Chapter 18 : Recognition (2)

2.4K 575 7
                                    

Zawgyi version

အခန်း (၁၈) အသိမှတ်ပြုခြင်း

Alpha သားတစ်ယောက်မွေးဖွားလာတာဟာ အရှင်မင်းကြီးနဲ့ မိဖုရားတို့အတွက် ပျော်ရွှင်စရာဖြစ်ရုံမက အင်ပါယာတစ်ခုလုံးအတွက်ပါ သတင်းကောင်းဖြစ်တယ်။

အဲ့ဒီညမှာဘဲ အင်ပါယာမှာ ထွက်သမျှ သတင်းတိုင်းရဲ့ ခေါင်းစီးဟာ လေးယောက်မြောက်မင်းသားလေးမွေးဖွားခြင်းဆိုတာနဲ့ ပြည့်နေတယ်။ Trent ဟာလည်း ဒီလိုပျော်ရွှင်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်ကြောင့် နန်းတော်ထဲမှာ ပွဲကျင်းပခဲ့ပြီး စစ်ဘက်ရေးရာ ဗိုလ်ကြီးတွေနဲ့ တော်ဝင်မိသားစုနဲ့ ရင်းနှီးတဲ့သူတွေအားလုံးကိုပါ ဖိတ်ခဲ့တယ်။

ဗိုလ်ချုပ်ကြီး Byron နဲ့ လေဒီ Grace ဟာလည်း ဖိတ်ကြားခံရတဲ့ထဲမှာပါခဲ့တယ်။ သူတို့က Klaire မပါဘဲ omega သားငယ်လေးနဲ့အတူသာ တက်ရောက်ခဲ့တယ်။

Mrs.Grace ကမိဖုရားကို နန်းတော်ထဲမှာတွေ့ဖို့ရောက်လာတဲ့အခါ Xiwei ကချက်ချင်းမေးလိုက်တယ်
"အန်တီ Klaire ရောဘယ်မှာလဲ"

Grace ကပြုံးပြီးဖြေလိုက်တယ် "သူကစာမေးပွဲမှာ အမှတ်ကောင်းကောင်းမရခဲ့လို့ သင်ခန်းစာတွေကိုပြန်ကြည့်ဖို့ အိမ်မှာနေခဲ့တယ်"

Xiwei ကတော့ အဲ့ဒီပျင်းရိပြီး တစ်နေကုန်အိပ်ချင်နေတဲ့ကောင်လေးက အိမ်မှာ နာခံစွာထိုင်ပြီး စာကျက်နေမှာကိုတော့ မယုံနိုင်ဘူး။ သူ့နန်းဆောင်ကိုပြန်ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့အိမ်ထိန်းစက်ရုပ်ကို Klaire ဆီဆက်သွယ်ဖို့ခိုင်းခဲ့ပေမယ့် ထူးဆန်းစွာနဲ့  မကိုင်ခဲ့ဘူး။

အဲ့ဒီအချိန်မှာတော့ Klaire က တစ်စုံတစ်ယောက်ကိုတွေ့ဖို့ အိမ်နောက်ကနေခိုးထွက်နေခဲ့တယ်။
သူက ဂျွန်၂၁ ရက်မှာမွေးပြီး စိတ်ကျန်းမာရေးကုသမှု မှတ်တမ်းရှိတဲ့ Beta ကောင်လေးတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ကောင်လေးရဲ့အတွေ့အကြုံက သူနဲ့တော်တော်ဆင်တယ်။ Klaire ကပုံမှန်အားဖြင့် ဒီကောင်လေးမှာ Ji Ran မှန်ဥာဏ်ရှိလိမ့်မယ်လို့ တွေးမိတယ်။သူမှတ်ဥာဏ်နိုးထလာတာကြောင့် စိတ်ကဆင့်ကလျားရောဂါဖြစ်တယ်ဆိုပြီး ဆေးရုံသွားခဲ့ရတာဖြစ်တယ်။

ရလဒ်အနေနဲ့ သူက ကောင်လေးရဲ့အိမ်ကို ပြေးသွားခဲ့တယ်။သူ့စိတ်ကူးထဲကနဲ့ ကောင်လေးဟာ လုံးဝကွဲပြားနေတယ်ဆိုတာကို တွေ့ခဲ့ရတယ်။

 <ဘာသာပြန်>Where stories live. Discover now