ရီပေါ်နှင့် ရှင်းချန်းတို့ နားနေဆောင်မှ ထွက်အလာ
မိမိတို့ဆီအား အမြန်ပြေးလာနေသော ဟောက်ရွမ်ကြောင့် ရှေ့ဆက်သွားမည့် ခြေလှမ်းများရပ်တန့်သွားလေသည်။အမြန်ပြေးလာရသောကြောင့် ချွေးများထွက်နေသော ဟောက်ရွှမ်ကို အသက်ဝဝရှူခိုင်းလိုက်ပြီး.........
"ဘာဖြစ်တာလဲ ?....ကျောင်းသား ....."
"ဟို ...ဟိုလေ....ရှောင် .....ရှောင်ကျန့်......
သူတစ်ကိုယ်လုံး ပူကျစ်နေပြီး ခြေဖျားလက်ဖျားတွေလည်း အရမ်းအေးနေလို့ ......
အာ့တာ ဘာဖြစ်လဲ မသိဘူး......ဆရာလေးတို့ .....
ကူ....ကူညီကြပါဦးလာ?....."ဟူသော ဟောက်ရွှမ်၏စကားအဆုံးမှာ အခန်းထဲသို့ အမြန်ပြေးဝင်သွားသော ရီပေါ်တို့ .......ရီပေါ်တစ်ယောက် အခန်းထဲ ရောက်ရောက်ချင်း
ခုံတွင်မှောက်အိပ်နေသော ရှောင်ကျန့်၏အနားသို့သွားကာ ရှောင်ကျန့်၏နဖူးလေးအား လက်ချောင်လေးများဖြင့် အပူချိန်တိုင်းရန် တို့ထိလိုက်လေသည်။"အာ ! ကိုယ်တွေ အရမ်းပူနေတာပဲ......
ရှောင်းကျန့် ! ခင်ဗျား ထနိုင်သေးလား?.....
ကျွန်တော် ဆေးခန်းလိုက်ပို့ပေးမယ်....."ဟုဆိုကာ ရှောင်ကျန့်ကိုယ်လေးအား ထူနေသော ရီပေါ်၏လက်ကို ရှောင်ကျန့်က တားလိုက်ပြီး......"ဆေးခန်း မသွားချင်ဘူး........
အိမ်ပဲ ပြန်ချင်တယ်......အိမ်ကို ပဲ ...
လိုက်ပို့ပေးပါ ..." ဟု ပြောလာသောကြောင့် .....
ရီပေါ်က ရှင်းချန်းအား စာသင်ခန်းတွင် ထားခဲ့ပြီး....
ရှောင်ကျန့်အား အိမ်ပြန်လိုက်ပို့ရန် ကျောင်းအပြင်သို့ တွဲသွားလေသည်။ကျောင်းအပြင်ရောက်ရောက်ချင်း တက္ကစီငှားရန်ပြင်နေသော ရီပေါ်ကို ရှောင်ကျန့်ကတားလိုက်ပြီး စက်ဘီးနှင့်သာ ပြန်ရန် ပြောလေသည်။
"တက္ကစီနဲ့ မပြန်ချင်ဘူး.........စက်ဘီးနဲ့ပဲ ပြန်ကြရအောင်......."
"ဟမ်!! ဘာလို့လဲ ?? ......တက္ကစီနဲ့ပြန်ရင် သက်သောင့်သက်သာနဲ့ ထိုင်နေလို့ရတယ်လေ......."
"ဟင်အင်း .....မပြန်ချင်ဘူး......
တက္ကစီနံ့က မူးတယ်......"
ဟုဆိုကာ စက်ဘီးနှင့်ပြန်မည်တကဲကဲ လုပ်နေသောကြောင့် ရီပေါ်လည်း စက်ဘီးရုံမှ စက်ဘီးထုတ်ကာ ရှောင်ကျန့်အား တင်၍ နင်းရလေသည်။
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့......... ဂိုက်ပေါက်စလေးတို့ရဲ့ ........ အတ္တု ုပတ္တိ.........