2004 ဒီဇင်ဘာညမှာကြယ်တွေကြွေတာကြည့်ရင်း ဆုတောင်းဖူးတယ်
မိုးမခပင်တွေတည်နေတဲ့ နေရာလေးမှာအိမ်လေးတစ်လုံးလောက်ကိုယ်တိုင်ဆောက်မယ်
ဆောင်းဦးကုန်ရင် တဖြည်းဖြည်းကြီးပြင်းလာမယ့် မိုးမခပင်တွေကိုအရိပ်တကြည့်ကြည့်နဲ့ ကြည့်နေမယ်
အရမ်းကိုပျော်ရွှင်နေမှာသေချာတာပေါ့
ကိုယ်ချစ်တဲ့မိုးမခပင်တွေရယ်
ပြီးတော့ဆောင်းအလွန်နွေဦးရဲ့လေပြေညင်းတွေရယ်.......ဘယ်လိုအရာမျိူးနဲ့မှ ချည်နှောင်မခံချင်တဲ့ ကိုယ်က သစ်ရွက်ခြောက်လေးတွေကိုတော့တယုတယထွေးပွေ့ပေးချင်ပါတယ်တဲ့လေ
အဆုံးသတ်ကိုကြိုသိနေတဲ့ဇာတ်သိမ်းတစ်ခုကိုနာကျင်နေရရင်တောင်ဖက်တွယ်ထားချင်နေတာ အတ္တတွေကြီးပြနေရတာ တခါတလေတော့ရယ်စရာကောင်းသား
မိုးစက်တွေကတစ်ဆင့်ကိုယ့်ကိုလှောင်ရယ်နေသံကိုယ်ကြားရတာပေါ့ ဒါပေမယ့် နောက်ဆုံးဝင်သက်ထွက်သက် မှာတောင် မိုးမခပင်ခြေရင်းမှာပဲ ကုန်လွန်သွားချင်ခဲ့တာ.......
4:44
28/Tues
![](https://img.wattpad.com/cover/222763019-288-k45874.jpg)