အခန်း (၃)

10.8K 1.6K 83
                                    

(Zawgyi)

အဘယ်ကြောင့်စောင်ခလေးများနှင့် ရုပ်ရှင်မကြည့်သင့်သနည်း။

ရှောင်းကျန့်က ရုပ်ရှင်ကြည့်ရတာသိပ်ကြိုက်တဲ့သူ The Avengers ဆိုတော့ ကြည့်ပြီးသားပေမယ့် ပြန်ကြည့်လို့လဲရပါတယ်။ ရှပ်လက်ရှည်အဖြူကို လက်ဖျံမှာခေါက်ထားတာရယ်၊ ဝတ်နေကျမဟုတ်တဲ့ ဂျင်းပန်အပြာ ခပ်ကျပ်ကျပ်ရယ်က လှချင်လို့မဟုတ်ဘူး။ ဟိုစောင်ခလေးနဲ့ အတူတူသွားရင် သူ့ကိုအဖေထင်နေမှာစိုးလို့။

ရှောင်းကျန့်ရုပ်ရှင်ရုံရောက်တော့ ရိပေါ်က သူ့ထက်တောင်စောရောက်နေပုံပဲ။ ဖုန်းထဲမှာ ဂိမ်းနှိပ်နေရင်းကနေ ရှောင်းကျန့်လာတာမြင်တာနဲ့ ဆတ်ခနဲ ထိုင်ရာကထပြီး

"ဟာ ကောက ချောလိုက်တာ မိုက်တယ် မိုက်တယ်" နဲ့ လက်မကြီးတစ်ထောင်ထောင်နဲ့။ ချီးကျူးခံရတာကို ရှောင်းကျန့်က ကြိုက်ပေမယ့် လူလည်ကောင်အသံအကျယ်ကြီးနဲ့ကျ ရှက်းရာကောင်းတယ်မလား။

စောသေးတယ်ဆိုပြီး အရုပ်ကောက်စက်တွေဆီပိုက်ဆံသွားဖြုန်းတဲ့အခါ၊ ရေခဲမုန့်ဝယ်ကျွေးခိုင်းတဲ့အခါ၊ ရုံထဲမဝင်ခင် ပေါက်ပေါက်နဲ့ ကိုလာဝယ်ရတ်ဲအခါ ရှောင်းကျန့်ရဲ့ ဂျင်းပန်ပြာနဲ့ ရှပ်အဖြူကတောင် မကယ်နိုင်ပဲ တကယ်ကို ကလေးအဖေရုပ်ပေါက်တော့တာပဲ။ မိထွေးမဖြစ်ချင်ရင် ကလေးအဖေဖြစ်ရမယ်လို့ ရှောင်းကျန့်ကံကြမ္မာက သတ်မှတ်လိုက်ပုံရတယ်။

သူတို့ရုပ်ရှင်ရုံထဲဝင်တော့ အမှောင်ချပြီး ကြော်ငြာတောင်ပြနေပြီ။ လူစည်တဲ့ရုပ်ရှင်မို့ ထိုင်နေပြီးသားလူတွေကို ရှောင်ရင်းတိမ်းရင်း သူတို့ခုံနေရာရောက်တော့ ရှောင်းကျန့် မျက်လုံးပြူးသွားတယ်။ အတွဲခုံကြီး။

ဒါကြီးက ဘာလဲ နေရာမှားတာလား။

"ဟုတ်တယ် ဟုတ်တယ် ဒီခုံ"

"ဘာလို့ အတွဲခုံလဲ"

ရှောင်းကျန့်အတော် မျက်နှာပူပြီး ထူပူနေပြီ။ ယောကျာ်းလေးနှစ်ယောက်အတူတူရုပ်ရှင်ကြည့်တယ်ဆိုတာတောင် များနေပြီလေ။ ဘာလို့ အတွဲတွေကြည့်တဲ့ ဒီနှစ်ယောက်ပြူးခုံကြီးမှတဲ့လဲ။ ဒါကြောင့်နေရာလိုက်ပြတဲ့ ကလေးမက အရမ်းတွေ ပြုံးနေတာပေါ့။ ရှောင်းကျန့်က သူချောလို့ပြုံးတယ်ထင်နေတာ။

စောင်ခလေး ဋီကာ (Complete)Where stories live. Discover now