Part 1 (U+Z)

1.7K 64 0
                                    

ကြာပန်းဖြူကဲ့သို့ဖွေးအုနေသောလူငယ်လေးတစ်ယောက်
အတိအကျဆိုလျှင် ဝမ်မျိုးရိုးရဲ့ဒုတိယသား ရှောင်းဂိုဏ်၏တပည့်၁၆နှစ်သားလေး ဝမ်ရိပေါ်

သူကတော့ပစ်ဒဏ်‌အတွက် ဂိုဏ်ရဲ့
လှေကားထစ်ပေါင်း နှစ်ရာသုံးဆယ်ကိုဖြတ်၍ရေထမ်းလာလေရဲ့

"ဟား......ဟား ဟား ဆရာတူညီလေးရေကိုကြီးဖြင့် ညီလေးကိုကြည့်ပီးသနားလိုက်တာ"

လူငယ်လေးမှာထိုသူအပြောကြောင့်ဆူပုတ်ပီ
"ကိုကြီး ‌ရှောင်မု "

"ဟေ"

"ဒါကိုကြီးကြောင့်မို့လည်းပါတယ်နော်
ကျွန်တော့်ကိုပဲဘာလို့ရှစ်စွမ်းကအပြစ်ပေးရတာလဲ ။ ဒါမတရားဘူး"

"အိုင်းရိုး ဆရာတူညီလေးရယ်အဲ့ဒါကငါမင်းကို ပေးတာဟုတ်ပါတယ်။ ဒါပေမဲ့မင်းလက်ထဲမှာတွေ့တာလေ။ ဟား ...ဟား ဟား"

ဟုတ်ပါတယ်။ ရိပေါ်ပစ်ဒဏ်ပေးခံရခြင်းမှာ ဆရာတူအကိုကြီးရှောင်မုရဲ့မြှောင့်ပင့်ပေးခံရခြင်းကြောင့်ပါ။
အကြောင်းကတော့ စာအုပ်ကလေးတစ်အုပ်ကြောင့်ပါ ။ ထိုစာအုပ်ကတော့လူငယ်တွေကြားထဲတိုးတိုးတိတ်တိတ်ဖတ်ရတဲ့စားအုပ်အမျိုးအစားပေါ့ ။ အဲ့စာအုပ်လေးကဘယ်လိုလုပ်ရှစ်စွမ်းလက်ထဲရောက်သွားလည်းတော့မသိတော့ဘူး။

ရိပေါ် ရေခပ်ပီးရင် ထင်ခုတ်ရအုံးမယ်။ အဲ့ဒါတွေပီးမှ ရှစ်စွမ်းရဲ့အပစ်ပေးမှုခြင်းပီးဆုံးမယ်။

"ရိပေါ်သွားတော့မယ် အကိုကြီးမု ။ နောက်မှအကိုကြီးမုဆီလာပီးမုန့်လာစားမယ်"

".........."

"ဒါနဲ့ ..အကိုကြီးကိုမကြေနပ်သေးဘူးနော်"

"ဟုတ်ပီ ဟုတ်ပီ ကိုကြီးတောင်အောက်ဆင်းတုန်းကအချိုမုန့်အသစ်တွေလို့ဝယ်ခဲ့တယ် ဆရာတူညီလေး ။ အခုတော့တာဝန်ကျေလိုက်ပါအုံး။ ဟား ဟား "

___________LOVE____________

တောရိပ်တောင်ရိပ်များနှင်သာယာလှသော ရှောင်းဂိုဏ် စိမ်းလန်းစိုပြေကာ သာယာလှပလွန်းသည်။

စာသင်သားများ၏စာဖတ်သံ၊ ဗျပ်စောင်းတီးသံများနှင့်ပျံ့လွင့်နေ သည်။

爱(LOVE)Where stories live. Discover now