ပိုင်ဆိုင်ခွင့်လေး
#ပန်းခြယ်ရီ
Part (2)
မင်္ဂလာပွဲ ရောက်ဖို့ ၃ရက်အလိုမှာ...ဦးမြင့်ဆွေ အချိန်မှီ ရောက်လာသည်...။
မင်္ဂလာ ရက်နဲ့ နီးလေ သူတို့ အချိန်တွေ မအားလပ်လေ....။
မင်္ဂလာ ပွဲနေ့~~~~~
တခြား မင်္ဂလာ မောင်နှံ လို သတို့သား နဲ့ သတို့သမီး မင်္ဂလာ ကား ကို အတူ စီးရတာ..မဟုတ်...။
သူ့ဘက်မိဘ ကိုယ့်ဘက်မိဘ တွေနဲ့သာ ခန်းမဆီ လာခဲ့ရ၏...။
ခန်းမရှေ့မှသာ အလင်းရောင် က သူ့မိဘတွေနဲ့အတူ သတို့သမီး အလာ ကို စောင့်နေကြသည်..။ကျွီ....
"...ဟော...လာကြကုန်ပြီ...သားရေ..."
အလင်းရောင် ကားဘက် တစ်ချက် လှည့်ကြည့်တော့~~~
ပန်းဆီဖျော့ဖျော့လေးနဲ့ မြန်မာဆန်လှပပြီး...
ကျက်သရေ ရှိနေသော...မိန်းကလေး
အိနြေ္ဒ ရှိစွာ...လျှောက်လှမ်းလာနေသော..
အလင်းရောင် ရဲ့ သတို့သမီး
သူမ၏ တင့်တယ်မှုကို ပေါ်လွင်စေသော ဆံထုံး...အခုမှသာ ကြယ်စင် ကို သတိမပြု မိဘဲ ကြည့်မိသည်လေ...
မမြင်တာ ကြာတဲ့ ကာလအတောအတွင်း သူမ က ရိုးရိုးယဉ်ယဉ် အလှအပ နှင့် အရွယ်ရောက်လာပြီလေ...။
ဟွန့်...ငါ့ကို မိဘ အားကိုးနဲ့ အပိုင်သိမ်းတဲ့ မိန်းမ...ငါ့ကို အလှအပ နဲ့ ရစ်ပတ်နေလည်း မင်းစိတ်ဓာတ် က ရော လှပပါ့မလား~~~
"...စောင့်နေတာ ကြာပြီလား.."
"..မကြာသေးပါဘူး...အောင်နိုင်ရာ..ငါတို့ လည်း အခုမှ ရောက်တာ.."
"...ငါ့သမီးလေး...အမလေး ကျက်သရေ ရှိလိုက်တာ သမီးရယ်...ငါ့သမီးလေး အရမ်းလှနေတာ..ငါ့သမီးလေး ကို သားနဲ့ လက်ဆတ်ပေးလို့ပေါ့...ဒီလို သမီးလေးကို အပိုင်ရရတာ.."
"...အန်တီမေထား ကလည်း...အရင်ကတည်းက ကြယ်စင် က အန်တီ့သမီးပဲကို..."
"...ဟုတ်ပါပြီကွယ်.."
"...ဒေါ်ခင်ထား..စကားတွေ တော်သင့်ပြီ..မင်္ဂလာ ပွဲ စရအောင်..."
"...ဟုတ်တယ်...သွားကြရအောင်.."
"..သမီး..သား အလင်းရောင် လက်ကို ချိတ်ထားနော်.."
YOU ARE READING
ပိုင်ဆိုင်ခွင့်လေး (Unicode)
Romanceကြယ်စင်နဲ့အလင်းရောင်က အချင်းချင်း သိရုံတင် သိခဲ့ကြတဲ့ သူတွေပါ.. မိဘချင်း ခင်မင်ရင်းနှီးကြလို့ပါ ကြယ်စင်က အလင်းရောင် ကို ခိုးချစ်နေခဲ့တာ.. သူမရဲ့ အချစ်ဦး ပေါ့.. သို့သော် ငါတို့နှစ်ယောက် ကံကြမ္မာ လှည့်စားမှုကြောင့် ဝေးကွာခဲ့ရတယ်.. ကံကြမ္မာ ရဲ့ ပြန်လ...