဲ့ အမိန့်စာရောက်လာလိမ့်မယ်။ ရှောင်းကျန့်ဟာ တစ်ညပဲ ဒုက္ခခံမယ်။ တစ်သက်တော့ ဒုက္ခမခံဘူး။

အိုခေ. . . အခု ဒုက္ခဆိုတာကို ပုံဖော်ပြရမလား

ရှောင်းကျန့်ရဲ့ ကားပိစိလေးထဲမှာ ရှောင်းယွီနဲ့ သူ့သူငယ်ချင်းမနှစ်ယောက်က အနောက်ခန်းထဲ လက်သီးလက်မောင်းတန်းသီချင်းဆ်ုနေတာက တသံ။ ရှောင်းကျန့်ဘေးက အရှေ့ခုံမှာထိုင်တဲ့ ရှောင်းယွီရဲ့ သူငယ်ချင်း ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးရဲ့

စောင်ခလေး ဋီကာ (Complete)Where stories live. Discover now