Chapter 12 : Monster class (2)

2.6K 627 24
                                    

Zawgyi version

အခန်း (၁၂) မကောင်းဆိုးဝါးအတန်း

အရွယ်ရောက်နေတဲ့ Alpha တော်တော်များများကလည်း Carlo လိုဘဲ omega တွေအပေါ်တွေးထင်ကြတာဖြစ်တယ်။အပေါ်ယံမှာတော့ အဲ့ဒီ Alpha တွေဟာ omega တွေကိုကာကွယ်ရမယ်လို့ထင်ပုံရပေမယ့် သူတို့တော်တော်များများဟာ omega တွေကိုမလေးစားကြဘူး။အစွန်းရောက်နေတဲ့ Alpha တွေကတော့ သူတို့ omega ကို အိမ်မွေးတိရစ္ဆာန်လို့ တွေးထင်နေကြတယ်။

Carlo ရဲ့ ဒီအတွေးတွေကို ချက်ချင်းပြင်ပေးဖို့ လိုနေပြီ။အနည်းဆုံးတော့ သူ့ကိုအနာဂတ်မှာ လက်ထပ်မယ့် omega ဒုက္ခမရောက်အောင် လို့ပေါ့။ ဒီလိုမှမပြင်ပေးရင် သူနဲ့တွေ့ဆုံဖို ကံပါလာတဲ့ omega က တစ်ဘဝလုံး အခက်အခဲတွေကြုံရလိမ့်မယ်။ဒါကြောင့် Xiwei ကသူ့ကို ပညာပေးချင်နေတာဖြစ်တယ်။

AI ကွန်ပျူတာ အသေးလေးတွေကို ဝေပြီးတဲ့နောက်မှာတော့ ဆရာမက စိန့်ပေါ်လ်ကျောင်းရဲ့ စည်းကမ်းတွေကို ကျောင်းသားတွေကိုဖတ်ပြခဲ့တယ်။ အဲ့ဒီနောက် အတန်းရဲ့ ပထမဆုံးတွေ့ဆုံခြင်း ပြီးဆုံးသွားခဲ့တယ်။ Kelly ကကျောင်းသားတွေကို အိပ်ဆောင်တွေဆီ ပြန်ဖို့ပြောလိုက်တယ်။

Xiwei က Carlo ကို ကျောင်းဆေးခန်းဆီသွားဖို့ပြောလိုက်တယ်။ Klaire ကလည်း နောက်ကလိုက်ခဲ့တာပေါ့။

သူတို့ ကျောင်းဆေးပေးခန်းရောက်တဲ့ အချိန်မှာတော့ Randy ကအိပ်ရာဘေးမှာ ထိုင်နေခဲ့ပြီး Aiden ကလည်းနိုးနေခဲ့တယ်။အဖေနဲ့သားက တစ်ယောက်နဲ့တစ်ယောက် စကား တိုးတိုးလေးပြောနေခဲ့ကြတယ်။

Aiden က ကျောင်းသားသုံးယောက်ကို မြင်တဲ့အခါမှာတော့ လက်ရမ်းပြလိုက်ပြီး ပြောလိုက်တယ်
"Xiwei အတန်းပြီးသွားပြီလား" သူကနောက်ထပ်ကျောင်းသားနှစ်ယောက်ကို သိပ်မသိဘူး။အဲ့တာကြောင့်သူတို့နှစ်ယောက်ကို မနှုတ်ဆက်ဘဲနဲ့ Xiwei ကိုဘဲနှုတ်ဆက်ခဲ့တယ်။

Xiwei ကပြုံးလိုက်ပြီး ရှေ့ကိုလျှောက်သွားကာ Aiden လက်ကိုကိုင်လိုက်တယ်။ "အတန်းကပြီးသွားပြီ။ မင်းဘယ်လိုနေလဲ။သက်သာလား"

Aiden ကခေါင်းငြိမ့်လိုက်ပြီး "ပိုသက်သာလာပြီ"

"ငါမင်းအတွက် AI ကွန်ပျူတာလေးကိုယူလာတယ်။
ဒါနဲ့ အတန်းခေါင်းဆောင်ကလည်း မင်းကိုတွေ့ဖို့ရောက်နေတယ်" Xiwei ကပြောလိုက်ရင်း သူ့အနောက်မှာရှိတဲ့ Carlo ကိုကြည့်လိုက်တယ် "အတန်းခေါင်ဆောင် Aiden ကို မနှုတ်ဆက်တော့ဘူးလား"

 <ဘာသာပြန်>Where stories live. Discover now