အခန်း (၂)

12.5K 1.7K 67
                                    

(Zawgyi)

အဘယ့်ကြောင့် စောင်ခလးများကိုအလိုမလိုက်သင့်သနည်း

အသက်အရွယ်က စကားပြောတယ်ဆိုတာ အဲ့ဒါပဲ။ ညက ခွေးလိုနွားလိုသောက်ပြီး ကျွဲလိုဝက်လိုအန်တဲ့ကောင်လေးက မနက်ကျ လန်းလန်းဆန်းဆန်းနေကြာပန်းတွေဖြစ်ပြီး ကောကော ဘာစားမလဲ။ ကောကော အလုပ်မရှိဘူးမလား။ ကောကော သားဈေးဝယ်ပေးရမလား။ ကောကောကိုအားနာလို့ နေ့လယ်စာချက်ကျွေးမယ်နဲ့ တတွတ်တွတ်နားပူနေချိန်

ရှောင်းကျန့်ကတော့ သန်းခေါင်ကျော် မိုးလင်းခါနီးမှအိပ်ရလို့ ချိုင့်ဝင်နေတဲ့ စကြာဝဠာမျက်တွင်းမည်းကြီးရယ်၊ အိပ်ရေးမဝလို့ တဆစ်ဆစ်ထိုးကိုက်နေတဲ့ နားထင်ကို လက်တစ်ဖက်နဲ့ထောက်၊ ဆိုဖာပေါ်တစ်ညလုံးအိပ်ထားရလို့ နာနေရှာတဲ့ခါးကို လက်တစ်ဖက်နဲ့ ဖိရင်း အရက်နာကျတဲ့ရုပ်ထွက်နေလေရဲ့။

"ပြန်တော့"

ရှောင်းကျန့်ဘက်က တစ်ခွန်းပဲ ခပ်ပြတ်ပြတ်ပြောမိတာပါ။ ဝမ်ရိပေါ်ဆိုတဲ့ ငတိလေးက ရှောင်းကျန့်ရှေ့က ကြမ်းပြင်ပေါ် ကျုံ့ကျုံ့လေးလာဒူးထောက်ပြီး

"သားမှားပါတယ် ကော။ သားကြောင့် ကောမှာ နေမကောင်းဖြစ်ရ။ စိတ်တိုရပြီ"

အေး နင်သာလျှင် စင်ဒရဲလား၊ နင်သာလျှင် စနိုးဝှိုက်၊ နင်သာလျှင် သနားစရာလူလိမ္မာ ငါက မိထွေးအို စုန်းမကြီး လုံးလုံးကို ဖြစ်လို့။

ရှောင်းကျန့် စိတ်ထဲကနေ အားရပါးရကျိန်ဆဲပေမယ့် သူ့ရဲ့ စုန်းမအိုကြီးစိတ်ဓာတ်ကိုတော့ ရင်ထဲမှာပဲ ချိုးနှိမ်လိုက်ပါတယ်။

"မင်း ငြိမ်ငြိမ်လေးထိုင်နေရင်ရပြီ"

နာနေတဲ့ ခါးလေးကိုလက်တစ်ဖက်နဲ့ ထိန်းကိုင်ပြီး ရေချိုးခန်းကို လှုပ်တုတ်လှုပ်တုတ်နဲ့ သွားနေတဲ့ ရှောင်းကျန့်ကို ရိပေါ်က အလိုက်တသိလေး လာတွဲပေးရှာတော့ ကိုယ့်ကိုယ်ကို ဘိုးဘွားရိပ်သာရောက်သွားသလိုပဲ ခံစားမိပါတယ်။

"ကော ရေချိုးပေးရမလား. . ."

စကားဆုံးအောင် မပြောနိုင်သေးခင် ရေချိုးခန်းတံခါးကို ဗြန်းခနဲမြည်အောင် ဆောင့်ပိတ်လိုက်ရတယ်။ ဒင်းကို တွဲခွင့်ပြုတာနဲ့ ရေပါချိုးပေးချင်စရာလား။

စောင်ခလေး ဋီကာ (Complete)Where stories live. Discover now