Part 4 (U)

445 36 3
                                    

သူနိုးထလာခြင်းမှာပဲ

"အားကျန့် .....အားကျန့် "

ဒါသေချာပေါက်စိုးရိမ်နေတဲ့သူ့အစ်မ ပဲ

"အင်း ... "

"အားကျန့်ရယ် ဘယ်လိုဖြစ်ရတာလဲ
ကိုယ်အခြေအနေ
ကိုသိရင်လည်း ဝင်မပါ ပါနဲ့လား "

" အဲ့မှာကျွန်တော်ပဲရှိတာလေ "

"အေးပါ ငါ့မောင်ရယ်
ဒဏ်ရာကရောသက်သာလား
ဝမ်ရင်ပြောလို့သိပြီးပီ "

"အင်း အဆင်ပြေတယ် ကျဲ "

အပျိုကြီးပီပီသူ့အစ်မ ကတော့ ပွစိပွစိ ပြောလို့ကောင်းတုန်း။

"ကျဲ မပြန်သေးဘူးလား?
ဝမ်ရင်ပြန်ပို့ပေးလိုက်အုန်းနော် "

"အာ ရတယ် ဝမ်ရင် ကိုဒီမှာစောင့်ခိုင်းလိုက်
ကျဲ ကိုယ့်ဖာသာကိုယ် ပြန်မယ် "

သူ့အစ်မဖြစ်သူပြန်သွားခြင်းမှာပဲ ။
ဝမ်ရင်မှသီခံခြင်းကုန်ဆုံးသွားသလို
သူ့ကိုဆူလာပါသည်။

"မင်း ဒဏ်ရာအခြေအနေကမကောင်းသေးဘူးလေ
ငါအစောကြီးထဲကပြောတယ်
မင်းကို"

"ရိပေါ်ကော "

"နေပါအုံး ငါပြောလို့မပီးသေးဘူး
မင်းအချိန်တာ မမှီရင် သေသွားနိုင်တယ် "

ဟုတ်ပါတယ်။ ဝမ်ရင်ပြောတာလဲမမှားဘူး ။ သူ့ ကျင့်ကြံနေ တုန်း သူ့ရဲ့ချီစွမ်းအင်တွေ ဖောက်ပြန်လာတာ ။
သူ ဒီကျင့်ကြံခြင်းအဆင့်ကိုအောင်နိုင်မှဖြစ်မယ်။  မဟုတ်ရင် သူ့အသက်ဆုံးရှုံးနိုင်တယ် ။  ဒါကောင်းကင်က ချမှတ်ထားတဲ့စည်းမျဥ်းပဲ ။ 

"ငါအခုသက်သာလာပီပဲ
မင်း မဆိုးရိမ်နဲ့တော့ "

"အဆိပ်က တော်တော်ပြင်းတယ်
ဟိုကောင်လေးက ဘာမှမဖြစ်ဘူး
မင်းက ဒဏ်ရာလည်း ရထားတော့ ပိုဆိုးသွားတာ "

"အင်း အခုအဆင်ပြေနေပီ "

ဝမ်ရင်ပြန်သွားပြီးမှာပဲ ။
သူ့အိပ်‌ဆောင်ရှေ့မှာမြင်နေရတဲ့အရိပ်လေးကို ခေါ်လိုက်တယ် ။

"ဝင်လာခဲ့ "

သူ့အရှေ့ရောက်ခြင်းမှာပဲဒူးထောက်ချလိုက်တဲ့ရိပေါ် ။

爱(LOVE)Where stories live. Discover now