ပိုင်ဆိုင်ခွင့်လေး
#ပန်းခြယ်ရီ
Part ( 15 )
"....ဟာ..စားကောင်းလိုက်တာ...ကြယ်စင် ကိုယ်တိုင် ချက်ထားတာလား..."
"...ဟုတ်တယ်..."
"...ဝိုး...မထင်ထားဘူး...ဟင်းချက်ကောင်းမှန်း..."
"...အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး...စားကောင်းတယ် ဆိုလို့ တော်ပါသေးတယ်..."
"...မြှောက်ပြောတာ မဟုတ်ဘူးဗျ...တကယ် စားကောင်းလို့ စားကောင်းတယ် ပြောတာ..."
"...ကျေးဇူး ပါရှင်...ထည့်စားနော်...အားမနာ ပါနဲ့.."
"...စိတ်ချ..ကျွန်တော် က အားနာ တတ်တဲ့ စိတ် ရှိကို မရှိဘူး..."
"...ခ်ခ်..."
နှစ်ယောက်သား လိုက်ဖက်ချက်...
တစ်ယောက်က ပင့်မြှောက်ပြောနေတာ ကို အဟုတ် ထင်နေတဲ့ သူနဲ့....။
မပြောလိုက်ချင်ဘူး..."...အော်...ငါ့ကောင်ကြီး ဒီလက်ရာ တွေကြောင့် အပြင်စာ စားရင် ရုပ်က မှုန်ကုတ်နေတာကိုး..."
"...ယျောင့်..."
"...ရှင်..."
အလင်းရောင် နှင့် ကြယ်စင် ပြိုင်တူ ပြောလိုက်တော့...
"...ကြယ်စင် သိလား...ကျွန်တော် ပြောပြမယ်...ဒီကောင့်ကို အပြင်မှာ ထမင်း ထွက်စားရင် သံပုရာသီး ဖင်ချံ ု့လိုပဲ ...ရှုံ့တွနေတာပဲ...ကြည့်ရဆိုးလိုက်တာဗျာ..."
"...ယျောင့်...အပိုတွေ မပြောနဲ့..."
"...ဘာ အပိုလဲ...လိုတောင် လိုနေသေးတယ်..."
"...ယျောင့်..."
ကြယ်စင် တိတ်တဆိတ် ခိုးပြုံးမိသည်....။
ဒါ ကိုမိုးသောက် အမှန်ပြောတာပဲ ဖြစ်ဖြစ်...အမှား ကို ပြောသည်ဖြစ်ဖြစ်...
ကြယ်စင် အမှန် ဘက်ကိုပဲ တွေးမည်....
အမှန် ဘက် ကိုပဲ ထင်မည်...
သူ...ကြယ်စင် ချက်ကျွေးတဲ့ ဟင်းလက်ရာ တွေကို ကြိုက်လို့ ကြယ်စင် ပျော်ပါသည်...။
သူ့အတွက် ကြယ်စင် တစ်သက်လုံး ချက်ပြုတ် ပေးရမည် ဆိုလည်း...ကြယ်စင် မညီးညူ ဘဲ
ချက်ပြုတ်မည်...။
ပင်ပန်းနေလည်း...ကြယ်စင် ချက်ကျွေးမယ်...
ပင်ပန်းမည်လို့လည်း...မထင်ပါ....။
YOU ARE READING
ပိုင်ဆိုင်ခွင့်လေး (Unicode)
Romanceကြယ်စင်နဲ့အလင်းရောင်က အချင်းချင်း သိရုံတင် သိခဲ့ကြတဲ့ သူတွေပါ.. မိဘချင်း ခင်မင်ရင်းနှီးကြလို့ပါ ကြယ်စင်က အလင်းရောင် ကို ခိုးချစ်နေခဲ့တာ.. သူမရဲ့ အချစ်ဦး ပေါ့.. သို့သော် ငါတို့နှစ်ယောက် ကံကြမ္မာ လှည့်စားမှုကြောင့် ဝေးကွာခဲ့ရတယ်.. ကံကြမ္မာ ရဲ့ ပြန်လ...