Zawgyi version
အခန်း (၁၉) အသိမှတ်ပြုခြင်း
ဒီအားလပ်ရပ်တွေမှာ Xiwei ကသူ့မှာညီငယ်လေး Caesar ရှိရုံသာမက တစ်ဝမ်းကွဲ ညီလေး Brian ပါရှိလာလို့ ပျော်ရွှင်နေတယ်။ အမေနဲ့ ဦးလေးဟာ Alpha သားလေး နှစ်ယောက်ကို တစ်ယောက်ပြီး တစ်ယောက်မွေးဖွားပေးခဲ့တယ်။ ဒီလိုရှားပါးတဲ့အခွင့်အရေးမှာ ဦးလေးက သူ့သားကိုခေါ်လာပြီး နန်းတော်မှာ ခဏလာနေတယ်။ Xiwei ကသူ့မိသားစုနဲ့ တူတူနေထိုင်ရလို့ နေ့တိုင်းပျော်ရွှင်နေတယ်။
ဝမ်းကွဲညီလေး Brian က တက်ကြွတဲ့ကလေးလေးဖြစ်တယ်။သူ့လက်နှစ်ဖက်က တစ်ချိန်လုံးဆော့နေတယ်။တစ်ခါက Xiwei ကသူ့ကို စက်ရုပ် Armor အသေးစားလေးတစ်ခုပေးခဲ့တယ်။ သူကသူ့အဖေ အတိုင်းဘဲ စက်ရုပ်ကို စိတ်ဝင်စားနေခဲ့တယ်။ သူ့လက်ထဲကအရုပ်ကို လုံးဝမလွှတ်တော့ဘူး။ တကယ်လို့တစ်ယောက်ယောက်က သူ့အရုပ်ကိုကိုင်ရင် အော်ငိုတယ်။ Caser ကလည်း တစ်ယောက်ထဲငြိမ် မနေချင်တာကြောင့် လိုက်ငိုတယ်။
Alpha နှစ်ယောက်က ငိုနေပြီဆိုရင် သူတို့ကအခြားသူတွေထက် အသံပိုကျယ်တယ်။ သူတို့နှစ်ယောက်အကြည်ချင်းဆုံပြီဆိုရင် ငိုကြတယ်။ သူတို့ရဲ့ငိုသံတွေဟာ Trent ကိုခေါင်းကိုက်စေတာကြောင့် မိဖုရားနန်းဆောင်အနီးအနားကိုလာဖို ငြင်းဆန်လေ့ရှိတယ်။တော်ဝင်အစောင့်တွေရဲ့ ခေါင်းဆောင် Craig တောင်မှ တိတ်တိတ်လေး ထွက်ပြေးရတယ်။ အဲ့တာက ဦးလေး Berg ကို စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် နောက်ဆုံးမှာတော့ Brain ကိုအိမ်ပြန်ခေါ်သွားခဲ့တယ်။အဲ့အချိန်ကျမှ Caser ကလည်း တိတ်သွားပြီး သူ့အမေရင်ခွင်ထဲမှာ နို့သောက်နေလေ့ရှိတယ်။
မိဖုရား Anna က Xiwei ကိုစိတ်မပါစွာနဲ့ပြောလိုက်တယ် "သားညီလေးက ဘာလို့တစ်ချိန်လုံးငိုနေတာလဲ။သားငယ်ငယ်တုန်းကဆိုရင် ငိုတာဆိုတာရှားတယ်"
Xiwei ကသူ့ညီလေးရဲ့ ခေါင်းကိုထိပြီး ပြုံးလိုက်တယ် "သူက Alpha ဖြစ်လို့ထင်တယ်။ Alpha တွေက သန်မာကြတယ်လေ။ ဒါကြောင့် သူငယ်ငယ်ကတည်းက တခြားကလေးတွေထက် အသံအကျယ်ကြီး အော်ငိုနိုင်တာနေမှာ "
Anna ကပြောတယ် "Klaire ကလည်း Alpha ဘဲလေ။ သူမင်းနဲ့ဆော့တဲ့အချိန်မှာ ဘယ်တော့မှမငိုဘူး။သူကမင်းကို ဖက်ထားရတာကိုတောင်ကြိုက်သေးတယ်"
YOU ARE READING
<ဘာသာပြန်>
Science FictionZawgyi Version ရုပ်ရှင်လောကမှာ အကျော်ကြားဆုံးသရုပ်ဆောင်ဖြစ်တဲ့ Ji Ran ဟာသူ့ရဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံးသရုပ်ဆောင်ဆုကိုရရှိပြီးနောက်တစ်နေ့မှာ ယာဉ်တိုက်မှုကြောင့်သေဆုံးခဲ့ရတယ် သူပြန်လည်မွေးဖွားခဲ့ပြီးနောက် သူ့ရဲ့ငယ်သူငယ်ချင်းလေးကို ကလေးပီပီ အနိုင်...