"အခု စာသင်ခန်းထဲမှာ ခင်ဗျားတို့ သုံးယောက်ပဲ ကျန်တော့တယ် ......
အခြားသူတွေတော့ အိမ်စာပြီးလို့ ပြန်ကြကုန်ပြီး........""အေးပါကွာ ငါတို့လည်းလုပ်နေပါတယ်......"
ရှောင်ကျန့် - "ဒါနဲ့ အိမ်စာက အိမ်မှာလုပ်ရတာမလား?........
ဘာလို့ ငါတို့ကမင်းနဲ့အတူ ကျောင်းမှာ ထိုင်လုပ်နေရတာလဲ?......""ဘာလို့လဲ ဆိုတော့ ဆရာလောင်ရှီကပြောတယ်.....
Fခန်းက ကျောင်းသားကျောင်းသူတွေထဲမှာ ခင်ဗျားတို့သုံးယောက်ကလွဲရင် အကုန်စိတ်ချလို့ရတယ်တဲ့........
အဲ့တာကြောင့် ခင်ဗျားလေးတို့ စာတွက်ပြီးတဲ့အထိ
ထိုင်စောင့်နေဖို့ ကျွန်တော့်ကို မှာထားတာ .........
ပြီးတော့ ခင်ဗျားလေးတို့က စာမေးပွဲဖြေတာ သုံးယောက်ပေါင်း ၁၀မှတ်မပြည့်ကြဘူးဆို......""ဘာကွ!!!!!!!! ........ သေချင်းဆိုးလေး !....."
ဟုဆိုကာ ရှောင်ကျန့်တို့ သုံးယောက်သား အံကိုကြိတ်ပြီး ပြိုင်တူအော်လိုက်သောကြောင့် ရီပေါ်ကိုယ်လေး တုန်တက်သွားလေသည်။ထိုအခါမှ ရီပေါ်တစ်ယောက် မိမိစကားမှားသွားပြီးဆိုတာကို သိ၍ .......
မချိုမချဉ်မျက်နှာလေးဖြင့် ရှောင်ကျန့်တို့သုံးယောက်အား ပြုံးပြကာ ..…...."အာ !! ကျွန်တော် ပြောချင်တာကလေ.......
အကိုတို့ကလေ နှစ်လည်းကြီးပြီးဆိုတော့.....""ဘာ!!!!!!!......မင်းသေချင်နေပြီးလာ?!!...."ဟု
ဆိုကာ ရီပေါ်အား ဆွဲထိုးမည် တကဲကဲလုပ်နေသော
လူသုံးယောက်ကြောင့် .........ရီပေါ်တစ်ယောက်
လန့်ဖြန့်ကာ ......"မ...မဟုတ် ကျွန်တော် ပြောချင်တာကလေ......
အကိုတို့က စီနီယာကျနေပြီးဆိုတော့လေ .....
ဂျူနီယာလေးတွေထက် အမှတ်ပိုရသင့်တယ်လို့ ပြောတာပါ....." ဟုဆိုကာ ကိုယ်လေးကျုံ့ပြီး ခေါင်းငုတ်ကာ မျက်ရည်များ ကျနေသောကြောင့် ရှောင်ကျန့်တို့ ရီပေါ်အားခြောက်တာ များသွားမှန်း သိလိုက်ရလေသည်။ကျန်ချန်း + ယီဘင် - " ထားပါတော့ ...... ဒါဆိုလည်း မင်းငါတို့မရတဲ့ စာတွေ ရှင်းပြလေ ....... မြန်မြန်ပြီးရင် မြန်မြန်ပြန်ကြတာပေါ့........"ဟု
YOU ARE READING
BAD BOY
Fanficခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့......... ဂိုက်ပေါက်စလေးတို့ရဲ့ ........ အတ္တု ုပတ္တိ.........