"ကယ်!! ဒီနေ့တော့ ဘာမှသင်စရာမရှိဘူး စာကျက်ထားကြ မနက်ဖြန် စာမေးပွဲ
ဖြေရမယ်မလား?.......""ဟုတ်ကဲ့ ဆရာလောင်ရှီ......
ဒါနဲ့ ဆရာ .......
ဒီလစာမေးပွဲအမှတ်က ကျွန်တော်တို့ကို အခန်းခွဲမှာဆို .......အဲ့တာ တကယ်လား?....ဆရာ..""အေး ဟုတ်တယ် .......
အဲ့ဒါကြောင့်မို့ ကြိုးစားကြ ကြားလား?.....""ဟုတ်ကဲ့ ဆရာ....."
"ဒါနဲ့ ဟိုနှစ်ဆွေးသုံးကောင်လည်း စာကျက်ထားကြ!!.......ကြားလာ?!....."
"ဟုတ် !....." ဟုဆိုကာ ပျင်းရိပျင်းတွဲ သံနှင့် ပြန်ဖြေသော ရှောင်ကျန့်တို့ အုပ်စုကို ဆရာလောင်ရှီ
တစ်ယောက် ကိုင်ပေါက်ပစ်ချင်လောက်သည်အထိ
ဒေါ်သထွက်နေပြီ ဖြစ်သည်။......................................................................
စာမေးပွဲ ဖြေစဉ်သကာလ ........
" ရှောင်ကျန့်!! ၊ ယီဘင်!! ၊ ကျန်ချန်း !!!.......
မင်းတို့သုံးယောက်ခုံက ဘာလို့ကပ်နေတာလဲ?.....""မသိဘူးလေ.....ဆရာ....."
"သိတာတွေ မသိတာတွေ လုပ်မနေနဲ့ ......
ခုချက်ချင်း ခုံတွေ ပြန်ခွာစမ်း!.......""ဟုတ်...."
စာမေးပွဲစဖြေစဉ်ကာလ ၁၀မိနစ်မှာ ခွာထားတဲ့
စားပွဲခုံသုံးခုံ က ကပ်သွားခဲ့ပြီး........
နောက်ထပ်၁၅ မိနစ်မှာ ဆရာလောင်ရှီက ပြန်ခွာခိုင်းသဖြင့် ထိုခုံသုံးခုံမှာ
ကပ်နေရာမှ ပြန်ခွာသွားခဲ့လေသည်။ဤကဲ့သို့ စာဖြေချိန်တစ်လျှောက်လုံး ထိုခုံသုံးခုံမှာ
ကပ်လာလိုက် ခဏအကြာ ဆရာလောင်ရှီက အော်လို့ ပြန်ခွာလိုက်နဲ့ စာဖြေကြရာ စာမေးပွဲစစ်သည့်ကာလပင် ကုန်ဆုံးခဲ့လေသည်။အရင်အချိန်များတွင် ရှောင်ကျန့်တို့သုံးယောက်ကို ဆရာများက လွှတ်ထားပေးသောကြောင့် ကျောင်းတွင်နေချင်သလိုနေကာ လူဆိုးဗိုလ်လုပ်နေသော်လည်း............
ယခုနှစ် ပြောင်းလာသည့် ဆရာလောင်ရှီသည်
ရှောင်ကျန့်ပါး၏ လူယုံဖြစ်သည့်အပြင် ဟိုနေ့က ရှောင်ကျန့်၏ အပြုအမူတွေကို ရှောင်းလူအား တိုင်လိုက်သောကြောင့် ရှောင်ကျန့်တစ်ယောက်
စိတ်မကောင်းစွာဖြင့်မုန့်ဖိုး ဖြတ်ခံခဲ့ရလေသည်။
ထိုနေ့မှစ၍ ဆရာလောင်ရှီသည် ကျောင်းချိန်တွင်
ရှောင်ကျန့်၏ တစ်နေ့တာ လှုပ်ရှားမှုကို ရှောင်းလူအား တင်ပြရလေသည်။ထို့ကြောင့်
ရှောင်ကျန့်တစ်ယောက် ဆရာလောင်ရှီကို သိပ်ဗိုလ်မကျရဲတော့ပေ။
YOU ARE READING
BAD BOY
Fiksi Penggemarခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့......... ဂိုက်ပေါက်စလေးတို့ရဲ့ ........ အတ္တု ုပတ္တိ.........