#Zawgyi
Jungkook Jimin ကို ဖွင့်ပြောပြီးထဲကသူတို့ 
နှစ်ယောက်လုံးဘာစကားမှလဲဆက်မပြောဖြစ်တော့ပေ။သူကတော့level တတ်အောင်ဘဲမိစ္ဆာတွေကို
ဆက်ပြီးတော့သာသတ်နေမိသည်။
Jiminရင်ဘတ်ကဒဏ်ရာပျောက်ဖို့က HPပြန်ပြီး
တော့ပြည့်ဖို့ လိုတာကြောင့်ထိုင်ပြီးတော့ဘဲနားခိုင်းထားလိုက်သည်။၂၄နာရီနီးပါးကြာသွားခဲ့တယ်။
နောက်တစ်နေ့ ရဲ့နေဝင်ခါနီးအချိန်လောက်ကိုရောက်
လာခဲ့တယ်။
သူမနားမနေသတ်ခဲ့တာကြောင့်အခုဆို severမှာ
အမြင့်ဆုံးဆိုတဲ့ Level 60ကိုရောက်သွားလေပြီ။level 60ရောက်သွားတဲ့အချိန်မှာဘဲJungkook မြေပြင်ပေါ်ကိုခြေပစ်လက်ပစ်ထိုင်ချလိုက်တော့တယ်။
သေလောက်အောင်ကိုမောတယ်။"မင်းရဲ့ရင်ဘတ်ကဒဏ်ရာဘယ်လိုနေသေးလဲ"
Jiminထိုင်နေတဲ့နေရာကိုသွားပြီးတော့သူ့ ရဲ့ဘေးနားမှာထိုင်ချကာမေးလိုက်တယ်။
"HPအကုန်ပြည့်သွားပြီမလို့ သက်သာသွားပါပြီ
မင်းပင်ပန်းနေလောက်ပြီ ဒီလောက်အချိန်လေးအတွင်းမှာ level 60 ကိုရောက်အောင်ကြိုးစားခဲ့ရတာ"Jimin ကသူ့ ရဲ့ခေါင်းပေါ်က level 60လို့ ရေးထားတဲ့ ရွှေရောင်စာတန်းကို မော့ကြည့်ပြီးပြောလိုက်သည်။
"အင်း ငါအခုlevel 60ရောက်သွားပြီမလို့ 
ဘာဆက်လုပ်ရမှာလဲ ?""ထ ငါတို့ အခုသွားစရာနေရာရှိတယ်"
Jimin အရင်ထလိုက်ပြီးတော့Jungkook ထနိုင်
အောင်သူ့ လက်ကိုကမ်းပေးလိုက်သည်။
Jungkook သူကမ်းပေးတဲ့လက်ကို လှမ်းကိုင်
လိုက်ပြီးတော့ထရပ်လိုက်သည်။သူအခုဘယ်ကိုသွားမှာလဲ သူဘာတွေလုပ်နေတာလဲဆိုတာကိုလဲမမေးချင်တော့ဘူး။
ဘာဖြစ်လို့ လဲဆိုတော့ကျွန်တော်သူ့ ကိုယုံတာမလို့ 
ဟုတ်တယ် ကျွန်တော်jiminကိုအခုအချိန်မှာ
အရာအားလုံးထက် ပိုပြီးတော့ယုံကြည်မိတာမလို့ ။_______________________________________
နာရီဝက်ခန့် ပျံသန်းပြီးတဲ့နောက်မှာတော့ Jimin
မြေပြင်ပေါ်ကိုဆင်းသက်လိုက်တယ်။ ပြီးတော့သူရင်ခွင်ထဲမှာKoala လေးတစ်ကောင်လိုတွယ်ကပ်နေတဲ့Koala မဟုတ်တဲ့အကောင်လေးကို ညင်သာစွာချပေးလိုက်
တယ်။