Part (20)

6.4K 199 1
                                    

ပိုင်ဆိုင်ခွင့်လေး

#ပန်းချယ်ရီ

Part ( 20 )

"...ကိုယ် သွားပြီ...ဖြေးဖြေး လည်း မောင်းပြန်ဦး..."

"...အင်းပါ...လှိုင် သွားတော့မယ် နော်..."

"...အင်း...တာ့တာ.."

"...တာ့တာ.."

လှိုင်ပွင့်ဝေ ကားမောင်းသူ နေရာ ထိုင်ခုံ မှာ ထိုင်၍ အလင်းရောင် ကို လက်ပြနှုတ်ဆက်ပြီး ကားမောင်း ထွက်သွား သည်...။

"...ဆရာလေး...ပြန်လာပြီလား..."

"..အွန်း..."

အလင်းရောင် ဖိုးခွား အမေးကို ပြန်ဖြေပြီး...လှေကား ပေါ် တက်ပြီးမှ~~~

"...ကြယ်စင် ရောက်လာသေးလား.."

"...ဟုတ်ကဲ့..."

"...သူ ပြန်သွားပြီလား...ပြန်သွားတာ ဘယ်လောက်ကြာပြီလဲ...တန်း ပြန်သွားတာလား..."

"....သူ တန်းမပြန်ဘူးဗျ...ကျွန်တော် တို့ နဲ့ ထမင်းဟင်း တွေ စားပြီးမှ...ပြန်တာဗျ..."

"...အော်...သူ အခုလောက်ဆို.. အိမ် ပြန်ရောက်သွားပြီပေါ့..."

"...ရောက်ပြီထင်တယ်...ဆရာ မိုးသောက် ပြန်လိုက်ပို့တာ ဆိုတော့ ကျွန်တော် လည်း အတပ် မပြောတတ်ဘူး ဗျ..."

"...ဘယ်လို...မိုးသောက် လိုက်ပို့တာ..."

"...ဟုတ်ကဲ့ဗျ...ဆရာလေး ကတော် ကို ဆရာ မိုးသောက် အိမ် ပြန်လိုက်ပို့ပေးမယ် ဆိုပြီး ခေါ်သွားတယ်...."

"...သူက ဘယ်ကနေ ဘယ်လို လိုက်ပို့တာလဲ...လမ်းမှာ တွေ့ဖြစ်ကြတာလား..."

"...မဟုတ်ဘူး ဗျ...နေ့လယ်စာ ထမင်းစားချိန် ဆရာ မိုးသောက် လည်း ရောက်လာတာနဲ့ အားလုံး ထမင်း အတူ စားပြီးမှ ဆရာလေး ကတော် ကို သူပဲ လိုက်ပို့ပေးမယ် ဆိုပြီး ခေါ်သွားတယ်ဗျ..."

"...အင်း..."

အလင်းရောင် လှေကားထစ် တွေ ကို တစ်ထစ်ချင်းစီ တက်ရင်း~~~

ဒီကောင်...နေ့လယ် စာ စားချိန်ဆို...ဒီကိုပဲ ရောက်လာနေတာ...ပြီးတော့
သူက ဘာကိစ္စ ကြယ်စင် ကို လိုက်ပို့ရတာလဲ...
ကြယ်စင် ကရော...သူ လိုက်ပို့မယ့် ကိစ္စ ကို...
မငြင်း ဘူးလား....
ကိုဖိုးခွား ကရော...သူပဲ လိုက်ပို့နေကျ ကို ဘာလို့...ဒီနေ့မှ အိမ်ပြန် လိုက်မပို့တာလဲ...

ပိုင်ဆိုင်ခွင့်လေး (Unicode)Onde histórias criam vida. Descubra agora