Chapter (2) (zawgyi+Unicode)

1.2K 134 6
                                    

Chapter (2) (zawgyi+Unicode)


ကိုကို ထြက္သြားေတာ ့ ေကာင္းကင္ လက္ေတာ့ပ္ကို ဖြင့္ကာ ကားေပၚတြင္ ေတြးခဲ့သည္ကို ခ်ေရးလိုက္သည္။ ျပီးလွ်င္ မိိမိ Account တြင္ နမူနာတင္လိုက္သည္။

"ေရႊျပည္သာ ဟိုတယ္က ေတာက္ပတဲ့ေနေရာင္ေအာက္တြင္ တင့္တယ္စြာရွိေနသည္။ ကန္ေရျပင္လည္း ေငြေရာင္လိႈင္းႀကက္ခြပ္ေလးမ်ားျဖင့္ ျမင္သူရင္ကို ဘ၀င္ေအးဖြယ္ ညွိဳ႕ငင္ ေနသည္။ ေနျခည္ဆမ္းတဲ့ ျမက္ခင္းျပင္သည္ ျမစိမ္းေရာင္ေတာက္လို႕ ပန္းပြင့္ေလးမ်ားက ေရာင္စံု လိပ္ျပာမ်ားအႀကား မူႏြဲ႕ကာ ခ်စ္စကားဆိုေနသည္။

ဒီခရီးက အေပ်ာ္ခရီးထြက္လာတာရင္ ဘယ္ေလာက္ေကာင္းမလဲလို႕  K ဆုေတာင္းမိတာ အခါခါရယ္ပါ။ ၆ နွစ္တာလံုး K ကို လက္ဖ်ားနဲ႕ရြယ္ဖို႕မေျပာနဲ႕ စကားသံမာမာနဲ႕ေတာင္ မေျပာခဲ့ဖူးတဲ့ ထူးဒီပါ ဆိုတဲ့ K ခ်စ္ဦးသူက သူ႕ရဲ႕ မေျပလည္တဲ့ အိမ္ေထာင္ေရးကို အေႀကာင္းျပဳျပီး အခ်စ္ဘီလူးစီးလို႕ K ကို တြန္းထိုးျပီး အတင္းအက်ပ္နမ္းဖို႕၊ K အခ်စ္ကို အတင္းရယူဖို႕ႀကိဳးစားခဲ့တယ္။

K ေလ ထူး ကို ေတာင္းပန္ခဲ့မိသလား၊  မာနနဲ႕ ျငင္းဆန္ခဲ့မိသလား မသိေတာ့ပါဘူး။ K အသိ၀င္လာတဲ့အခ်ိန္မွာ K က ထူးကို ေက်ာေပးျပီး ငိုရိႈက္ေနမိခဲ့သည္။

အစကတည္းက K ကမွားတဲ့ဘက္မွာပါ ထူးရယ္။ အားလံုးလည္းလြန္ခဲ့ပါျပီ။ ကိုယ္စိုက္ပိ်ဳးတာကို ကိုယ္ရိတ္သိမ္းရမည့္ အခ်ိန္ေရာက္မွ ဘာလို႕တြန္႕ဆုတ္ေတြေ၀ေနတာလဲ လို႕ K သူ႕ကို ေမး ခဲ့ မိသည္။ ထူးဒီပါ ဆိုတဲ့ K ရဲ႕ ခ်စ္ဦးသူက နူတ္ဆိတ္ေနခဲ့သည္။ သို႕ေသာ္ သူ႕ရင္ထဲက ငိုရိႈက္သံကို K ႀကားခဲ့ပါသည္။ သူမ်ားရဲ႕ ခင္ပြန္းတစ္ေယာက္ျဖစ္သြားတဲ့ ထူးဒီပါကို သနားလြန္းလို႕ K ရဲ႕ အသည္းဟက္တက္ကြဲသြားပါေစ K သူ႕အသားကို ထိျပီး နွစ္သိမ့္ေပးမွာမဟုတ္ဘူး။
K က လိင္တူခ်စ္ခင္စံုမက္တဲ့ HOMO တစ္ေယာက္ျဖစ္ရံုနဲ႕ ေလာကက်င့္၀တ္ကို ခိ်ဳးေဖာက္သည္ ဟု မည္သူ႕ကို ေျပာခြင့္ျပဳမည္ မဟုတ္ေပ။ အထူးသျဖင့္ ထူးဒီပါ၏ လက္ရွိတရား၀င္ ဇနီးမယား ေကခိုင္ ၏ အထင္ျမင္လြဲမွားျခင္းကို K လံုး၀သည္းခံမည္မဟုတ္ေပ။"

ေကာင္းကင္သည္ စာဖတ္သူမ်ားကို သိလိုစိတ္ျဖစ္ေအာင္ ဆြေပးျပီး တပိုင္းတစ ေရးတင္ျပီးသည္နွင့္ မိမိ၏ ခ်စ္လွစြာေသာ အကိုျဖစ္သူ၏ အခန္းဘက္ကို လွမ္းႀကည့္လိုက္သည္။ ကိုကိုျဖိဳးကေတာ့ လက္လန္သည္။ ခိုင္ခိုင္နွင့္ အတူအခန္းထဲ၀င္သြားျပီး ျပန္ထြက္မလာေတာ့ေပ။ ေကာင္းကင္က ဟိုတယ္၀န္ထမ္းေလး လာပို႕ေသာ ေဖ်ာ္ရည္ကို ေသာက္ျပိီး မအိပ္ခ်င္ေသးသည္နွင့္ ဇာတ္လမ္းကို ဆက္ရုိက္လိုက္သည္။

ေကာင္းကင္ လက္ရွိကာလ ကန္ေစာင္းမွ မိမိေရးေနသည့္ အခ်စ္ေကာင္းကင္မွ အလြမ္းမိုးတိမ္ ဆိုတဲ့ ဇာတ္လမ္းထဲကိုေရာက္ရွိ သြားသည္။ ကန္ေစာင္းတြင္ ကားထိုးျပီး ကားထဲတြင္ ထူးဒိီပါက K ကို အမ်ိဳးမ်ိဳးေတာင္းပန္ ေနသည္။

လက္ေခ်ာင္းမ်ားက ေကာင္းကင္ ျမင္ေတြ႕ရသည့္ စိတ္ကူးထဲက ဇာတ္လမ္းကို အမိအရ မွတ္တမ္းတင္ေနသည္။

(ထူးက K ပုခံုးကို ဆြဲလွည့္လိုက္ေတာ့ K သူ႕လက္ကို ပုတ္ခ်လိုက္ျပိီး နာက်င္စြာ ေျပာလိုက္သည္။

"ထူး ေက်းဇူးျပဳျပီး K ကို သူငယ္ခ်င္းေဟာင္းလိုပဲ ဆက္ဆံေပးပါ ။ K ထူးကို အထင္မေသးခ်င္ဘူး။"

K စကားေႀကာင့္ ထူးကို မ်က္ရည္၀ဲလာခဲ့သည္။ K နည္းနည္းေတာ့ အံ့ႀသသြားသည္။ ထူးဒီပါ ဆိုသည့္ K ခ်စ္ဦးသူက အင္မတန္ကို စိတ္မာျပီး ထင္ရာလုပ္တတ္တဲ့ ေကာင္ေလးပါ။ ငယ္ကတည္း ကေပါင္းလာတဲ့ သူငယ္ခ်င္းပီပီ ထူးဒီပါ ငိုသည္ကို K ျမင္ရခဲသည္။ ယခုေတာ့ လက္ထပ္ျပိီး မႀကာေသးတဲ့ အိမ္ေထာင္သည္ေလးက ငိုေနသည္ဆိုေတာ့ K နည္းနည္းေတာ့ စိုးရိမ္သြားသည္။ သို႕ေသာ္ K မေက်ာ္သင့္တဲ့ စည္းကို သိသည္။ ထုိစည္းကို ဘယ္ေတာ့မွ ေက်ာ္မည္မဟုတ္ေပ။

တင္းထားေသာ စိတ္ကို နည္းနည္းေတာ့ေလွ်ာ့လိုက္သည္။

"ထူးဒီပါ မင္း ငါ့ကို ရင္ဖြင့္လို႕ရတယ္ေနာ္။ မင္းနဲ႕ ငါက ငယ္ကတည္းက ေပါင္းခဲ့တဲ့ သူငယ္ခ်င္းေတြပါ။ မင္း နဲ႕ ေကခိုင္ အဆင္မေျပဘူးလား။ "

ထူးဒီပါက K ကို ရင္ခြင္ထဲ ဆြဲေပြ႕ရန္ ႀကိဳးစားေတာ့ K တင္းမာစြာေျပာလိုက္သည္။

"ေတာ္ေတာ့ ထူး။ မင္း မိန္းမအျမင္က ငါက သူ႕ေယာက်္ားကို ျမဴဆြယ္ျပီး ခုိးေနတယ္လို႕ ထင္ေအာင္ မလုပ္ပါနဲ႕ကြာ။ ရွိခိုးဆို ခိုးပါ့မယ္။ ငါ့ကို သူငယ္ခ်င္းလိုပဲ ဆက္ဆံေပးပါ။ "

ထူးဒီပါ မ်က္ရည္ကို လက္ခံုနွင့္ ႀကမး္ႀကမး္သုတ္ကာ ေျပာလို္က္သည္။

"ငါ မင္းကို မခြဲနိုင္ဘူး K ။ မင္းကို ငါခ်စ္တယ္။"

"ငါသိပါတယ္။ "

K ေအးေဆးစြာေျပာလိုက္သံကို ႀကားေသာ္ ထူးဒီပါ မ်က္လံုးအေရာင္ေတာက္သြားသည္။

"K  ရယ္။ ဒါနဲ႕မ်ား...."

K သူ႕ကို လက္ကာျပကာ စကားကို ျပန္ဆက္လိုက္သည္။

"ေနဦး။ ငါ့ စကားမဆံုးေသးဘူး ထူးဒီပါ။ ငါလည္း မင္းကိုခ်စ္တယ္။ မင္းလည္းငါ့ကို ခ်စ္တယ္။ ဒါေပမယ့္ မင္းက သဘာ၀မက်တဲ့ အခ်စ္ဇာတ္လမ္းကို ေရွ႕မဆက္ခ်င္လို႕ ေကခိုင္ကို မင္းဖာသာ ေရြးခဲ့တယ္ေလ။"

ထူးဒီပါက စကားကို ျဖတ္ေျပာရန္ႀကိဳးစားသည္။
"အဲဒါက ..."

K စကားအျဖတ္မခံေပ။

"ေနဥိီး။ ငါေျပာတာကို ဆံုးေအာင္ နားေထာင္ပါ။ မင္း ငါ့ကို ျဖတ္ခဲ့တုန္းက ငါ မင္းကို ခ်စ္ေပမယ့္ သူငယ္ခ်င္းေကာင္းပီပီ မင္းဆံုးျဖတ္ခ်က္ကို ေလးစားခဲ့တယ္ ထူးဒီပါ။ အိုေက။ ရတယ္ ဆိုျပီး မင္း ကို ငါ့ သူငယ္ခ်င္းအျဖစ္ သတ္မွတ္ေပးခဲ့တယ္။ ငါ မွန္တဲ့စကားကို ေျပာတာပါ ဒီပါ။ မင္း ေကခိုင္နဲ႕ မဂၤလာ ခန္းမထဲတူယွဥ္တြဲ ၀င္သြားျပီးကတည္းက ထူးဒီပါ ဆိုတဲ့မင္းက ငါ့ သူငယ္ခ်င္း ေကခိုင္ ရဲ႕ ေယာက်ာ္းအျဖစ္ပဲ ငါ့ေခါင္းထဲမွာ ရွိေတာ့တယ္။ မင္း မေတြေ၀ပါနဲ႕ ထူးဒီပါ။ မင္းကိုယ္တိုင္ ေရြးခ်ယ္ ထားတဲ့ အိမ္ေထာင္ေရးကို အလြယ္တကုူ အျပိဳကြဲမခံပါနဲ႕။"

ထူးဒီပါက မေျပာစဖူး ေလသံျပတ္ျပတ္ႏွင့္ေျပာေသာ K ့စကားကို အံ့ႀသစြာနားေထာင္ျပီး ေႀကကြဲစြာ ေျပာခဲ့သည္။

"ငါ မင္းကို မခြဲနိုင္ဘူးဆိုတာကို ခန္းမထဲ၀င္ခါနီးကတည္းက သိခဲ့တာပါ။ အဲဒီတုန္းက မင္းကို ထြက္ေျပးရေအာင္လို႕ ငါေျပာခဲ့သားပဲ။ မင္းက ျငင္းခဲ့တာပါ ေက။ ငါ မင္းကို တကယ္ခ်စ္တယ္ ဆိုတာ ႀကာေလ ပိုသိလာေလပါ။ အခု ငါေလ ေကခိုင္နဲ႕ အတူေနလို႕ မရဘူး။ သူ႕ကို ငါ ဖီးလ္ မလာဘူးျဖစ္ေနတယ္။ သူနဲ႕အတူေနဖို႕ ႀကိဳးစားတိုင္း မင္း မ်က္နွာကုိပဲ ျမင္ေယာင္ေနမိတယ္။ "

ထူးဒီပါ၏ စကားေႀကာင့္ K လည္း ဘာဆက္ေျပာရမွန္းမသိေအာင္ ဆြံအသြားခဲ့သည္။ ထူးဒီပါ ဘယ္လိုျဖစ္သြားတာပါလိမ့္ဟု ေတြးေနမိစဥ္ ထူးဒီပါက K ၏လက္ကို ဆုပ္ကိုင္ကာ ထပ္ျပီး ေတာင္းဆိုသည္။

"ငါ့ကို ပစ္မထားပါနဲ႕ K ။ ေတာင္းပန္ပါတယ္။ ငါ မင္းကို မခြဲနိုင္ဘူး။ ငါ့ကို ျပန္ခ်စ္ေပးပါ။"

K သူ႕ကို စိုက္ႀကည့္ကာ ေအးစက္စြာေမးလိုက္သည္။

"ဘာလဲ ။ ငါက ဟိုမို တစ္ေယာက္ျဖစ္လို႕ မိန္းမတစ္ေယာက္ရဲ႕ ေယာက်ာ္းကို အလြယ္တကူခုိုးလို႕ ရတယ္လို႕မင္းက ဆိုလိုတာလား ထူး။ "

ထူးဒီပါ ပ်ာပ်ာသလဲ ျငင္းလိုက္သသည္။
"မဟုတ္ဘူး။ ငါ အဲ့ဒီသေဘာ ေျပာတာ မဟုတ္ဘူး။ "

K သူ႕လက္ထဲမွ မိိမိလက္ကို ဆြဲယူက ျပတ္သားစြာေမးလိုက္သည္။

"အုိေကေလ။ ဒါဆို မင္း ေကခိုင္ရဲ႕ သူငယ္ခ်င္းေကာင္မေလး တစ္ေယာက္ကို အဲ့လို သြားေျပာလိုက္ေလ။ "

K ဆိုလိုသည္ကို ရိပ္မိေတာ့ ထူးဒိီပါ ေတာင္းပန္လိုက္သည္။

"မဟုတ္ဘူးK  ငါ မင္းကို အထင္ေသးလို႕ေျပာတာ မဟုတ္ဘူး။ ငါ ေကခိုင္ကို ကြာရွင္းေတာ့မယ္။ မင္း ငါ့ကို  ျပန္လက္ခံမယ္ဆိုရင္ ငါ ေကခိုင္ကို ကြာရွင္းျပီး မင္းနဲ႕ လက္တြဲမယ္။"

K သည္ ထူးဒီပါကို ေႀကကြဲစြာ ေငးႀကည့္ကာ ေျပာလိုက္သည္။

"မင္း က သားသမီးေတြ ပြားစညး္ျပိီး ေပ်ာ္စရာ အိမ္ေထာင္တစ္ခု ဖန္တီးခ်င္တယ္ဆို။ ေကခုိင္က မင္းကိ ုတကယ္ခ်စ္ရွာတယ္။ မင္းကို နားလည္ေပးတယ္။ မင္း သူ႕အေပၚ စိတ္နွစ္လိုက္ပါ ထူး။ မင္း ကို ငါ ဘယ္နည္းနဲ႕မွ ျပန္လက္မခံနုိင္ေတာ့ဘူး။ ငါ ဒုဒနေသာ ကို ေႀကာက္တယ္ ထူး။ အခုေတာင္ အရင္ဘ၀က သူမ်ား သားမယားကို က်ဴးလြန္ခဲ့လို႕ အခုဘ၀ ဒီလုိျဖစ္ရတယ္ ဆိုတဲ့ မင္း မိန္းမ ေကခိုင္ရဲ႕ စကားအဆိပ္ေတြေႀကာင့္ ငါေက်ာင္းကေနေတာင္ ထြက္ခဲ့ရတယ္ ထူး။ ဒါေတာင္ မင္းက ငါ့ကို မေက်နပ္လို႕ လိုက္လာတာလား။ "

ထူးဒီပါ မ်က္ရည္က်လာျပန္သည္။

"မင္းေက်ာင္းထြက္ေအာင္ သူလုပ္ခဲ့တာနဲ႕ ပတ္သတ္ျပိီး ငါတို႕ပိုအဆင္မေျပျဖစ္ခဲ့တာပဲ K ။ ငါ့ ေႀကာင့္ မင္းအရမ္းနစ္နာခဲ့ရျပီ။ မင္းကို ငါေပးဆပ္ပါရေစ။ သေဘာထားေသးတဲ့ မိန္းမနဲ႕သာ ဆက္ေပါင္းရရင္ ငါ့ဘ၀ ငရဲက်မွာပဲ။ ေက.... ေတာင္းပန္ပါတယ္။ မင္း ေျခရင္းမွာ ငါ ဒူးေထာက္ ေတာင္းပန္ဆုိ ေတာင္းပန္ပါ့မယ္။ ငါ့ကို ျပန္လက္ခံေပးပါကြာေနာ္။"

မထင္ထားခဲ့ပါ။ လြန္ခဲ့တဲ့ ၃ လ ကမွ K ကို လမ္းခြဲရေအာင္လို႕ခပ္တည္တည္ေျပာခဲ့ေသာ မာနမင္းသားက အခု K ေျခရင္းတြင္ ဒူးေထာက္ေတာင္းပန္မည္ဆိုပါလား။

K ဟားတိုက္ကာ ရယ္လိုက္ခ်င္သည္။သို႕ေသာ္ ထူးအေပၚထားသည့္ သံေယာဇဥ္က မလုပ္ရက္ပါ။ K  ထူးဒီပါကို စို္က္ႀကည့္ကာ ေမးလိုက္သည္။

"မင္း မိန္းမ စြပ္စြဲတာမွန္ပါတယ္ဆိုတာကို မင္းက သက္ေသျပမလို႕လား ထူးဒီပါ။ စည္းမေစာင့္တဲ့ ဟိုမို ၊ သူမ်ားေယာက်ာ္းခိုးတဲ့ ဟိုမ္ို....အရွက္မရွိတဲ ့ဟိုမို... "

K ပါးစပ္ကို ထူးဒီပါ အနမ္းျဖင့္ ပိတ္လိုက္သည္။ အငိုက္မိသြားလို႕ K အနမ္းခံလိုက္ရျပီး စကားသံ တိတ္သြားသည္။ ရုတ္တရက္ ထူးဒီပါ က K ထိုင္ခံုကို တြန္းလွဲကာ တဆင့္တက္ရန္ ႀကိဳးစားျပန္သည္။ K အားကုန္တြန္းကာ ေအာ္လိုက္သည္။

"ထူးဒီပါ မင္းေတာ္ေတာ့။"

K အသံနက္ျဖင့္ က်ံဴးေအာ္လိုက္ေတာ့မွ ထူး အသိ၀င္လာျပီး K ကို ေတာင္းပန္လိုက္သည္။

"ေတာင္းပန္ပါတယ္ K ။ ငါ မရည္ရြယ္ပါဘူး။"

K သည္ သူနမ္းထားသည့္နူတ္ခမ္းကို နာက်င္စြာ အထပ္ထပ္သုတ္ပစ္ကာ စိမ္းစိမ္းႀကည့္လိုက္ျပီး

"ငါ့ ကို ေတာ္ေတာ္ အထင္ေသးထားတာပဲ ထူးဒီပါ။ ငါက မင္းလုပ္ခ်င္လာတုိင္း မင္းေရွ႕မွာ ေျခေထာက္ေတြ ျဖဲေပးမယ့္  ေအာက္တန္းစားေကာင္လား။ မင္း ငါ့ကို ဒီေလာက္ထိအထင္ေသးထားမယ္လို႕ မထင္ထားလို႕ မင္းေနာက္လိုက္ခဲ့တာ ငါ ေနာင္တရတယ္။ ငါ့ကို ျပန္ပို႕ေတာ့ ထူးဒီပါ။"

ထူးဒီပါ စတီယာတိုင္ေပၚ မ်က္နွာအပ္ကာ တသိမ့္သိမ့္ရိႈက္ငိုေနေတာ့သည္။ K လည္း နူတ္ခမ္းကိုျပတ္လုမတတ္ ကိုက္ကာ စိတ္ကို တင္းထားရသည္။

"ဟင့္အင္း။ ေကခိုင္ စြပ္စြဲသလို လံုး၀မျဖစ္ရဘူး။ ငါ စိတ္ဓါတ္ႀကံ႕ခိုင္ရမယ္။ ငါက ေကခိုင့္ကို ငဲ့ညွာရမယ္။ ငါက ဟုိမုိ တစ္ေယာက္။ ဒါေပမယ့္ ငါ့အခ်စ္က သူတို႕ထက္ သန္႕စင္ရမယ္။"

K အသက္ကို ျပင္းျပင္းရႈကာ စိတ္ကို ထိန္းထားရသည္။ တခဏတာ အိမ္ေထာင္ေရးျပႆနာ နွင့္ ထူးဒီပါကို မိမိ ေျဖာင့္ျဖကာ လမ္းမွန္ကိ ုတြန္းပို႕နိုင္ရမည္။ ပြဲလန္႕တုန္းဖ်ာ၀င္ခင္းရေလာက္ေအာင္ မိမိက အဆင့္တန္းနိမ့္က်ေသာ သူတစ္ေယာက္မဟုတ္ေႀကာင္း တေလာကလံုးသိေအာင္ သက္ေသျပရမည္။)

မိမိဖန္တီးသည့္ ဇာတ္ေကာင္မ်ား၏ စိတ္ခံစားခ်က္မ်ား ဘဝအေမာမ်ား ေနာက္ကို လုိက္ပါခံစားရင္းေကာင္းကင္ အခ်ိန္ဆုိတာ အားလံုးေမ့သြားသည္။ သူက အခုအခ်ိန္ ေကာင္းကင္ ဆိုသည့္ လူငယ္တစ္ေယာက္ထက္ ဇာတ္လမ္းထဲက ထူးဒီပါ၏ သူငယ္ခ်င္း K  ဆုိသည့္ ဇာတ္ေကာင္ျဖစ္သြားေလျပီ။ ထူးဒီပါဆုိသည့္ မျပတ္မသားေကာင္နွင့္ သူငယ္ခ်င္းကို တဖက္သတ္ခ်စ္ေနသည့္ ဟိုမိုေကာင္ေလး K ၏ ကိုယ္က်င့္တရားႀကား ေကာင္းကင္ မိမိခံစားခ်က္၊ ခံယူခ်က္မ်ားကို သြန္ခ်ေနခဲ့သည္။


"ေကာင္း မနားေသးဘူးလား။ ညေနေစာင္းျပီ။ ေရခ်ိဳးေတာ့ေလ...."

ေကာင္းကင္ ေရးလက္စဇာတ္လမ္းကို ရပ္ကာ ကိုကိုျဖိဳးကို ေမာ့ႀကည့္လိုက္သည္။ ကိုကိုျဖိဳးက တေရးရခဲ့ပံု
ရသည္။

"အြန္း..."

ေကာင္းကင္ ကြန္ျပဴတာက္ုိ ပိတ္လိုက္စဥ္ ကိုကိုကေကာင္းကင္ကို ေပြ႕ကာ ေရခ်ိဳးခန္းထဲေခၚလာေပးခဲ့သည္။ေကာင္းကင္ကိုေရေလာင္းေပးျပီး ဆပ္ျပာ တိုက္ေပးသည္။ ျပီးေတာ့မွ ေကာင္းကင္ကို ေပြ႕ကာ ေရပူေရေအးစပ္ ထားေသာ ေႀကြကန္ထဲ ခ်ေပးသည္။

"ရလား ညီေလး။ ကိုကို ဘာလုပ္ေပးရမလဲ။"

"ရတယ္ ကိုကိုျဖိဳး။ အျပင္မွာ သြားေစာင့္ေနေတာ့။ ျပီးရင္လွမ္းေခၚလိုက္မယ္။ "

"ကိုကို အျပင္မွာ ေစာင့္ေနမယ္။ "

"ကြ်န္ေတာ့္ ဇာတ္လမ္းကို ခိုးမဖတ္နဲ႕ေနာ္။"

ေကာင္းကင္ လွမ္းေအာ္လိုက္သည္။ သို႕ေသာ္ ကိုကိုျဖိဳးက ရယ္ကာ အျပင္ထြက္သြားသည္။ ဘယ္လိုေျပာေျပာ ကိုကို အျပင္မွာ ေရးလက္စ ကို သြားဖတ္ေနမွာ ေသခ်ာသည္။ တကယ္ေတာ့ ေကာင္းကင္ စိတ္က်ကာ ဘာမွ မလုပ္ခ်င္ မကိုင္ခ်င္ျဖစ္ေနခိ်န္တြင္ အြန္လို္င္းေပၚတြင္ စာေရးရန္ အႀကံေပးလာသူက ကိုကိုျဖိဳးျဖစ္သည္။ ေကာင္း ကို page မ်ိဳးစံုနွင့္ ခ်ိတ္ေပးကာ fiction မ်ားစြာကို ဖတ္ေစသည္။ ေကာင္း က ဟိုမို ဇာတ္လမ္းကို ပိုႀကိဳက္ကာ မ်ိဳးစံုဖတ္ႀကည့္ျပီး ပထမဆံုး ဇာတ္လမ္းကို စေရးခဲ့ျခင္းျဖစ္သည္။

ဘာပဲ ေျပာေျပာ အြန္လိုင္းေပၚစာေရးလိုက္မွ ေကာင္းကင္ မိတ္ေဆြမ်ားစြာရလာခဲ့သည္။ အထိီးက်န္ေလာက တြင္ ေလလိုင္းထဲမွ ခ်စ္သူမ်ား၏ အခ်စ္မ်ားျဖင့္ ျပည့္လာေစသည္။ ေကာင္းကင္ ၏ ဘ၀က အရင္လို အထီးမက်န္ေတာ့ပါ။ ဒီလုိနဲ႕ ေကာင္းကင္ အြန္လိုင္းေပၚမွာ ခ်စ္သူမ်ားစြာ ထားတတ္လာသည္။

ထူးဒီပါက ေကာင္းကင္ ကားအက္ဆီးဒင့္ မျဖစ္ခင္ ၁၀တန္းမွာ ခင္ခဲ့ေသာ သူငယ္ခ်င္းကို ယူကာ ဖန္တီးထား ေသာဇာတ္ေကာင္ျဖစ္သည္။ ျပီးေတာ့ ထူးဒီပါေႀကာင့္ အသည္းကြဲခ်ိန္ ေကာင္းကင္ ငိုေႀကြးရခ်ိန္တြင္ နံေဘးမွ ေဖးမကာ အႀကင္နာမ်ားျဖင့္ ေကာင္းကင္ ကို ခ်စ္ေပးေသာ Dr.ျဖိဳး ကေတာ့ ေကာင္းကင္ ၏ အကိုရင္း ကိုကိုျဖိဳးရဲ႕ဇာတ္ရုပ္ကို ယူထားျခင္းျဖစ္သည္။ေကာင္းကင္ ဇာတ္လမ္းတြင္ ဗီလိန္ႀကီး MD ဦးသန္႕စင္ ကေတာ့ ဒယ္ဒီ့ ဇာတ္ရုပ္ကို ယူထားသည္။

ဘာပဲေျပာေျပာ ကိုကို ျဖိဳးကေတာ့ ေကာင္း ဘာေရးေရး ဖတ္ေပးကာ ေ၀ဖန္ေပးသည္။ အိမ္က မသိေအာင္ဖံုးထားေပးသည္။ ေကာင္း စာေရးေနသည္ကို ကိုကိုျဖိဳးကလြဲရင္ မမျမတ္လည္း မသိေပ။ ကိုိကိုတူးလည္း မသိေပ။ ဒယ္ဒီနဲ႕ မာမိီကေတာ့ ေ၀းေပ့ါ။

"ေကာင္းကင္ ႀကာေနျပီ။"

ကိုကိုျဖိဳးအသံကို ႀကားေတာ့ ေရခ်ိဳးဇလံုထဲမွ  ေကာင္း မ်က္လံုးဖြင့္လိုက္သည္။

"အင္း.... ကံေကာင္းလုိ႕... ငါ အိပ္ေပ်ာ္ေတာ့မလို႕။"

"မင္းကေတာ့ေလ ကေလးလည္း မဟုတ္ပဲနဲကြာ။"

ကိုကိုျဖိဳးက ေကာင္းကင္ ကို ေပြ႕ခ်ီကာ ကေလးေလးလို အတြင္းခံက အစလဲေပးကာ ေရသုတ္ေပးသည္။ ထို႕ေနာက္ အ၀တ္ ကူ၀တ္ေပးျပီး ဘးီတပ္ကုလားထိုင္ေပၚတင္ေပးကာ ေျပာသည္။

"ကဲ... ကိုကိုလည္း ေရသြားခ်ိဳးအံုးမယ္။ ခိုင္ေစာင့္ေနျပီ"

"ႏွာဗူးႀကီး..."

ကိုကိုျဖိဳးက တဟားဟားရယ္ကာ
"ႀကံဳတုန္းဗူးပါရေစ ေကာင္းရ... ျပီးရင္ လာေခၚမယ္။ "

ကိုကို ျဖိဳးေျပာျပီး ထြက္သြားသည္။ ေကာင္းက ဆည္းဆာေနျခည္ပက္ျဖန္းထားေသာ ကန္ေရျပင္အလွကို ႀကည့္ကာ က်န္ရစ္ခဲ့့သည္။

ဒီလိုအခ်ိန္ဆိုရင္ ဦး ဘာလုပ္ေနမလဲဟုေတြးကာ အင္တာနက္ဖြင့္ကာ လိုင္းတက္ႀကည့္လိုက္သည္။ ဦးလိုင္းေပၚမွာ မရွိသျဖင့္ ေကာင္း ျပန္ဆင္းလာခဲ့သည္။ သူ႕ကို စာတစ္ေစာင္ေတာ့ ပို႕ထားသည္။

"Good Afternoon "
"ဦး ဘာလုပ္ေနလဲ။ K ကို ပစ္မထားပါနဲ႕ေနာ္။"

ေကာင္း စာပို႕ထားျပီး လိုင္းေပၚမွ ဆင္းလာခဲ့သည္။ ေလာေလာဆည္ မ်က္စိအနားေပးရမည္။ ဒါမွ ည ဦးလိုင္းတက္လာခ်ိန္တြင္ ဦးနွင့္ စကားေျပာရမည္။ လာႀကဴေသာ လူမ်ားထဲတြင္ ဦးက ထူးျခားသည္။ ျပီးေတာ့ ဦးက ေကာင္း ကိုယ္တိုင္ သြားျပီး မိတ္ဆက္ထားသူ။ သူ႕အေရးအသားကို ေကာင္း သေဘာက် သည္။

"ဘာလုပ္ေနလဲ ဦးေရ..."

ေကာင္းကင္ တီးတိုးေရရြတ္ရင္းထူးထူးဆန္းဆန္ လြမး္သလို ခံစားလိုက္ရသည္။ ေနရာအေျပာင္းလဲေႀကာင့္နွင့္ ဇာတ္လမ္းထဲက ခံစားခ်က္အရွိန္ေႀကာင့္ဟု ထင္ျပီး ေကာင္းကင္ သက္ျပင္းခ်ကာ မ်က္လံုးမွိတ္ရင္း အြန္လိုင္းေပၚက ဦး က ဘယ္လို ရုပ္ရည္မ်ားရွိမလဲဆုိတာ ေတြးေနမိသည္။

===================

Chapter (2) (zawgyi+Unicode)


ကိုကို ထွက်သွားတော့ ကောင်းကင် လက်တော့ပ်ကို ဖွင့်ကာ ကားပေါ်တွင် တွေးခဲ့သည်ကို ချရေးလိုက်သည်။ ပြီးလျှင် မိမိ Account တွင် နမူနာတင်လိုက်သည်။

"ရွှေပြည်သာ ဟိုတယ်က တောက်ပတဲ့နေရောင်အောက်တွင် တင့်တယ်စွာရှိနေသည်။ ကန်ရေပြင်လည်း ငွေရောင်လှိုင်းကြက်ခွပ်လေးများဖြင့် မြင်သူရင်ကို ဘဝင်အေးဖွယ် ညှို့ငင် နေသည်။ နေခြည်ဆမ်းတဲ့ မြက်ခင်းပြင်သည် မြစိမ်းရောင်တောက်လို့ ပန်းပွင့်လေးများက ရောင်စုံ လိပ်ပြာများအကြား မူနွဲ့ကာ ချစ်စကားဆိုနေသည်။

ဒီခရီးက အပျော်ခရီးထွက်လာတာရင် ဘယ်လောက်ကောင်းမလဲလို့  K ဆုတောင်းမိတာ အခါခါရယ်ပါ။ ၆ နှစ်တာလုံး K ကို လက်ဖျားနဲ့ရွယ်ဖို့မပြောနဲ့ စကားသံမာမာနဲ့တောင် မပြောခဲ့ဖူးတဲ့ ထူးဒီပါ ဆိုတဲ့ K ချစ်ဦးသူက သူ့ရဲ့ မပြေလည်တဲ့ အိမ်ထောင်ရေးကို အကြောင်းပြုပြီး အချစ်ဘီလူးစီးလို့ K ကို တွန်းထိုးပြီး အတင်းအကျပ်နမ်းဖို့၊ K အချစ်ကို အတင်းရယူဖို့ကြိုးစားခဲ့တယ်။

K လေ ထူး ကို တောင်းပန်ခဲ့မိသလား၊  မာနနဲ့ ငြင်းဆန်ခဲ့မိသလား မသိတော့ပါဘူး။ K အသိဝင်လာတဲ့အချိန်မှာ K က ထူးကို ကျောပေးပြီး ငိုရှိုက်နေမိခဲ့သည်။

အစကတည်းက K ကမှားတဲ့ဘက်မှာပါ ထူးရယ်။ အားလုံးလည်းလွန်ခဲ့ပါပြီ။ ကိုယ်စိုက်ပျိုးတာကို ကိုယ်ရိတ်သိမ်းရမည့် အချိန်ရောက်မှ ဘာလို့တွန့်ဆုတ်တွေဝေနေတာလဲ လို့ K သူ့ကို မေး ခဲ့ မိသည်။ ထူးဒီပါ ဆိုတဲ့ K ရဲ့ ချစ်ဦးသူက နူတ်ဆိတ်နေခဲ့သည်။ သို့သော် သူ့ရင်ထဲက ငိုရှိုက်သံကို K ကြားခဲ့ပါသည်။ သူများရဲ့ ခင်ပွန်းတစ်ယောက်ဖြစ်သွားတဲ့ ထူးဒီပါကို သနားလွန်းလို့ K ရဲ့ အသည်းဟက်တက်ကွဲသွားပါစေ K သူ့အသားကို ထိပြီး နှစ်သိမ့်ပေးမှာမဟုတ်ဘူး။
K က လိင်တူချစ်ခင်စုံမက်တဲ့ HOMO တစ်ယောက်ဖြစ်ရုံနဲ့ လောကကျင့်ဝတ်ကို ချိုးဖောက်သည် ဟု မည်သူ့ကို ပြောခွင့်ပြုမည် မဟုတ်ပေ။ အထူးသဖြင့် ထူးဒီပါ၏ လက်ရှိတရားဝင် ဇနီးမယား ကေခိုင် ၏ အထင်မြင်လွဲမှားခြင်းကို K လုံးဝသည်းခံမည်မဟုတ်ပေ။"

ကောင်းကင်သည် စာဖတ်သူများကို သိလိုစိတ်ဖြစ်အောင် ဆွပေးပြီး တပိုင်းတစ ရေးတင်ပြီးသည်နှင့် မိမိ၏ ချစ်လှစွာသော အကိုဖြစ်သူ၏ အခန်းဘက်ကို လှမ်းကြည့်လိုက်သည်။ ကိုကိုဖြိုးကတော့ လက်လန်သည်။ ခိုင်ခိုင်နှင့် အတူအခန်းထဲဝင်သွားပြီး ပြန်ထွက်မလာတော့ပေ။ ကောင်းကင်က ဟိုတယ်ဝန်ထမ်းလေး လာပို့သော ဖျော်ရည်ကို သောက်ပြီး မအိပ်ချင်သေးသည်နှင့် ဇာတ်လမ်းကို ဆက်ရိုက်လိုက်သည်။

ကောင်းကင် လက်ရှိကာလ ကန်စောင်းမှ မိမိရေးနေသည့် အချစ်ကောင်းကင်မှ အလွမ်းမိုးတိမ် ဆိုတဲ့ ဇာတ်လမ်းထဲကိုရောက်ရှိ သွားသည်။ ကန်စောင်းတွင် ကားထိုးပြီး ကားထဲတွင် ထူးဒီပါက K ကို အမျိုးမျိုးတောင်းပန် နေသည်။

လက်ချောင်းများက ကောင်းကင် မြင်တွေ့ရသည့် စိတ်ကူးထဲက ဇာတ်လမ်းကို အမိအရ မှတ်တမ်းတင်နေသည်။

(ထူးက K ပုခုံးကို ဆွဲလှည့်လိုက်တော့ K သူ့လက်ကို ပုတ်ချလိုက်ပြီး နာကျင်စွာ ပြောလိုက်သည်။

"ထူး ကျေးဇူးပြုပြီး K ကို သူငယ်ချင်းဟောင်းလိုပဲ ဆက်ဆံပေးပါ ။ K ထူးကို အထင်မသေးချင်ဘူး။"

K စကားကြောင့် ထူးကို မျက်ရည်ဝဲလာခဲ့သည်။ K နည်းနည်းတော့ အံ့သြသွားသည်။ ထူးဒီပါ ဆိုသည့် K ချစ်ဦးသူက အင်မတန်ကို စိတ်မာပြီး ထင်ရာလုပ်တတ်တဲ့ ကောင်လေးပါ။ ငယ်ကတည်း ကပေါင်းလာတဲ့ သူငယ်ချင်းပီပီ ထူးဒီပါ ငိုသည်ကို K မြင်ရခဲသည်။ ယခုတော့ လက်ထပ်ပြီး မကြာသေးတဲ့ အိမ်ထောင်သည်လေးက ငိုနေသည်ဆိုတော့ K နည်းနည်းတော့ စိုးရိမ်သွားသည်။ သို့သော် K မကျော်သင့်တဲ့ စည်းကို သိသည်။ ထိုစည်းကို ဘယ်တော့မှ ကျော်မည်မဟုတ်ပေ။

တင်းထားသော စိတ်ကို နည်းနည်းတော့လျှော့လိုက်သည်။

"ထူးဒီပါ မင်း ငါ့ကို ရင်ဖွင့်လို့ရတယ်နော်။ မင်းနဲ့ ငါက ငယ်ကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေပါ။ မင်း နဲ့ ကေခိုင် အဆင်မပြေဘူးလား။ "

ထူးဒီပါက K ကို ရင်ခွင်ထဲ ဆွဲပွေ့ရန် ကြိုးစားတော့ K တင်းမာစွာပြောလိုက်သည်။

"တော်တော့ ထူး။ မင်း မိန်းမအမြင်က ငါက သူ့ယောကျ်ားကို မြူဆွယ်ပြီး ခိုးနေတယ်လို့ ထင်အောင် မလုပ်ပါနဲ့ကွာ။ ရှိခိုးဆို ခိုးပါ့မယ်။ ငါ့ကို သူငယ်ချင်းလိုပဲ ဆက်ဆံပေးပါ။ "

ထူးဒီပါ မျက်ရည်ကို လက်ခုံနှင့် ကြမ်းကြမ်းသုတ်ကာ ပြောလိုက်သည်။

"ငါ မင်းကို မခွဲနိုင်ဘူး K ။ မင်းကို ငါချစ်တယ်။"

"ငါသိပါတယ်။ "

K အေးဆေးစွာပြောလိုက်သံကို ကြားသော် ထူးဒီပါ မျက်လုံးအရောင်တောက်သွားသည်။

"K  ရယ်။ ဒါနဲ့များ...."

K သူ့ကို လက်ကာပြကာ စကားကို ပြန်ဆက်လိုက်သည်။

"နေဦး။ ငါ့ စကားမဆုံးသေးဘူး ထူးဒီပါ။ ငါလည်း မင်းကိုချစ်တယ်။ မင်းလည်းငါ့ကို ချစ်တယ်။ ဒါပေမယ့် မင်းက သဘာဝမကျတဲ့ အချစ်ဇာတ်လမ်းကို ရှေ့မဆက်ချင်လို့ ကေခိုင်ကို မင်းဖာသာ ရွေးခဲ့တယ်လေ။"

ထူးဒီပါက စကားကို ဖြတ်ပြောရန်ကြိုးစားသည်။
"အဲဒါက ..."

K စကားအဖြတ်မခံပေ။

"နေဦး။ ငါပြောတာကို ဆုံးအောင် နားထောင်ပါ။ မင်း ငါ့ကို ဖြတ်ခဲ့တုန်းက ငါ မင်းကို ချစ်ပေမယ့် သူငယ်ချင်းကောင်းပီပီ မင်းဆုံးဖြတ်ချက်ကို လေးစားခဲ့တယ် ထူးဒီပါ။ အိုကေ။ ရတယ် ဆိုပြီး မင်း ကို ငါ့ သူငယ်ချင်းအဖြစ် သတ်မှတ်ပေးခဲ့တယ်။ ငါ မှန်တဲ့စကားကို ပြောတာပါ ဒီပါ။ မင်း ကေခိုင်နဲ့ မင်္ဂလာ ခန်းမထဲတူယှဉ်တွဲ ဝင်သွားပြီးကတည်းက ထူးဒီပါ ဆိုတဲ့မင်းက ငါ့ သူငယ်ချင်း ကေခိုင် ရဲ့ ယောကျာ်းအဖြစ်ပဲ ငါ့ခေါင်းထဲမှာ ရှိတော့တယ်။ မင်း မတွေဝေပါနဲ့ ထူးဒီပါ။ မင်းကိုယ်တိုင် ရွေးချယ် ထားတဲ့ အိမ်ထောင်ရေးကို အလွယ်တကုူ အပြိုကွဲမခံပါနဲ့။"

ထူးဒီပါက မပြောစဖူး လေသံပြတ်ပြတ်နှင့်ပြောသော K့စကားကို အံ့သြစွာနားထောင်ပြီး ကြေကွဲစွာ ပြောခဲ့သည်။

"ငါ မင်းကို မခွဲနိုင်ဘူးဆိုတာကို ခန်းမထဲဝင်ခါနီးကတည်းက သိခဲ့တာပါ။ အဲဒီတုန်းက မင်းကို ထွက်ပြေးရအောင်လို့ ငါပြောခဲ့သားပဲ။ မင်းက ငြင်းခဲ့တာပါ ကေ။ ငါ မင်းကို တကယ်ချစ်တယ် ဆိုတာ ကြာလေ ပိုသိလာလေပါ။ အခု ငါလေ ကေခိုင်နဲ့ အတူနေလို့ မရဘူး။ သူ့ကို ငါ ဖီးလ် မလာဘူးဖြစ်နေတယ်။ သူနဲ့အတူနေဖို့ ကြိုးစားတိုင်း မင်း မျက်နှာကိုပဲ မြင်ယောင်နေမိတယ်။ "

ထူးဒီပါ၏ စကားကြောင့် K လည်း ဘာဆက်ပြောရမှန်းမသိအောင် ဆွံအသွားခဲ့သည်။ ထူးဒီပါ ဘယ်လိုဖြစ်သွားတာပါလိမ့်ဟု တွေးနေမိစဉ် ထူးဒီပါက K ၏လက်ကို ဆုပ်ကိုင်ကာ ထပ်ပြီး တောင်းဆိုသည်။

"ငါ့ကို ပစ်မထားပါနဲ့ K ။ တောင်းပန်ပါတယ်။ ငါ မင်းကို မခွဲနိုင်ဘူး။ ငါ့ကို ပြန်ချစ်ပေးပါ။"

K သူ့ကို စိုက်ကြည့်ကာ အေးစက်စွာမေးလိုက်သည်။

"ဘာလဲ ။ ငါက ဟိုမို တစ်ယောက်ဖြစ်လို့ မိန်းမတစ်ယောက်ရဲ့ ယောကျာ်းကို အလွယ်တကူခိုးလို့ ရတယ်လို့မင်းက ဆိုလိုတာလား ထူး။ "

ထူးဒီပါ ပျာပျာသလဲ ငြင်းလိုက်သသည်။
"မဟုတ်ဘူး။ ငါ အဲ့ဒီသဘော ပြောတာ မဟုတ်ဘူး။ "

K သူ့လက်ထဲမှ မိမိလက်ကို ဆွဲယူက ပြတ်သားစွာမေးလိုက်သည်။

"အိုကေလေ။ ဒါဆို မင်း ကေခိုင်ရဲ့ သူငယ်ချင်းကောင်မလေး တစ်ယောက်ကို အဲ့လို သွားပြောလိုက်လေ။ "

K ဆိုလိုသည်ကို ရိပ်မိတော့ ထူးဒီပါ တောင်းပန်လိုက်သည်။

"မဟုတ်ဘူးK  ငါ မင်းကို အထင်သေးလို့ပြောတာ မဟုတ်ဘူး။ ငါ ကေခိုင်ကို ကွာရှင်းတော့မယ်။ မင်း ငါ့ကို  ပြန်လက်ခံမယ်ဆိုရင် ငါ ကေခိုင်ကို ကွာရှင်းပြီး မင်းနဲ့ လက်တွဲမယ်။"

K သည် ထူးဒီပါကို ကြေကွဲစွာ ငေးကြည့်ကာ ပြောလိုက်သည်။

"မင်း က သားသမီးတွေ ပွားစည်းပြီး ပျော်စရာ အိမ်ထောင်တစ်ခု ဖန်တီးချင်တယ်ဆို။ ကေခိုင်က မင်းကိ ုတကယ်ချစ်ရှာတယ်။ မင်းကို နားလည်ပေးတယ်။ မင်း သူ့အပေါ် စိတ်နှစ်လိုက်ပါ ထူး။ မင်း ကို ငါ ဘယ်နည်းနဲ့မှ ပြန်လက်မခံနိုင်တော့ဘူး။ ငါ ဒုဒနသော ကို ကြောက်တယ် ထူး။ အခုတောင် အရင်ဘဝက သူများ သားမယားကို ကျူးလွန်ခဲ့လို့ အခုဘ၀ ဒီလိုဖြစ်ရတယ် ဆိုတဲ့ မင်း မိန်းမ ကေခိုင်ရဲ့ စကားအဆိပ်တွေကြောင့် ငါကျောင်းကနေတောင် ထွက်ခဲ့ရတယ် ထူး။ ဒါတောင် မင်းက ငါ့ကို မကျေနပ်လို့ လိုက်လာတာလား။ "

ထူးဒီပါ မျက်ရည်ကျလာပြန်သည်။

"မင်းကျောင်းထွက်အောင် သူလုပ်ခဲ့တာနဲ့ ပတ်သတ်ပြီး ငါတို့ပိုအဆင်မပြေဖြစ်ခဲ့တာပဲ K ။ ငါ့ ကြောင့် မင်းအရမ်းနစ်နာခဲ့ရပြီ။ မင်းကို ငါပေးဆပ်ပါရစေ။ သဘောထားသေးတဲ့ မိန်းမနဲ့သာ ဆက်ပေါင်းရရင် ငါ့ဘ၀ ငရဲကျမှာပဲ။ ကေ.... တောင်းပန်ပါတယ်။ မင်း ခြေရင်းမှာ ငါ ဒူးထောက် တောင်းပန်ဆို တောင်းပန်ပါ့မယ်။ ငါ့ကို ပြန်လက်ခံပေးပါကွာနော်။"

မထင်ထားခဲ့ပါ။ လွန်ခဲ့တဲ့ ၃ လ ကမှ K ကို လမ်းခွဲရအောင်လို့ခပ်တည်တည်ပြောခဲ့သော မာနမင်းသားက အခု K ခြေရင်းတွင် ဒူးထောက်တောင်းပန်မည်ဆိုပါလား။

K ဟားတိုက်ကာ ရယ်လိုက်ချင်သည်။သို့သော် ထူးအပေါ်ထားသည့် သံယောဇဉ်က မလုပ်ရက်ပါ။ K  ထူးဒီပါကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်း မိန်းမ စွပ်စွဲတာမှန်ပါတယ်ဆိုတာကို မင်းက သက်သေပြမလို့လား ထူးဒီပါ။ စည်းမစောင့်တဲ့ ဟိုမို ၊ သူများယောကျာ်းခိုးတဲ့ ဟိုမို....အရှက်မရှိတဲ့ဟိုမို... "

K ပါးစပ်ကို ထူးဒီပါ အနမ်းဖြင့် ပိတ်လိုက်သည်။ အငိုက်မိသွားလို့ K အနမ်းခံလိုက်ရပြီး စကားသံ တိတ်သွားသည်။ ရုတ်တရက် ထူးဒီပါ က K ထိုင်ခုံကို တွန်းလှဲကာ တဆင့်တက်ရန် ကြိုးစားပြန်သည်။ K အားကုန်တွန်းကာ အော်လိုက်သည်။

"ထူးဒီပါ မင်းတော်တော့။"

K အသံနက်ဖြင့် ကျူံးအော်လိုက်တော့မှ ထူး အသိဝင်လာပြီး K ကို တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် K ။ ငါ မရည်ရွယ်ပါဘူး။"

K သည် သူနမ်းထားသည့်နူတ်ခမ်းကို နာကျင်စွာ အထပ်ထပ်သုတ်ပစ်ကာ စိမ်းစိမ်းကြည့်လိုက်ပြီး

"ငါ့ ကို တော်တော် အထင်သေးထားတာပဲ ထူးဒီပါ။ ငါက မင်းလုပ်ချင်လာတိုင်း မင်းရှေ့မှာ ခြေထောက်တွေ ဖြဲပေးမယ့်  အောက်တန်းစားကောင်လား။ မင်း ငါ့ကို ဒီလောက်ထိအထင်သေးထားမယ်လို့ မထင်ထားလို့ မင်းနောက်လိုက်ခဲ့တာ ငါ နောင်တရတယ်။ ငါ့ကို ပြန်ပို့တော့ ထူးဒီပါ။"

ထူးဒီပါ စတီယာတိုင်ပေါ် မျက်နှာအပ်ကာ တသိမ့်သိမ့်ရှိုက်ငိုနေတော့သည်။ K လည်း နူတ်ခမ်းကိုပြတ်လုမတတ် ကိုက်ကာ စိတ်ကို တင်းထားရသည်။

"ဟင့်အင်း။ ကေခိုင် စွပ်စွဲသလို လုံးဝမဖြစ်ရဘူး။ ငါ စိတ်ဓါတ်ကြံ့ခိုင်ရမယ်။ ငါက ကေခိုင့်ကို ငဲ့ညှာရမယ်။ ငါက ဟိုမို တစ်ယောက်။ ဒါပေမယ့် ငါ့အချစ်က သူတို့ထက် သန့်စင်ရမယ်။"

K အသက်ကို ပြင်းပြင်းရှုကာ စိတ်ကို ထိန်းထားရသည်။ တခဏတာ အိမ်ထောင်ရေးပြဿနာ နှင့် ထူးဒီပါကို မိမိ ဖြောင့်ဖြကာ လမ်းမှန်ကိ ုတွန်းပို့နိုင်ရမည်။ ပွဲလန့်တုန်းဖျာဝင်ခင်းရလောက်အောင် မိမိက အဆင့်တန်းနိမ့်ကျသော သူတစ်ယောက်မဟုတ်ကြောင်း တလောကလုံးသိအောင် သက်သေပြရမည်။)

မိမိဖန်တီးသည့် ဇာတ်ကောင်များ၏ စိတ်ခံစားချက်များ ဘဝအမောများ နောက်ကို လိုက်ပါခံစားရင်းကောင်းကင် အချိန်ဆိုတာ အားလုံးမေ့သွားသည်။ သူက အခုအချိန် ကောင်းကင် ဆိုသည့် လူငယ်တစ်ယောက်ထက် ဇာတ်လမ်းထဲက ထူးဒီပါ၏ သူငယ်ချင်း K  ဆိုသည့် ဇာတ်ကောင်ဖြစ်သွားလေပြီ။ ထူးဒီပါဆိုသည့် မပြတ်မသားကောင်နှင့် သူငယ်ချင်းကို တဖက်သတ်ချစ်နေသည့် ဟိုမိုကောင်လေး K ၏ ကိုယ်ကျင့်တရားကြား ကောင်းကင် မိမိခံစားချက်၊ ခံယူချက်များကို သွန်ချနေခဲ့သည်။


"ကောင်း မနားသေးဘူးလား။ ညနေစောင်းပြီ။ ရေချိုးတော့လေ...."

ကောင်းကင် ရေးလက်စဇာတ်လမ်းကို ရပ်ကာ ကိုကိုဖြိုးကို မော့ကြည့်လိုက်သည်။ ကိုကိုဖြိုးက တရေးရခဲ့ပုံ
ရသည်။

"အွန်း..."

ကောင်းကင် ကွန်ပြူတာကို ပိတ်လိုက်စဉ် ကိုကိုကကောင်းကင်ကို ပွေ့ကာ ရေချိုးခန်းထဲခေါ်လာပေးခဲ့သည်။ကောင်းကင်ကိုရေလောင်းပေးပြီး ဆပ်ပြာ တိုက်ပေးသည်။ ပြီးတော့မှ ကောင်းကင်ကို ပွေ့ကာ ရေပူရေအေးစပ် ထားသော ကြွေကန်ထဲ ချပေးသည်။

"ရလား ညီလေး။ ကိုကို ဘာလုပ်ပေးရမလဲ။"

"ရတယ် ကိုကိုဖြိုး။ အပြင်မှာ သွားစောင့်နေတော့။ ပြီးရင်လှမ်းခေါ်လိုက်မယ်။ "

"ကိုကို အပြင်မှာ စောင့်နေမယ်။ "

"ကျွန်တော့် ဇာတ်လမ်းကို ခိုးမဖတ်နဲ့နော်။"

ကောင်းကင် လှမ်းအော်လိုက်သည်။ သို့သော် ကိုကိုဖြိုးက ရယ်ကာ အပြင်ထွက်သွားသည်။ ဘယ်လိုပြောပြော ကိုကို အပြင်မှာ ရေးလက်စ ကို သွားဖတ်နေမှာ သေချာသည်။ တကယ်တော့ ကောင်းကင် စိတ်ကျကာ ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်နေချိန်တွင် အွန်လိုင်းပေါ်တွင် စာရေးရန် အကြံပေးလာသူက ကိုကိုဖြိုးဖြစ်သည်။ ကောင်း ကို page မျိုးစုံနှင့် ချိတ်ပေးကာ fiction များစွာကို ဖတ်စေသည်။ ကောင်း က ဟိုမို ဇာတ်လမ်းကို ပိုကြိုက်ကာ မျိုးစုံဖတ်ကြည့်ပြီး ပထမဆုံး ဇာတ်လမ်းကို စရေးခဲ့ခြင်းဖြစ်သည်။

ဘာပဲ ပြောပြော အွန်လိုင်းပေါ်စာရေးလိုက်မှ ကောင်းကင် မိတ်ဆွေများစွာရလာခဲ့သည်။ အထီးကျန်လောက တွင် လေလိုင်းထဲမှ ချစ်သူများ၏ အချစ်များဖြင့် ပြည့်လာစေသည်။ ကောင်းကင် ၏ ဘဝက အရင်လို အထီးမကျန်တော့ပါ။ ဒီလိုနဲ့ ကောင်းကင် အွန်လိုင်းပေါ်မှာ ချစ်သူများစွာ ထားတတ်လာသည်။

ထူးဒီပါက ကောင်းကင် ကားအက်ဆီးဒင့် မဖြစ်ခင် ၁၀တန်းမှာ ခင်ခဲ့သော သူငယ်ချင်းကို ယူကာ ဖန်တီးထား သောဇာတ်ကောင်ဖြစ်သည်။ ပြီးတော့ ထူးဒီပါကြောင့် အသည်းကွဲချိန် ကောင်းကင် ငိုကြွေးရချိန်တွင် နံဘေးမှ ဖေးမကာ အကြင်နာများဖြင့် ကောင်းကင် ကို ချစ်ပေးသော Dr.ဖြိုး ကတော့ ကောင်းကင် ၏ အကိုရင်း ကိုကိုဖြိုးရဲ့ဇာတ်ရုပ်ကို ယူထားခြင်းဖြစ်သည်။ကောင်းကင် ဇာတ်လမ်းတွင် ဗီလိန်ကြီး MD ဦးသန့်စင် ကတော့ ဒယ်ဒီ့ ဇာတ်ရုပ်ကို ယူထားသည်။

ဘာပဲပြောပြော ကိုကို ဖြိုးကတော့ ကောင်း ဘာရေးရေး ဖတ်ပေးကာ ဝေဖန်ပေးသည်။ အိမ်က မသိအောင်ဖုံးထားပေးသည်။ ကောင်း စာရေးနေသည်ကို ကိုကိုဖြိုးကလွဲရင် မမမြတ်လည်း မသိပေ။ ကိုကိုတူးလည်း မသိပေ။ ဒယ်ဒီနဲ့ မာမီကတော့ ဝေးပေ့ါ။

"ကောင်းကင် ကြာနေပြီ။"

ကိုကိုဖြိုးအသံကို ကြားတော့ ရေချိုးဇလုံထဲမှ  ကောင်း မျက်လုံးဖွင့်လိုက်သည်။

"အင်း.... ကံကောင်းလို့... ငါ အိပ်ပျော်တော့မလို့။"

"မင်းကတော့လေ ကလေးလည်း မဟုတ်ပဲနဲကွာ။"

ကိုကိုဖြိုးက ကောင်းကင် ကို ပွေ့ချီကာ ကလေးလေးလို အတွင်းခံက အစလဲပေးကာ ရေသုတ်ပေးသည်။ ထို့နောက် အဝတ် ကူဝတ်ပေးပြီး ဘးီတပ်ကုလားထိုင်ပေါ်တင်ပေးကာ ပြောသည်။

"ကဲ... ကိုကိုလည်း ရေသွားချိုးအုံးမယ်။ ခိုင်စောင့်နေပြီ"

"နှာဗူးကြီး..."

ကိုကိုဖြိုးက တဟားဟားရယ်ကာ
"ကြုံတုန်းဗူးပါရစေ ကောင်းရ... ပြီးရင် လာခေါ်မယ်။ "

ကိုကို ဖြိုးပြောပြီး ထွက်သွားသည်။ ကောင်းက ဆည်းဆာနေခြည်ပက်ဖြန်းထားသော ကန်ရေပြင်အလှကို ကြည့်ကာ ကျန်ရစ်ခဲ့သည်။

ဒီလိုအချိန်ဆိုရင် ဦး ဘာလုပ်နေမလဲဟုတွေးကာ အင်တာနက်ဖွင့်ကာ လိုင်းတက်ကြည့်လိုက်သည်။ ဦးလိုင်းပေါ်မှာ မရှိသဖြင့် ကောင်း ပြန်ဆင်းလာခဲ့သည်။ သူ့ကို စာတစ်စောင်တော့ ပို့ထားသည်။

"Good Afternoon "
"ဦး ဘာလုပ်နေလဲ။ K ကို ပစ်မထားပါနဲ့နော်။"

ကောင်း စာပို့ထားပြီး လိုင်းပေါ်မှ ဆင်းလာခဲ့သည်။ လောလောဆည် မျက်စိအနားပေးရမည်။ ဒါမှ ည ဦးလိုင်းတက်လာချိန်တွင် ဦးနှင့် စကားပြောရမည်။ လာကြူသော လူများထဲတွင် ဦးက ထူးခြားသည်။ ပြီးတော့ ဦးက ကောင်း ကိုယ်တိုင် သွားပြီး မိတ်ဆက်ထားသူ။ သူ့အရေးအသားကို ကောင်း သဘောကျ သည်။

"ဘာလုပ်နေလဲ ဦးရေ..."

ကောင်းကင် တီးတိုးရေရွတ်ရင်းထူးထူးဆန်းဆန် လွမ်းသလို ခံစားလိုက်ရသည်။ နေရာအပြောင်းလဲကြောင့်နှင့် ဇာတ်လမ်းထဲက ခံစားချက်အရှိန်ကြောင့်ဟု ထင်ပြီး ကောင်းကင် သက်ပြင်းချကာ မျက်လုံးမှိတ်ရင်း အွန်လိုင်းပေါ်က ဦး က ဘယ်လို ရုပ်ရည်များရှိမလဲဆိုတာ တွေးနေမိသည်။

===================






The Prince from the Dream Land  (Completed) (အိပ္မက္တုိင္းျပည္မွ မင္းသားေလး)Where stories live. Discover now