Part 2

571 36 1
                                    

မြို့တော်ယွင်ရှန်း အထူးသဖြင့်
ကုန်သွယ်မှုများနှင့် ရောင်းဝယ်ရေးဖောက်ကားလှသော ဆိပ်ကမ်းမြို့

"အရှင်မင်းကြီးက နောက်ဆုံးတော့ မင်းသားငယ်ကို အဝေးတစ်နေရာပို့ပီး ပညာရပ်သင်ကြားရန်စေလွတ်လေရဲ့ ...."
ယွင်ရှန်းမြို့ရဲ့အကောင်းဆုံးပုံပြောသူမှာတော့ထုံးစံအတိုင်း နားထောင်သူများပြည့်နေသည်။ နားထောင်သူများထဲတွင် ရိပေါ်တို့လည်းအပါအဝင်ပေါ့ ။ ရိပေါ်တို့ယွင်ရှန်းမြို့ထဲရောက်နေရခြင်းကတော့ ဂိုဏ်ကနေခိုးထွက်လာကြတာပါ ။ ဆရာတူအကိုကြီးရှောင်မော့နဲ့အတူ။ ဘာလာလုပ်ကြလဲမေး အကြောင်းပြချက်မရှိပါဘူး။ ခိုးလုပ်ရတဲ့အလုပ်ကပျော်စရာကောင်းတယ်လေ။ ဟုတ်တယ်ဟုတ်။

""ဆရာတူညီလေး ရိပေါ် မင်းကိုအကိုကြီးတစ်နေရာခေါ်သွားမယ် လိုက်မလား """

"""ဘယ်ကိုလဲ.......ဆရာတူကိုကြီး """"

"""လာပါကွာ ..မင်းသဘောကြသွားစေရမယ် ။ ဒီအကိုကြီးကိုယုံလိုက် ဟုတ်ပီလား """

ဟုတ်ကဲ့အကိုကြီမုခေါ်သွားတဲ့နေရာကတော့ သေရည်ဆိုင်ပါ ။

‌"သောက်ကြည့် ...ယွင်ရှန်းရဲ့သေရည်ကနာမည်ကြီး
ဒါနဲ့မင်းကသေရည်တော့သောက်ဖူးတယ်မို့လား"

"အင်း နှစ်ခါ "

"ဘယ်လိုလဲ ရိပေါ် "

"သေရည်ကောင်းပဲ ။ ဒါနဲ့ကျွန်တော်တို့သေရည်ခိုးသောက်တာ ရှစ်စွမ်းတာသိရင် အပစ်ပေးခံရမယ်နော် "

"ရပါတယ်ကွာ ..မသိအောင်လုပ်တာပဲကို ပျော်စရာကောင်းတယ်လေ ။
ဒါပေမဲ့မင်းမမူးစေနဲ့နော်"

"ကျွန်တော်ကသေရည်မူးတာရှားတယ် အကိုကြီး "
ရှောင်မုကတော့ရိပေါ်‌အပြောကိုလက်မလေးတစ်ထောင်ထောင်နဲ့ ထောက်ခံလေရဲ့။

ရိပေါ်တို့နှစ်ယောက်နေဝင်တော့ဂိုဏ်း၆ကိုပြန်လာကြသည်။
အရင်ကဆိုဒီအချိန်အပြင်ခိုးထွက်လို့မရဘူး ။ အခုကဘာလို့ရလဲဆို ရှစ်စွမ်းမရှိဘူးလေ ။ ရှစ်စွမ်းက သူ့ဆရာတူအကိုကြီးဆီ သွားတယ်။ ပြန်မလားသေးဘူး။ ဒါနဲ့ဟိုနားကရှည်ရှည်အရာကဘာပါလိမ့်။ ကိုကြီးမုကိုမေးကြည့်ရအောင်

爱(LOVE)Where stories live. Discover now