အခန်း (၇)

16.3K 1.9K 149
                                    

(Zawgyi)

အဘယ်ကြောင့် စောင်ခလေးများကို မချစ်သင့်သနည်း

"ကော နေကောင်းရဲ့လား"

သူ့ဆီထူးထူးဆန်းဆန်းဖုန်းဆက်လာတဲ့ ညီမတော် ရှောင်းယွီ ကြောင့် ရှောင်းကျန့်မှာ မလုံမလဲနဲ့။ ဟိုစောင်ခလေးလေးကို ရှောင်းကျန့်ကရှောင်နေတာ တစ်ပတ်ကျော်ပြီ။ သူ့ဖုန်းရောအကုန် ဘလော့ထားတယ်။ အမှန်ကတော့ ဟိုစောင်ခလေးလေးက သူ့စော်နဲ့ သာယာကြည်နူးပြီး ရှောင်းကျန့်ကို မေ့နေ ဖုန်းမဆက်တော့မှာကို တမျှော်မျှော်နဲ့ မခံစားနိုင်လို့ ကိုယ့်ဘက်က အရင်ဦးအောင် ဘလော့ထားလိုက်တာ။

"ကောဆီ အကြော်အလှော်လေးများကျန်သေးလားလို့"

"ငါအရင်တပတ်ကတင် နင့်ကို အများကြီးပို့ပေးထားတာ။"

"ကုန်ပြီပေါ့ကောရယ်။ တစ်ပတ်တောင်ရှိပြီလေ ကုန်ပြီပေါ့"

"ကုန်လဲ မတတ်နိုင်ဘူး။ မနက်ဖြန်ကို ငါ ကိုရီးယားသွားရမယ်။"

"အားယွီလဲလိုက်မယ်"

"မရဘူး အလုပ်ကိစ္စနဲ့"

"ဟင့်. . အဲ့ဒါဆို မုန့်ဖိုးပေးခဲ့။ မုန့်ဖိုးမပေးချင်ရင် ခရက်ဒစ်ကဒ်လေးပေးခဲ့"

"ဖနောင့်ပဲရမယ်"

ရှောင်းယွီက ဂျီကျနေရင်းကနေရုတ်တရက်အသံတိတ်သွားပြီး

"ကော. .ရိပေါ်က သူ့ကောင်မလေးနဲ့ ပြတ်သွားပြီသိလား"

ရှောင်းကျန့်ဘက်ကလဲ အသံတိတ်သွားတယ်။ သူဘယ်သိမှာလဲ အဆကိမယအသွယ်မှမရှိတာ။ ပြီးတော့ သူနဲ့ဘာဆိုင်လဲ။

"အဲ့ကောင်လေး အရှုပ်တွေ ငါဘယ်သိမှာလဲ"

"အင်းလေ အဲ့တုန်းကလဲ ကောင်မလေးက ဇွတ်တွေပြောလို့ အရှက်ကွဲတော့မှာမို့ ရိပေါ်က အားနာနာနဲ့ သဘောပဲပြောလိုက်တာ။ နောက်နေ့ကျ ချက်ချင်း သွားဖြတ်တာပဲ။ ကောက အဲ့ဒါကြောင့် သူ့ကိုရှောင်သွားတာလားလို့"

"အငယ်မ နင်ဘာတွေလာပြောနေတာလဲ"

ရှောင်းကျန့် ရှက်တာရယ် ဒေါသထွက်တာရယ်နဲ့ အော်လိုက်လဲ သူ့ဆို နည်းနည်းမှမကြောက်တတ်တဲ့ ရှောင်းယွီက မမှုပါဘူး။

စောင်ခလေး ဋီကာ (Complete)Where stories live. Discover now