Bad Boy - 5

606 41 0
                                    


ရီပေါ်တစ်ယောက် ဖူးယောင်နေသော
မျက်နှာဖြင့် အိမ်ကိုအစောကြီးပြန်လာကာ အိမ်ခန်းအောင်းနေသော‌ကြောင့် လောင်ရှီတစ်ယောက် ရီပေါ်အား ဖြစ်ကြောင်းကုန်စင် မေးမြန်ကြည့်လေသည်။
သို့သော် ရီပေါ်ကဘာမြှပန်မပြောဘဲ တေမိလုပ်နေသောကြောင့် လောင်ရှီတစ်ယောက်  ကြံရာမရသည့်အဆုံး
ကျောင်းကိုသာ သွား၍ဖြစ်ကြောင်းကုန်စင်ကို ကျောင်းသားအချို့ဆီမှ စုံစမ်းမေးမြန်းကြည့်လေသည်။

ဖြစ်ကြောင်းကုန်စင်ကို သိပြီးသွားသောအခါ လောင်ရှီတစ်ယောက် မိမိ၏သား ကဲ့သို့
ချစ်ခင်ရသော တူ (တစ်နည်း ) သူတို့အား တစ်ကူးတက စာလာပြပေးသော သူအား မလေးစားသည့်အပြင် ဒဏ်ရာအနာတရပါဖြစ်စေသည့်အတွက် လောင်ရှီတစ်ယောက် ‌ရှောင်ကျန့်ကိုအလွန်ဒေါ်သထွက်လေသည်။
သို့သော်လည်း မိမိသခင်၏သားတစ်ယောက် ဖြစ်သည့်အတွက် နောက်ဆုံးအခွင့်ရေးအနေနဲ့ ရီပေါ်ကျေနပ်သည်အထိ ရှောင်ကျန့်ကို ‌တောင်းပန်ခိုင်းမည်ဟု တွေးလိုက်လေသည်။

သို့သော် လောင်ရှီအတွေးမဆုံးသေး..........
နားနေဆောင်ခန်းထဲသို့ မျက်နှာငယ်လေးနှင့် ဝင်လာကျသော ‌Fခန်းက ကျောင်းသားအုပ်စု ........

"ဘာလာ လုပ်ကြတာလဲ?!!!!....." ဟုဆိုကာ လောင်ရှီက မျက်နှာတည်တည်နှင့်မေးတော့......

"ဆရာ .....ကျွန်တော်တို့ ဆရာလေးကို တောင်းပန်ချင်လို့ပါ .......အဲ့တာ ဆရာလောင်ရှီက ဆရာလေးရီပေါ်ကို ကျောင်းလာဖို့ ပြောပေးပါနော်...
ပြီးတော့ စာသင်ခန်းထဲမှာ ဘောလုံး‌ဆော့မိတာ ကျွန်တော်တို့ မှားတာဆိုပေမဲ့ ဆရာလေးကို တမင်ပစ်လိုက်တာ မဟုတ်ပါဘူး......" ဟုဆိုကာ
ကျောင်းသားအများစုရဲ့ စကားသံအဆုံး လောင်ရှီတစ်ယောက် ရှောင်ကျန့်၏မျက်နှာအား
တစ်ချက်ဝှေ့ကြည့်လိုက်လေသည်။ တကယ်စိတ်မကောင်းသည့် မျက်နှာအနေထားဖြစ်နေသည်မို့ ရီပေါ်အားတောင်းပန်မည့်ကိစ္စတွင်
ကူညီရန်ဆုံးဖြတ်လိုက်လေသည်။

"ကောင်းပြီးလေ ငါကူညီမယ်....."

"ဟုတ် ကျေးဇူးပါပဲ ဆရာ......"

......................................................................

ထိုညနေက လောင်ရှီတစ်ယောက် ရီပေါ်အား
အရေးကြီးကိစ္စရှိ၍ ကျောင်းသို့အမြန်လာရန်
ဖုန်းခေါ်လိုက်လေသည်။ရီပေါ် တစ်ယောက်
ထိုနေ့က ကိစ္စကို  စိတ်ဆိုးသည့်အပြင်၊ ရှက်လည်းရှက်နေ‌သေး‌သော‌ကြောင့်  ကျောင်းသို့မလာရန်တွေးထားသော်လည်း ဦးလေးလောင်ရှီက အရေးကြီး၍ ကျောင်းသို့ အမြန်ဆုံး လာရန် ပြောသော‌ကြောင့် ရီပေါ်တစ်ယောက် အိမ်နေရင်းဝတ်သော  စွယ်တာအဟိုက်လေးနှင့်ပင် ကျောင်းသို့‌ အမြန်သွားလေသည်။

BAD BOY Where stories live. Discover now