#Zawgyi
Jimin သေမင်းတောင်ကြားကနေ Jungkook
ကိုကယ်ထုတ်လာခဲ့ပြီးလုံခြုံလောက်မယ်ထင်တဲ့နေရာကျမှမြေပြင်ပေါ်ကိုဆင်းသက်လာခဲ့သည်။သူမြေပြင်ပေါ်ရောက်ရောက်ချင်းဘဲသူ့ ရင်ခွင်ထဲမှာရှိနေတဲ့ Jungkookကသူ့ လက်မောင်းကြားထဲကနေ
ရုန်းထွက်ကာ ပြေးထွက်သွားတော့လေသည်။Jungkookအခုသူလုပ်ရမှာကတော့အခုရောက်ရှိနေတဲ့နေရာကိုစူးစမ်းရန်ဘဲဖြစ်သည်။
ဘေးပတ်ပတ်လည်ကိုသေသေချာချာလှည့်ပတ်ကြည့်ပြီးတဲ့အချိန်မှာတော့သူဘယ်နေရာကိုရောက်နေလဲဆိုတာကို သူမှတ်မိသွားတော့သည်။ဒါကအရိပ်တောင်ကုန်းဘဲဖြစ်လေသည်။
နံမည်အတိုင်းဘဲတောင်ကုန်းအစစ်တွေနဲ့ 
အရိပ်တွေကရောထွေးနေတာကြောင့်ဘယ်အရာက
အစစ်ဘယ်အရာကအရိပ်ဖြစ်သည်ကိုခွဲခြားရ
ခက်လှသည်။ဒီအရိပ်တောင်ကုန်းက တကယ်တော့ အဆင့်နိမ့်မိစ္ဆာတွေကိုသတ်ရန်သတ်သတ်သာအသုံးဝင်လေသည်။
ဒီနယ်မြေမှာတော့levelနိမ့်သူတွေlevelတတ်ရန် အတွက်လောက်သာလာကစားကြသည်။ဒီနယ်မြေရဲ့အရှေ့ကိုဆက်သွားရင်တော့ဆည်းဆာရိပ်ပန်းခင်းရှိတာကိုသွှူတ်မိသည်။
ဆည်းဆာရိပ်ပန်းခင်းကLevel 40နှင့်အထက်ရှိတဲ့
သူတွေသာသွားလာလို့ ရတဲ့အတွက်သူတို့ အတွက်ခဏတာနေဖို့ ပိုပြီးတော့ကောင်းတဲ့နေရာဖြစ်ပေလိမ့်မည်။
ဒါကြောင့်Jungkookရှေ့ ဆက်သွားဖို့ ပြင်တဲ့
အခါမှာတော့မမြင်ရတဲ့မှန်တစ်ချပ်ကကာထားသလိုမျိုးသူတရုက်မိကာ ရှေ ကိုဆက်သွားလို့ မရတော့ပေ။"မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
လုံးဝကိုအလိုမကျတဲ့လေသံနဲ့ သူ့ ကိုလှမ်းအော်ပြော
လိုက်တဲ့လေသံအောအောကြောင့်Jungkookနောက်ကိုလှည့်ကြည့်လိုက်သည်။
သူရဲ့အလှလေးတစ်ဖြစ်လဲjiminieကသူ့ ကို
မျက်မှောင်ကြုပ်၍စိုက်ကြည့်နေလေသည်။"ဆည်းဆာရိပ်ပန်းခင်းကိုငါဘာလို့ သွားလို့ မရတာလဲ"
သူသွားချင်တဲ့နေရာကိုသွားခွင့်မရှိဘဲပိတ်ပင်ခံထားရတာကြောင့်လုံးဝနားမလည်နိုင်စွာဘဝင်မကျတဲ့အသံနဲ့ 
မေးလိုက်မိသည်။