Chapter (12) _ လူတိုင္း ဝိုင္းဝိုင္းလည္ ခ်စ္ေနေစခ်င္တယ္ (Zawgyi+Unicode)
"ေမာင္ဟိန္း မင္းရဲ႕ပန္းၿခံအေျခအေန ေကာင္းတယ္။ အခု မီးသမားေတြ ဝင္ေနၿပီ။ ၾကည့္လိုက္ဦး။ ဒါနဲ႔ ေကာင္းကင္ေလးက အေပၚမွာ စာ႐ိုက္ခ်င္လို႔တဲ့။ မင္းေခၚသြားလိုက္ပါဦး။"
ေနာက္တေန႔ အလုပ္ကိုေရာက္ေတာ့ ဦးေလးက ဆီးႀကိဳၿပီးခိုင္း လိုက္သည္။ ေကာင္းကင္ေလးဆိုပါလား။ ေကာင္းေလး ဒီကို ေရာက္ေနသည္ေပ့ါ။
"မင္းက စည္း႐ုံးေရးေကာင္းသားပဲ။ ေကာင္းကင္ေလးက ေတာ္႐ုံလူကို ခင္တတ္သူမဟုတ္ဘူး။ အခု မင္းကို လိုက္ပို႔ခိုင္းဖို႔ နာမည္တပ္ၿပီး ဦးေလးကို ေတာင္းဆိုထားတာကြ။ ငါ့တူ ေတာ္တယ္။ ုျဖားေယာင္းေသြးေဆာင္ျခင္း အတတ္က 9++ ရွိပါလားကြ ေဟ...."
ဂ်စ္တူး က ဦးေလးကို ျပန္ေျဖမည္အျပဳ ေဒါက္တာၿဖိဳးႏွင့္ အတူ အခန္းထဲမွ ထြက္လာေသာ ေကာင္းကို ေတြ႕ေတာ့ မ်က္ႏွာက ၿပဳံးသြားမိသည္။ ဒီေန႔ သူေလးက ေဘာင္းဘီတို ေလးႏွင့္ဆိုေတာ့ ေဖြးဥကာ သြယ္လ်ေသာ ေျခေထာက္ေလးမ်ားက ေပၚေနသည္ မဟုတ္လား။ ဒီျမင္ကြင္းက ဟိန္းထက္၏ ရင္ကို ယားက်ိက်ိျဖစ္လာေစသည္။ ျဖဴဥသည့္ အသားေလးက ခပ္ၾကမ္းၾကမ္း ထိကိုင္လိုက္လွ်င္ နီရဲသြားေတာ့မလိုပင္။
" အသားေရ လွလိုက္တဲ့ ခ်ာတိတ္ေလး။ "
ဟိန္းထက္က ေကာင္းကင္လင္း၏ အသားေဖြးေဖြးေလးမ်ားကို စိုက္ၾကည့္ကာ တံေတြးမ်ိဳခ်စဥ္ ေဒါက္တာၿဖိဳးက ေျပာလိုက္သည္။
"ကိုဟိန္းေရ။ ေဆာရီးပါေနာ္။ ကိုဟိန္းကို ကေလးထိန္းခိုင္းမိၿပီ။"
ေဒါက္တာၿဖိဳးက အားတုန႔္အားနာေျပာရွာသည္။ ေကာင္းကင္လင္း ကစူပြပြႏွင့္ သူ႔အကို ဘက္ကိုလွည့္ကာ ေျပာလိုက္သည္။
"ကိုကိုၿဖိဳးေနာ္။ သား အသက္ျပည့္ၿပီသိလား။ ကေလးမဟုတ္ေတာ့ဘူး။"
ဟိန္းထက္ ရယ္ခ်င္သြားသည္။ ေၾသာ္ အသက္ျပည့္ၿပီတဲ့လား။ဒါဆို ခိုးေျပးလို႔ရၿပီေပါ့ ဟု ေတြးကာ ရယ္ခ်င္သြားသည္။
"ခင္ဗ်ားႀကီး လူကို ေလွာင္တာလား။"
"ဟာ...ေကာင္း ..ကိုဟိန္းကို ဘယ္လိုေျပာလိုက္တာလဲ။ ျပန္ေတာင္းပန္စမ္း။."
ေဒါက္တာၿဖိဳးက ေကာင္းကိုေငါက္လိုက္ေတာ့ ေကာင္း မ်က္ႏွာပ်က္သြားၿပီး ပါးစပ္ပိတ္ကာ ေပကပ္ကပ္လုပ္ေနသျဖင့္ ဟိန္းထက္က ၿပဳံးၿပီး က ဝင္ျဖန္လိုက္သည္။
"ကြၽန္ေတာ့္ အမွားပါ ေဒါက္တာ။ကြၽန္ေတာ္က ေကာင္းကင္ ေျပာတဲ့စကားကို ၿပဳံးလိုက္မိလို႔ပါ။"
ဦးေလးကပါ စူးစမ္းဟန္ၾကည့္လာေသာေၾကာင့္ ဟိန္းထက္ ရွင္းလိုက္သည္။
"ေၾသာ္ ေကာင္းကင္လင္းက အသက္ျပည့္ၿပီဆိုေတာ့ ခိုးေျပးလို႔ရၿပီေပါ့လို႔ ေတြးေနမိလို႔ပါ။"
" ဘာဗ်....ခင္ဗ်ားႀကီးေနာ္... "
ထင္သည့္အတိုင္း ေကာင္းကင္လင္း၏ အသံက စီခနဲထြက္လာသည္။ ခါတိုင္းလို ေတြေဝေငးေမာေနသည့္ သူ႔မ်က္ဝန္းမ်ားက ၾကယ္ေလးေတြလို တဖိတ္ဖိတ္လက္လို႔ေနသည္။ အၾကင္နာမဟုတ္သည့္ လူသတ္လိုရိပ္ေတြနဲ႔ေပါ့။
"ေမာင္ဟိန္း မင္းကြာ တကယ္ေနာက္တယ္။ ကဲပါ ေကာင္းေလး။ ေမာင္ဟိန္းကို ခြင့္လႊတ္လိုက္ပါ။"
ဦးေလးက ရယ္ရယ္ေမာေမာႏွင့္ ေကာင္းေလးကို ေတာင္းပန္လိုက္သည္။ ေကာင္းကင္က ဟိန္းထက္ကို စူးစူးစိုက္စိုက္ၾကည့္ကာ ေျပာလိုက္သည္။ အေၾကာႀကီးနဲ႔ေပါ့။
"ဆရာ့မ်က္ႏွာေၾကာင့္ ခြင့္လႊတ္လိုက္ပါ့မယ္။ ကဲ အင္ဂ်င္နီယာႀကီး ကြၽန္ေတာ္ အေပၚကို သြားခ်င္ၿပီဗ်။"
"ဟုတ္ကဲ့ပါ ခင္ဗ်။ ေဒါက္တာနဲ႔ ဆရာ ကြၽန္ေတာ္ သြားၿပီေနာ္။"
ဟိန္းထက္ သည္ ေကာင္းကင္လင္းကို တြန္းကာ ဓါတ္ေလွကားထဲဝင္ခဲ့သည္။သူက ေတာ့ ဖုန္းကလိေန သည္။ အေပၚေရာက္ေတာ့ ေကာင္းကင္က အပင္မ်ားႏွင့္ လွပေနေသာ ဥယ်ာဥ္ေလးကို သေဘာက်စြာၾကည့္ကာ သူေနခ်င္သည့္ ေနရာကို ၫႊန္ျပခဲ့သည္။
"ကြၽန္ေတာ္ အဲ့နားမွာ ေနခ်င္တယ္။"
"အမိန႔္အတိုင္းပါ သခင္ေလး။"
ဟိန္းထက္က အ႐ႊမ္းေဖာက္ကာ ေျပာလိုက္ၿပီး ေကာင္းကင္ေနခ်င္သည့္ ေနရာတြင္ပို႔ေပးၿပီး မီးသမားမ်ားႏွင့္ မီးႀကိဳးဆြဲသည္ကို ေသခ်ာႀကီးၾကပ္သည္။ လုပ္တာ မွန္မမွန္ေသခ်ာေစာင့္ၾကည့္ရင္း ေကာင္းကင္ကို ၾကည့္ုလိုက္ေတာ့ သူ႔လက္ေတာ့ပ္ကို ဖြင့္ကာ တစုံတခုကို ႐ိုက္ေနသည္။
ေကာင္းသည္ မမျမတ္ လက္ထပ္ၿပီးကတည္းက အိမ္ကလူမ်ားကို ဟက္ဟက္ပက္ပက္ မဆက္ဆံ ေတာ့ေပ။ ကိုကိုတူးလည္း ေက်ာင္းျပန္တက္ဖို႔သြားၿပီ။ မမျမတ္လည္း သူ႔ေယာက်ာ္းဝယ္ေပးေသာ အိမ္တြင္သြားေနသည္။ မာမီႏွင့္ဒယ္ဒီလည္း သူတို႔ အတြဲကိုယ္စီႏွင့္ အလုပ္ေတြရႈပ္ေနသည္။
ကိုကိုၿဖိဳးက ေကာင္းကို က႐ုစိုက္ေပးလို႔ေတာ္ေသးသည္။ ဒါေတာင္ သူက မမခိုင္ႏွင့္သြားခ်ိန္းလွ်င္ ေကာင္းကို ခ်န္ထားခဲ့ေသးသည္။ ကိုကိုၿဖိဳးႏွင့္အလုပ္ကို လိုက္ခြင့္ရလို႔ေတာ္ေသးတာေပါ့။ အင္ဂ်င္နီယာ ကိုဟိန္းက မ်က္ႏွာေၾကာတင္းေသာ္လည္း သူ႔မ်က္လုံးက ေပ်ာ့ေပ်ာင္းလာသျဖင့္ ေကာင္း သူ႔ကို ေကာင္းေကာင္း ခိုင္းစားေနလိုက္သည္။
အခုလည္း သူ အလုပ္လုပ္သည့္ မိုးပ်ံဥယ်ာဥ္ေပၚလိုက္လာၿပီး ဇာတ္လမ္းဆက္ေရးဖို႔ ႀကိဳးစားလိုက္ေပမယ့္ အေစာက ကိုဟိန္းထက္၏ ရန္စ စကားေၾကာင့္ စိတ္အေႏွာက္ယွက္ျဖစ္ကာ ဇာတ္လမ္းထဲ အာ႐ုံမေရာက္ပဲ ဟိန္းထက္ အလုပ္လုပ္သည့္ ဘက္ကို မ်က္ေမွာင္ၾကဳတ္ၾကည့္ကာ စိတ္ထဲက ေရ႐ြတ္ေျပာဆိုေနမိသည္။
" အလကားလူႀကီး။ လူကိုေတြ႕ရင္ ေဒါသထြက္ေအာင္ပဲ လိုက္ေျပာေနတယ္။ ေသခ်င္လို႔။ ဒင္းကို အလုပ္ထုတ္ေအာင္ ေျပာလိုက္မိေတာ့မယ္။ လူပုံက ေခ်ာပုံေခ်ာလ်က္နဲ႔ အက်င့္က နည္းနည္းမွ မေကာင္းဘူး။ အငယ္ကို မခံခ်င္ေအာင္ ေျပာတယ္။ ေအာ္တယ္။ တကယ့္လူဆိုးပဲ။ ငါ့အကိုသာျဖစ္ရင္ ဒင္းနဲ႔ သတ္ေနရမွာ။ အခုေတာ့ ကိုကိုၿဖိဳးလို စိတ္ရွည္တဲ့သူရွိလို႔ ေတာ္ေသးတယ္။ "
ဟိန္းထက္က အလုပ္သမားမ်ားကို ႀကီးၾကပ္ရင္း မ်က္လုံးေထာင္ကေန ေကာင္းကင္လင္းက စာမ႐ိုက္ပဲ မိမိကို လိုက္ၾကည့္လိုက္ ေရ႐ြတ္ေျပာဆို လိုက္လုပ္ေနသည္ကို ေတြ႕ေသာ ႏူတ္ခမ္းက အၿပဳံးေရးေရးထင္သြားခဲ့သည္။
" ခ်စ္စရာေကာင္းတဲ့ ေကာင္ေလး... မင္းကို ဒီထက္ရင္းႏွီးခ်င္လွၿပီ ေကာင္းေလးေရ "
ဟိန္းထက္ စိတ္ထဲက ဟစ္ေႂကြးေနမိသည္။
ေကာင္းကင္လင္းက စိတ္ပုပ္သေလာက္ အရပ္ျမင့္ျမင့္ ႏွင့္ ၾကည့္ေကာင္းလွသည့္ အင္ဂ်င္နီယာ ဟိန္းထက္ကို လိုက္ၾကည့္ကာ ဇာတ္လမ္းေရးဖို႔ အာ႐ုံမရျဖစ္ေနလို႔ လိုင္းေပၚတက္ၾကည့္ေတာ့ စာေရးဆရာ ဦးကို မေတြ႕ရေပ။ ေမာင္ ဆိုသည့္ အလုပ္သင္ ဆရာဝန္ေလးႏွင့္ စကားနည္းနည္းေျပာေပမယ့္ ခါတိုင္းလို ေမာင္ႏွင့္ ကိုႀကီးတို႔ အေၾကာင္းကို သိပ္စိတ္မဝင္စားေတာ့သျဖင့္ စကားစျဖတ္ကာ လိုင္းေပၚက ဆင္းလာခဲ့သည္။ ေမာင္၏ ေခါင္းမာသည့္ စကားမ်ားေၾကာင့္
ၾကာရင္ ေကာင္း စိတ္ထိန္းႏိုင္မည္ မဟုတ္ေပ။ ခုတေလာ ေကာင္းစိတ္ေတြ အထိမခံျဖစ္ေနတာ ကိုယ့္ဖာသာအသိပါ။ မျမတ္ကို မုန္းသည္။ မာမီ့ကို မုန္းသည္။ ဒယ္ဒီ့ကို မုန္းသည္။ ေတာ္ေသးသည္။ ေဘးတြင္ ကိုကိုၿဖိဳးရွိေနေပးလို႔။ ေတာ္ၿပီ။ အြန္လိုင္းေပၚ ၾကဴရတာ ေပ်ာ္စရာမေကာင္းေတာ့ေပ။ ေကာင္း တျဖည္းျဖည္းစိတ္ကုန္လာၿပီ။
"ကဲ အားၿပီလား သခင္ေလး။ ထမင္းစားဖို႔ ခင္ဗ်ားေလးကို ေစာင့္ေနတာ။ ၿပီးရင္သြားၾကမယ္။"
နံေဘးမွ အသံၾကားမွ ေကာင္းကင္လင္း အလန႔္တၾကားေလး ေမာ့ၾကည့္လိုက္မိသည္။ အင္ဂ်င္နီယာ ကိုကိုပါလား။ မိမိက ေမာင္ႏွင့္ ၾကဴေနေသာေၾကာင့္ သူ႔ကို လုံးလုံးေမ့သြားသည္။ ၾကည့္စမ္း။ အလုပ္သမားမ်ားကိုၾကည့္ေတာ့ ထမင္းစားဆင္းကုန္ၾကၿပီ။ သူက မိမိကို စိတ္ရွည္စြာ ေစာင့္ေန ေပးသည္။
" ကဲ သခင္ေလး။ ကြၽန္ေတာ္မ်ိဳး ဆာလွၿပီ။ သြားၾကစို႔။"
ေကာင္း ႏူတ္ခမ္းစူလိုက္ၿပီး ေျပာလိုက္သည္။ သူ႔ကို လွမ္းရစ္လိုက္သည္။
"ဆာရင္ သြားစားပါလား။ ဝမ္းျခင္းဆက္ထားတာ မွတ္လို႔။ ဘယ္သူက ေစာင့္ခိုင္းေနလို႔လဲ။"
သူက မ်က္ေမွာင္ကုတ္လိုက္ေသာ္လည္း စိတ္ရွည္စြာရွင္းျပေနသည္။
"မင္းကို တစ္ေယာက္တည္းထားခဲ့လို႔ ဘယ္ျဖစ္မွာလဲ ေကာင္းကင္ရ။ ရပါတယ္။ ကိုယ္ မဆာပါဘူး။ မင္းကို ေစာင့္ခ်င္လို႔ေစာင့္ေနတာပါ။"
သူ႔အေျဖေၾကာင့္ ေကာင္း ေက်နပ္သြားသည္။ သူ႔ကို ေမာ့ၾကည့္ကာ တိုးတိုးေျပာလိုက္သည္။
"ေဆာရီး။"
သူ ၿပဳံးသြားသည္ကို ေတြ႕ေတာ့ ေကာင္း သူ႔ကို ခင္သြားသည္။ ဘာပဲေျပာေျပာ သူု႔ကို ေကာင္း ရင္းႏွီးသလို ခံစားမိလာၿပီ။ သူက ဘာမွ မေျပာပါ။ ေကာင္းကို ကိုကိုၿဖိဳးထံပို႔ေပးၿပီး ထမင္းစားရန္ ဆင္းသြားသည္။
ေဝးသြားေသာ သူ႔ေက်ာျပင္ကို ၾကည့္ရင္း ေကာင္းကင္လင္း၏ စိတ္ထဲ ေႏြးေထြးမႈ တစ္ခုကို ခံစားလိုက္ရသည္ဟု ထင္သည္။
" ခင္ဗ်ားက လူဆိုးလား လူေကာင္းလား ကိုဟိန္း "
ေကာင္း တီးတိုးေမးလိုက္မိသည္။ ကိုကိုၿဖိဳးႏွင့္ ေန႔လည္စာ စားဖို႔ ထြက္ေတာ့ ကိုကိုၿဖိဳးက ေကာင္းစားခ်င္သည္ဆိုလို႔ ကိုရီးယားဆိုင္ကို ပို႔ေပးသည္။ ကိုရီးယား အသားကင္ႏွင့္ ထမင္းမွာၿပီး ေန႔လည္စာကို ၿမိန္ယွက္စြာစားခဲ့သည္။ ေဒါက္တာေဝယံၿဖိဳးသည္ ခုတေလာ သူ႔ဦးႏွင့္ စကားေျပာသည္ကို မေတြ႕ရလို႔ ေမးလိုက္သည္။
"ေကာင္း မင္းရဲ႕ ဦးေရာ။"
"မသိ။ သူ႔ခ်စ္သူနားမွာေနမွာေပါ့။"
ေကာင္းကင္ စိတ္မဝင္စားသလိုေျဖလိုက္သည္။သို႔ေသာ္ စိတ္ထဲတြင္ ဦးကိုသတိရလိုက္မိသည္။ ေမာင့္ကို ကိုႀကီးခ်စ္သလို ဦးက မိမိကို ခ်စ္ရင္ဘယ္ေလာက္ေကာင္းမလဲဆိုၿပီး ေကာင္းစိတ္ကူးယဥ္ ခင္ပါသည္။ သို႔ေသာ္ မျဖစ္ႏိုင္ဘူးေလ။ အဓိက ကေတာ့ ေကာင္းလူေတြကို မယုံၾကည္ျခင္း ျဖစ္သည္။
"ဘာ။ သူ႔မွာခ်စ္သူရွိတယ္ ဟုတ္လား။"
ေဒါက္တာၿဖိဳး ေအာ္လိုက္သည္။ သူ႔ညီက ခပ္တည္တည္ စႏိုက္ေၾကာ္ေနသည္ကို ယခုမွသိေတာ့ လန႔္သြားတာလည္းပါသည္။
"ရွိတယ္။"
ေကာင္းကင္လင္းကေတာ့ အစားပင္မပ်က္ေပ။
"ေကာင္းရယ္။ ဘာလို႔ သူမ်ားခ်စ္သူႀကီးကို လက္ခံရတာလဲ။သူက ေကာင္းကိုခုမွေျပာျပတာလား"
ေဒါက္တာၿဖိဳး သက္ျပင္းခ်ကာ ေမးလိုက္သည္။ ညီကို နားမလည္ေတာ့ပါ။ မိမိရဲ႕ ႐ိုးသားလွေသာ ညီငယ္ေလးက ဘာလို႔ အဲ့လိုျဖစ္သြားရသည္ကို ၿဖိဳးေဝယံ နားမလည္ေတာ့ေပ။ ညီမေလး ျမတ္ေတာ္ဝင္ရဲ႕ လက္ထပ္ပြဲေၾကာင့္ ေကာင္းကင္ေလး စိတ္နည္းနည္းခက္ထန္လာသည္ကိုေတာ့ သတိထားမိသည္။ မိမိလည္း တတ္ႏိုင္သေလာက္ ေပ်ာ္ေအာင္ထားေပးေနသည္။ ေကာင္းေလး အရမ္းကိုၿငိမ္သြားသည္။ ၿငိမ္သက္ျခင္းရဲ႕ ေနာက္ကြယ္မွာ မုန္တိုင္းလာဖို႔ အစပ်ိဳးေနမွာကို မိမိစိုး႐ြံ႕မိသည္။
အျပင္တြင္ ခ်စ္သူမရွိႏိုင္ေသာ္လည္း အြန္လိုင္းေပးတြင္ ေကာင္းေလးႏွင့္စိတ္တူ ကိုယ္တူ အေတြးအေခၚတူေသာ ခ်စ္သူတစ္ေယာက္ေလာက္ရွိေစခ်င္သည္။ ေကာင္းေလးလည္း အခ်စ္ေၾကာင့္ ေသာကနည္းနည္းေတာ့ ေလွ်ာ့သြားေစခ်င္သည္။ ေကာင္းေလး အြန္လိုင္းေပၚတြင္ ဘာေတြ ရႈပ္ေနသည္ကို မိမိေစာင့္ၾကည့္မွ ျဖစ္ေတာ့မည္ ဟုေတးထားလိုက္သည္။
"မဟုတ္ဘူး။ အစကတည္းက သူဖြင့္ေျပာတယ္။"
ေကာင္း ေအးတိေအးစက္ျပန္ေျဖလိုက္သည္။ စကားမ်ားေသာ ကိုကိုၿဖိဳးကို သိပ္မၾကည္ခ်င္ေတာ့ပါ။ ေကာင္းကို အျပစ္တင္ခ်င္ေသာ အရိပ္အေငြ႕မ်ားပါလာသည္။ သူမ်ားေတြ ႀကိဳက္သေလာက္ အျပစ္ ေျပာခ်င္ေျပာပါေစ။ မိမိဘက္မွ ကိုကိုၿဖိဳးကို အၿမဲရပ္တည္ ေနေစခ်င္ သည္။
"အဲ့တာကို ေကာင္းက ဘယ္လိုခ်စ္သူေတာ္လိုက္တာလဲ။ "
ေဒါက္တာၿဖိဳးက ညီ့အတြက္ အသားကို ဆလတ္႐ြက္ႏွင့္ ထုပ္ေပးရင္းေမးလိုက္သည္။
"ဒီလိုပဲ ဝင္လုံးလိုက္တာေပါ့ ကိုကိုကလည္း။ "
ေကာင္းႏူတ္ခမ္းစူ ရင္းေျပာလိုက္သည္။ အ ရန္ေကာ ဆိုၿပီး အကိုကို ၾကည့္လိုက္ေသးသည္။ဒီေန႔မွ အေမးအျမန္းထူးေနေသာအကိုကို စိတ္တိုလာသည္။ ေမာင္ႏွင့္လည္း ရန္ျဖစ္ထားသည္။ ကိုဂ်စ္ႏွင့္ လည္း မေတြ႕ရ။ ဦးကလည္း မိမိကို ပစ္ထားသည္။ အျပင္ေလာကတြင္သာမက အြန္လိုင္းေပၚတြင္လည္း ခုတေလာ ေကာင္း ကံမေကာင္းပါ။
ေဒါက္တာၿဖိဳး ရင္ဖိလိုက္မိသည္။
ေကာင္းေလးဘယ္လိုေျပာင္းလဲသြားပါလိမ့္ဟု ေတြးေနမိသည္။ ခ်စ္သူရွိေနသည့္ ဘဲႀကီးကို ဝင္လုံးသည္ ဆိုပဲ။ ေကာင္းကင္ေလးရယ္။ မင္း အဆင့္နဲ႔ ဒါေတြ လုပ္စရာ မလိုပါဘူး။ မင္း ခ်စ္သူတစ္ေယာက္ အသာေလး ရႏိုင္ပါတယ္ကြယ္ ဟုၿဖိဳးေဝယံ စိတ္ေမာစြာ ေတြးမိသည္။ ညီအတြက္ ရင္ေမာစေတာ့ ျပဳလာေလၿပီ။
"ေကာင္းေလးရယ္။ ေကာင္မေလးေတြနဲ႔ပဲ ၾကဴပါလားကြယ္။"
ေဒါက္တာၿဖိဳး ညီငယ္ကို ေခ်ာ့လိုက္သည္။ ေလာေလာဆည္ အာ႐ုံနည္းနည္းေျပာင္းေပးဦးမွေလ။
"ဟင့္အင္း။ ရႈပ္တယ္။ သူတို႔က တအားစကားမ်ားတာ သိလား။ ေကာင္ေလးေတြပဲ ေကာင္းတယ္။ ဟိ..."
ေကာင္းက ေျပာၿပီးရယ္ေနသျဖင့္ ေဒါက္တာၿဖိဳး မသကၤာဟန္ျဖင့္ၾကည့္ကာ ေမးလိုက္သည္။ ေကာင္းေလးက ဘာေၾကာင့္ ေကာင္ေလးေတြကိုပဲ ၾကဴခ်င္ရတာလဲလို႔ စိတ္ပူစြာေတြးလိုက္မိသည္။ မဟုတ္မွ sex chat ေနလားဟု ပူသြားသည္။
"ဘာရီတာလဲ ေကာင္းေလး။ မင္းမဟုတ္တာ လုပ္ေနတာလား ေကာင္း။ sex chat ေနလား။"
ေကာင္း မ်က္ႏွာပိုးသတ္ကာ ေျပာလိုက္သည္။ မျဖစ္ေသးဘူး။ ကိုကိုသိသြားလွ်င္ ဖုန္း၊ လက္ေတာ့ပ္ အားလုံးသိမ္းသြားမွ ကြိေနမည္။ ထို႔ေၾကာင့္ မ်က္ႏွာကို အ႐ိုးသား အျဖဴစင္ဆုံးထား လိုက္ကာ ေျပာလိုက္သည္။
"ကိုကိုကေတာ့ေနာ္။ သားက ငယ္ေသးတယ္။ sex chat စရာလား။ ေယာက်္ားေလးခ်င္းဘယ္လို chat ရမွာလဲ။ သားမသိဘူး။သိရင္ ကိုကိုေျပာျပေလ။ သားကိုဆို ဘယ္ေတာ့မွ အေကာင္းမထင္ဘူး။ ေတာ္ၿပီ။ ေနာက္ခါ အၾကဴဇယားေတြ ကိုကို႔ကို မေျပာျပေတာ့ဘူး။"
ေဒါက္တာၿဖိဳး မ်က္ႏွာေၾကာကို ေလွ်ာ့ကာ ေကာင္းကို ေခ်ာ့လိုက္သည္။ ေတာ္ေသးသည္။ sex chat ရမွန္း၊ ဗီဒီယို call ေခၚၿပီး ထုရေကာင္းမွန္း မသိေသးလို႔။ မျဖစ္ဘူး။ မိမိေျပာမွ လုပ္ရေကာင္းမွန္း သိသြားဦးမည္။ ၿဖိဳးေဝယံ စကားကို ထိန္းေျပာလိုက္သည္။
"အဲ့လို မလုပ္ရဘူးေလ။ ေကာင္းေလးကို ကိုကိုက စိတ္ပူလို႔ေျပာေနတာပါ။ ကိုယ့္ ညီေလးကို ေတာ္ၾကာ ဘယ္သူမ်ား ေႂကြေအာင္ ေျပာၿပီး ခိုးေျပးသြားမလဲလို႔ ပူေနရတာ သိရဲ႕လား။"
ေကာင္းကင္ ေက်နပ္သြားသည္။ ကိုကို ကမိမိ ႏွင့္သူမ်ား ေတြ sex chat ေနတာ မသိေသးလို႔။
"ခိုးေျပးစရာလား ကိုကိုကလဲ။ ေကာင္းကပဲ သူတို႔ေႂကြေအာင္ေျပာမွာ သိလား။"
ေကာင္းကင္ ကိုကို႔ကို ႐ိုးသားသည့္ ခ်ာတိတ္ေလး ဒီဇိုင္းႏွင့္ ခြၽဲလိုက္သည္။ ကိုကိုယုံမွ ျဖစ္မည္။ မဟုတ္လွ်င္ ဂြင္ပိတ္သြားႏိုင္သည္။
"ေတြ႕ေနၿပီေပါ့ အသစ္ေလး။"
ေဒါက္တာၿဖိဳး ေကာင္းကို စကားေရာ ေဖာေရာႏွင့္ ေမးလိုက္သည္။ ေကာင္းကို မ်က္ေျခမျပတ္ ၾကည့္မွ။ လႊတ္ထားလို႔မျဖစ္ေတာ့ေပ။
"အြန္ ကိုကို ဘယ္လိုသိလဲ။"
ေကာင္းကင္ ကိုကို႔ကို အံ့ၾသသလိုၾကည့္ကာ ေမးလိုက္သည္။ ေမာင့္ အေၾကာင္း ကိုကိုၿဖိဳးသိထား တာလား ဟု ေတြးလိုက္မိသည္။ ယခုတေလာ ကိုကို မိမိဖုန္းကို ယူမၾကည့္ပါ။ သူ အလုပ္ရႈပ္ေနတာ မဟုတ္လား။
"သိတာေပ့ါ။ေကာင္းေလးမ်က္ႏွာ ဒီေလာက္ၿဖဲေနတာ။ ေျပာ ဘယ္က ေကာင္ေလးလဲ။ ငယ္လား။"
ၿဖိဳးက ေကာင္းကင္ရဲ႕ မ်က္နာရိပ္ကို ၾကည့္ကာ ေျဖလိုက္သည္။ ေကာင္းကင္ မဟုတ္တာ လုပ္ေတာ့ လုပ္ေနၿပီ။ သူ႔မ်က္ႏွာက ျဖတ္ခနဲ မလုံရိပ္ေပၚသြားသည္ မဟုတ္လား။ အင္း သတိထားမွ။ ဘယ္က ေကာင္ေလးလဲဆိုတာ သိေအာင္ ေခ်ာ့ေမးရမည္။ မေတာ္လို႔ မဟုတ္တ႐ုတ္အုပ္စုထဲ ေရာက္သြားမွ ဒယ္ဒီတို႔သိလွ်င္ မိမိအသတ္ခံရႏိုင္သည္ မဟုတ္လား။ သတ္တာ မသတ္တာ အပထား။ ေကာင္းေလး လူေပါင္းမွားမွာကို စိုရိမ္ရသည္။
"အင္း။ သား ထက္နည္းနည္းႀကီးတယ္။ ကိုကို႔လိုပဲ ဆရာဝန္ေလး။ "
ေကာင္းကင္ ၿပဳံးၿပီး ကိုကို႔ကို ႂကြားသည္။ ဘာပဲ ေျပာေျပာ မိမိခ်စ္သူက ဆရာဝန္ဆိုေတာ့ ေျပာရတာ ဂုဏ္ရွိတာေပ့ါ။ တကယ္ခ်စ္တာ မခ်စ္တာ အပထား။ မ်က္ႏွာပန္းေတာ့လွသည္ေလ။
"ဟုတ္လွခ်ည္လား။ ဘယ္လိုသိတာတုန္း။ သူက လာမိတ္ဆက္တာလား။"
"ဟုတ္ဘူး။ သားကို Block သြားတဲ့ ဘဲႀကီး မွတ္မိလား ကိုကို။ ဟို CEO ဆိုတာေလ။"
"အင္း။ မွတ္မိတယ္။ သူ႔သားလား။"
"ဟုတ္တယ္။ သူ႔ေမြးစားသားေလးေလ။ သူက ေမြးၿပီးစားမလို႔ေလ။ ေကာင္းက သူ႔ကို ေ႐ႊဥၾကမ္းညႇပ္သလို ခံရေအာင္လုပ္မလို႔။ ေကာင္း သူ႔ကို အသည္းခြဲမလို႔ ဆရာဝန္ေလးကို ေႂကြေအာင္ ညဳေနတာ။"
ေဒါက္တာၿဖိဳးသည္ ညီေလး၏ စိတ္အေျခအေနကို နည္းနည္းစိုးရိမ္သြားသည္။ သူ႔မမျမတ္လက္ထပ္ ပြဲၿပီးကတည္းက ေကာင္းေလး ဘာမဟုတ္တာကို ေပါက္ကြဲေနသည္။ ၿပီးေတာ့ နည္းနည္းဆိုး ေနသည္။
"ေကာင္းရယ္။ ဘဲႀကီးကို မေက်နပ္႐ုံနဲ႔ သူ႔ခ်စ္သူကို အသည္းခြဲခ်င္တာလား။"
"ဟုတ္တယ္ ကိုကိုၿဖိဳး။ သူ ရင္နာေနရေအာင္လုပ္ခ်င္တာ။"
"မလုပ္ေကာင္းဘူး ေကာင္းေလး။ မလုပ္နဲ႔ေနာ္။ ေကာင္းေလးပါ အသည္းကြဲရလိမ့္မယ္။"
ေဒါက္တာၿဖိဳး မ်က္ႏွာ ပ်က္စြာတားေသာ္လည္း ေကာင္းကင္က မသိသလိုလုပ္ေနသည္။ ေလာေလာဆည္ ေကာင္းကင္လင္း၏ စိတ္ထဲတြင္ မရတာကိုမွ ပိုလိုခ်င္ေနမိသည္။ မိမိကို လူတကာ ဝိုင္းခ်စ္ေနသည္ကို လိုခ်င္သည္။ ေမာင္ေရာ၊ ဦးေရာ၊ ကိုဂ်စ္ေရာ၊ အို...အားလုံး ေကာင္းကို ဝိုင္းခ်စ္ၾကမည္ဆိုလွ်င္ ဘယ္ေလာက္စိတ္ခ်မ္းသာလိုက္မလဲဟု ေတြးကာေနမိသည္။
"ကဲ ေကာင္းေလး ျမန္ျမန္စား။ ကိုကို အလုပ္ကို ျပန္သြားရဦးမယ္။"
ေဒါက္တာၿဖိဳးက စားရင္း အေတြးလြန္ေနေသာ ေကာင္းကို ေလာလိုက္သည္။ ေကာင္းေလးအတြက္ ကို ၿဖိဳး လုံးဝစိတ္ပူေနမိသည္။ ခိုင္ႏွင့္တိုင္ပင္ၿပီး ေကာင္းအတြက္ အေကာင္းဆုံး ဘယ္လို လုပ္ေပးရ မလဲဆို တာ နည္းလမ္းရွာေပးရဦးမည္။
ေကာင္းကေတာ့ ကိုကိုၿဖိဳးကို ေဘးထားၿပီး ေမာင္တို႔အေၾကာင္းကို ေတြးေနမိေတာ့သည္။
"ေမာင္ မင္းက ဘာလို႔ ေခါင္းမာရတာလဲကြာ။ ေက့ကို မေႂကြႏိုင္ရေလာက္ေအာင္ ဘဲႀကီးက ဘာမ်ား စြမ္းေနလို႔လဲ။ မင္းတို႔ ကင္းေရာ ကင္းရဲ႕လားကြာ။ မင္းေျပာသလိုသာ ကင္းမယ္ဆိုရင္ မင္းနဲ႔ မင္းဘဲႀကီး ႐ူးေနလို႔ျဖစ္မယ္။ ဘာလဲ။ စိတ္ျခင္းနီးတဲ့ အခ်စ္လား ။ႏွလုံးသား ျခင္းရင္းႏွီး တာလား။သြားစမ္းပါ။ဇာတ္လမ္းထဲက စကားလုံးေတြနဲ႔ အခ်စ္သူရဲေကာင္းႀကီး လုပ္ျပ မေနၾက နဲ႔၊အဲ့လိုလူမ်ိဳးကို ေကာင္း လုံးဝမယုံဘူးသိလား။ မင္းကို ေကာင္းရေအာင္ ျမႇားျပမယ္ ေမာင္။ "
=========================
Chapter (12) _ လူတိုင်း ဝိုင်းဝိုင်းလည် ချစ်နေစေချင်တယ် (Zawgyi+Unicode)
"မောင်ဟိန်း မင်းရဲ့ပန်းခြံအခြေအနေ ကောင်းတယ်။ အခု မီးသမားတွေ ဝင်နေပြီ။ ကြည့်လိုက်ဦး။ ဒါနဲ့ ကောင်းကင်လေးက အပေါ်မှာ စာရိုက်ချင်လို့တဲ့။ မင်းခေါ်သွားလိုက်ပါဦး။"
နောက်တနေ့ အလုပ်ကိုရောက်တော့ ဦးလေးက ဆီးကြိုပြီးခိုင်း လိုက်သည်။ ကောင်းကင်လေးဆိုပါလား။ ကောင်းလေး ဒီကို ရောက်နေသည်ပေ့ါ။
"မင်းက စည်းရုံးရေးကောင်းသားပဲ။ ကောင်းကင်လေးက တော်ရုံလူကို ခင်တတ်သူမဟုတ်ဘူး။ အခု မင်းကို လိုက်ပို့ခိုင်းဖို့ နာမည်တပ်ပြီး ဦးလေးကို တောင်းဆိုထားတာကွ။ ငါ့တူ တော်တယ်။ ုဖြားယောင်းသွေးဆောင်ခြင်း အတတ်က 9++ ရှိပါလားကွ ဟေ...."
ဂျစ်တူး က ဦးလေးကို ပြန်ဖြေမည်အပြု ဒေါက်တာဖြိုးနှင့် အတူ အခန်းထဲမှ ထွက်လာသော ကောင်းကို တွေ့တော့ မျက်နှာက ပြုံးသွားမိသည်။ ဒီနေ့ သူလေးက ဘောင်းဘီတို လေးနှင့်ဆိုတော့ ဖွေးဥကာ သွယ်လျသော ခြေထောက်လေးများက ပေါ်နေသည် မဟုတ်လား။ ဒီမြင်ကွင်းက ဟိန်းထက်၏ ရင်ကို ယားကျိကျိဖြစ်လာစေသည်။ ဖြူဥသည့် အသားလေးက ခပ်ကြမ်းကြမ်း ထိကိုင်လိုက်လျှင် နီရဲသွားတော့မလိုပင်။
" အသားရေ လှလိုက်တဲ့ ချာတိတ်လေး။ "
ဟိန်းထက်က ကောင်းကင်လင်း၏ အသားဖွေးဖွေးလေးများကို စိုက်ကြည့်ကာ တံတွေးမျိုချစဉ် ဒေါက်တာဖြိုးက ပြောလိုက်သည်။
"ကိုဟိန်းရေ။ ဆောရီးပါနော်။ ကိုဟိန်းကို ကလေးထိန်းခိုင်းမိပြီ။"
ဒေါက်တာဖြိုးက အားတုန့်အားနာပြောရှာသည်။ ကောင်းကင်လင်း ကစူပွပွနှင့် သူ့အကို ဘက်ကိုလှည့်ကာ ပြောလိုက်သည်။
"ကိုကိုဖြိုးနော်။ သား အသက်ပြည့်ပြီသိလား။ ကလေးမဟုတ်တော့ဘူး။"
ဟိန်းထက် ရယ်ချင်သွားသည်။ သြော် အသက်ပြည့်ပြီတဲ့လား။ဒါဆို ခိုးပြေးလို့ရပြီပေါ့ ဟု တွေးကာ ရယ်ချင်သွားသည်။
"ခင်ဗျားကြီး လူကို လှောင်တာလား။"
"ဟာ...ကောင်း ..ကိုဟိန်းကို ဘယ်လိုပြောလိုက်တာလဲ။ ပြန်တောင်းပန်စမ်း။."
ဒေါက်တာဖြိုးက ကောင်းကိုငေါက်လိုက်တော့ ကောင်း မျက်နှာပျက်သွားပြီး ပါးစပ်ပိတ်ကာ ပေကပ်ကပ်လုပ်နေသဖြင့် ဟိန်းထက်က ပြုံးပြီး က ဝင်ဖြန်လိုက်သည်။
"ကျွန်တော့် အမှားပါ ဒေါက်တာ။ကျွန်တော်က ကောင်းကင် ပြောတဲ့စကားကို ပြုံးလိုက်မိလို့ပါ။"
ဦးလေးကပါ စူးစမ်းဟန်ကြည့်လာသောကြောင့် ဟိန်းထက် ရှင်းလိုက်သည်။
"သြော် ကောင်းကင်လင်းက အသက်ပြည့်ပြီဆိုတော့ ခိုးပြေးလို့ရပြီပေါ့လို့ တွေးနေမိလို့ပါ။"
" ဘာဗျ....ခင်ဗျားကြီးနော်... "
ထင်သည့်အတိုင်း ကောင်းကင်လင်း၏ အသံက စီခနဲထွက်လာသည်။ ခါတိုင်းလို တွေဝေငေးမောနေသည့် သူ့မျက်ဝန်းများက ကြယ်လေးတွေလို တဖိတ်ဖိတ်လက်လို့နေသည်။ အကြင်နာမဟုတ်သည့် လူသတ်လိုရိပ်တွေနဲ့ပေါ့။
"မောင်ဟိန်း မင်းကွာ တကယ်နောက်တယ်။ ကဲပါ ကောင်းလေး။ မောင်ဟိန်းကို ခွင့်လွှတ်လိုက်ပါ။"
ဦးလေးက ရယ်ရယ်မောမောနှင့် ကောင်းလေးကို တောင်းပန်လိုက်သည်။ ကောင်းကင်က ဟိန်းထက်ကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။ အကြောကြီးနဲ့ပေါ့။
"ဆရာ့မျက်နှာကြောင့် ခွင့်လွှတ်လိုက်ပါ့မယ်။ ကဲ အင်ဂျင်နီယာကြီး ကျွန်တော် အပေါ်ကို သွားချင်ပြီဗျ။"
"ဟုတ်ကဲ့ပါ ခင်ဗျ။ ဒေါက်တာနဲ့ ဆရာ ကျွန်တော် သွားပြီနော်။"
ဟိန်းထက် သည် ကောင်းကင်လင်းကို တွန်းကာ ဓါတ်လှေကားထဲဝင်ခဲ့သည်။သူက တော့ ဖုန်းကလိနေ သည်။ အပေါ်ရောက်တော့ ကောင်းကင်က အပင်များနှင့် လှပနေသော ဥယျာဉ်လေးကို သဘောကျစွာကြည့်ကာ သူနေချင်သည့် နေရာကို ညွှန်ပြခဲ့သည်။
"ကျွန်တော် အဲ့နားမှာ နေချင်တယ်။"
"အမိန့်အတိုင်းပါ သခင်လေး။"
ဟိန်းထက်က အရွှမ်းဖောက်ကာ ပြောလိုက်ပြီး ကောင်းကင်နေချင်သည့် နေရာတွင်ပို့ပေးပြီး မီးသမားများနှင့် မီးကြိုးဆွဲသည်ကို သေချာကြီးကြပ်သည်။ လုပ်တာ မှန်မမှန်သေချာစောင့်ကြည့်ရင်း ကောင်းကင်ကို ကြည့်ုလိုက်တော့ သူ့လက်တော့ပ်ကို ဖွင့်ကာ တစုံတခုကို ရိုက်နေသည်။
ကောင်းသည် မမမြတ် လက်ထပ်ပြီးကတည်းက အိမ်ကလူများကို ဟက်ဟက်ပက်ပက် မဆက်ဆံ တော့ပေ။ ကိုကိုတူးလည်း ကျောင်းပြန်တက်ဖို့သွားပြီ။ မမမြတ်လည်း သူ့ယောကျာ်းဝယ်ပေးသော အိမ်တွင်သွားနေသည်။ မာမီနှင့်ဒယ်ဒီလည်း သူတို့ အတွဲကိုယ်စီနှင့် အလုပ်တွေရှုပ်နေသည်။
ကိုကိုဖြိုးက ကောင်းကို ကရုစိုက်ပေးလို့တော်သေးသည်။ ဒါတောင် သူက မမခိုင်နှင့်သွားချိန်းလျှင် ကောင်းကို ချန်ထားခဲ့သေးသည်။ ကိုကိုဖြိုးနှင့်အလုပ်ကို လိုက်ခွင့်ရလို့တော်သေးတာပေါ့။ အင်ဂျင်နီယာ ကိုဟိန်းက မျက်နှာကြောတင်းသော်လည်း သူ့မျက်လုံးက ပျော့ပျောင်းလာသဖြင့် ကောင်း သူ့ကို ကောင်းကောင်း ခိုင်းစားနေလိုက်သည်။
အခုလည်း သူ အလုပ်လုပ်သည့် မိုးပျံဥယျာဉ်ပေါ်လိုက်လာပြီး ဇာတ်လမ်းဆက်ရေးဖို့ ကြိုးစားလိုက်ပေမယ့် အစောက ကိုဟိန်းထက်၏ ရန်စ စကားကြောင့် စိတ်အနှောက်ယှက်ဖြစ်ကာ ဇာတ်လမ်းထဲ အာရုံမရောက်ပဲ ဟိန်းထက် အလုပ်လုပ်သည့် ဘက်ကို မျက်မှောင်ကြုတ်ကြည့်ကာ စိတ်ထဲက ရေရွတ်ပြောဆိုနေမိသည်။
" အလကားလူကြီး။ လူကိုတွေ့ရင် ဒေါသထွက်အောင်ပဲ လိုက်ပြောနေတယ်။ သေချင်လို့။ ဒင်းကို အလုပ်ထုတ်အောင် ပြောလိုက်မိတော့မယ်။ လူပုံက ချောပုံချောလျက်နဲ့ အကျင့်က နည်းနည်းမှ မကောင်းဘူး။ အငယ်ကို မခံချင်အောင် ပြောတယ်။ အော်တယ်။ တကယ့်လူဆိုးပဲ။ ငါ့အကိုသာဖြစ်ရင် ဒင်းနဲ့ သတ်နေရမှာ။ အခုတော့ ကိုကိုဖြိုးလို စိတ်ရှည်တဲ့သူရှိလို့ တော်သေးတယ်။ "
ဟိန်းထက်က အလုပ်သမားများကို ကြီးကြပ်ရင်း မျက်လုံးထောင်ကနေ ကောင်းကင်လင်းက စာမရိုက်ပဲ မိမိကို လိုက်ကြည့်လိုက် ရေရွတ်ပြောဆို လိုက်လုပ်နေသည်ကို တွေ့သော နူတ်ခမ်းက အပြုံးရေးရေးထင်သွားခဲ့သည်။
" ချစ်စရာကောင်းတဲ့ ကောင်လေး... မင်းကို ဒီထက်ရင်းနှီးချင်လှပြီ ကောင်းလေးရေ "
ဟိန်းထက် စိတ်ထဲက ဟစ်ကြွေးနေမိသည်။
ကောင်းကင်လင်းက စိတ်ပုပ်သလောက် အရပ်မြင့်မြင့် နှင့် ကြည့်ကောင်းလှသည့် အင်ဂျင်နီယာ ဟိန်းထက်ကို လိုက်ကြည့်ကာ ဇာတ်လမ်းရေးဖို့ အာရုံမရဖြစ်နေလို့ လိုင်းပေါ်တက်ကြည့်တော့ စာရေးဆရာ ဦးကို မတွေ့ရပေ။ မောင် ဆိုသည့် အလုပ်သင် ဆရာဝန်လေးနှင့် စကားနည်းနည်းပြောပေမယ့် ခါတိုင်းလို မောင်နှင့် ကိုကြီးတို့ အကြောင်းကို သိပ်စိတ်မဝင်စားတော့သဖြင့် စကားစဖြတ်ကာ လိုင်းပေါ်က ဆင်းလာခဲ့သည်။ မောင်၏ ခေါင်းမာသည့် စကားများကြောင့်
ကြာရင် ကောင်း စိတ်ထိန်းနိုင်မည် မဟုတ်ပေ။ ခုတလော ကောင်းစိတ်တွေ အထိမခံဖြစ်နေတာ ကိုယ့်ဖာသာအသိပါ။ မမြတ်ကို မုန်းသည်။ မာမီ့ကို မုန်းသည်။ ဒယ်ဒီ့ကို မုန်းသည်။ တော်သေးသည်။ ဘေးတွင် ကိုကိုဖြိုးရှိနေပေးလို့။ တော်ပြီ။ အွန်လိုင်းပေါ် ကြူရတာ ပျော်စရာမကောင်းတော့ပေ။ ကောင်း တဖြည်းဖြည်းစိတ်ကုန်လာပြီ။
"ကဲ အားပြီလား သခင်လေး။ ထမင်းစားဖို့ ခင်ဗျားလေးကို စောင့်နေတာ။ ပြီးရင်သွားကြမယ်။"
နံဘေးမှ အသံကြားမှ ကောင်းကင်လင်း အလန့်တကြားလေး မော့ကြည့်လိုက်မိသည်။ အင်ဂျင်နီယာ ကိုကိုပါလား။ မိမိက မောင်နှင့် ကြူနေသောကြောင့် သူ့ကို လုံးလုံးမေ့သွားသည်။ ကြည့်စမ်း။ အလုပ်သမားများကိုကြည့်တော့ ထမင်းစားဆင်းကုန်ကြပြီ။ သူက မိမိကို စိတ်ရှည်စွာ စောင့်နေ ပေးသည်။
" ကဲ သခင်လေး။ ကျွန်တော်မျိုး ဆာလှပြီ။ သွားကြစို့။"
ကောင်း နူတ်ခမ်းစူလိုက်ပြီး ပြောလိုက်သည်။ သူ့ကို လှမ်းရစ်လိုက်သည်။
"ဆာရင် သွားစားပါလား။ ဝမ်းခြင်းဆက်ထားတာ မှတ်လို့။ ဘယ်သူက စောင့်ခိုင်းနေလို့လဲ။"
သူက မျက်မှောင်ကုတ်လိုက်သော်လည်း စိတ်ရှည်စွာရှင်းပြနေသည်။
"မင်းကို တစ်ယောက်တည်းထားခဲ့လို့ ဘယ်ဖြစ်မှာလဲ ကောင်းကင်ရ။ ရပါတယ်။ ကိုယ် မဆာပါဘူး။ မင်းကို စောင့်ချင်လို့စောင့်နေတာပါ။"
သူ့အဖြေကြောင့် ကောင်း ကျေနပ်သွားသည်။ သူ့ကို မော့ကြည့်ကာ တိုးတိုးပြောလိုက်သည်။
"ဆောရီး။"
သူ ပြုံးသွားသည်ကို တွေ့တော့ ကောင်း သူ့ကို ခင်သွားသည်။ ဘာပဲပြောပြော သူု့ကို ကောင်း ရင်းနှီးသလို ခံစားမိလာပြီ။ သူက ဘာမှ မပြောပါ။ ကောင်းကို ကိုကိုဖြိုးထံပို့ပေးပြီး ထမင်းစားရန် ဆင်းသွားသည်။
ဝေးသွားသော သူ့ကျောပြင်ကို ကြည့်ရင်း ကောင်းကင်လင်း၏ စိတ်ထဲ နွေးထွေးမှု တစ်ခုကို ခံစားလိုက်ရသည်ဟု ထင်သည်။
" ခင်ဗျားက လူဆိုးလား လူကောင်းလား ကိုဟိန်း "
ကောင်း တီးတိုးမေးလိုက်မိသည်။ ကိုကိုဖြိုးနှင့် နေ့လည်စာ စားဖို့ ထွက်တော့ ကိုကိုဖြိုးက ကောင်းစားချင်သည်ဆိုလို့ ကိုရီးယားဆိုင်ကို ပို့ပေးသည်။ ကိုရီးယား အသားကင်နှင့် ထမင်းမှာပြီး နေ့လည်စာကို မြိန်ယှက်စွာစားခဲ့သည်။ ဒေါက်တာဝေယံဖြိုးသည် ခုတလော သူ့ဦးနှင့် စကားပြောသည်ကို မတွေ့ရလို့ မေးလိုက်သည်။
"ကောင်း မင်းရဲ့ ဦးရော။"
"မသိ။ သူ့ချစ်သူနားမှာနေမှာပေါ့။"
ကောင်းကင် စိတ်မဝင်စားသလိုဖြေလိုက်သည်။သို့သော် စိတ်ထဲတွင် ဦးကိုသတိရလိုက်မိသည်။ မောင့်ကို ကိုကြီးချစ်သလို ဦးက မိမိကို ချစ်ရင်ဘယ်လောက်ကောင်းမလဲဆိုပြီး ကောင်းစိတ်ကူးယဉ် ခင်ပါသည်။ သို့သော် မဖြစ်နိုင်ဘူးလေ။ အဓိက ကတော့ ကောင်းလူတွေကို မယုံကြည်ခြင်း ဖြစ်သည်။
"ဘာ။ သူ့မှာချစ်သူရှိတယ် ဟုတ်လား။"
ဒေါက်တာဖြိုး အော်လိုက်သည်။ သူ့ညီက ခပ်တည်တည် စနိုက်ကြော်နေသည်ကို ယခုမှသိတော့ လန့်သွားတာလည်းပါသည်။
"ရှိတယ်။"
ကောင်းကင်လင်းကတော့ အစားပင်မပျက်ပေ။
"ကောင်းရယ်။ ဘာလို့ သူများချစ်သူကြီးကို လက်ခံရတာလဲ။သူက ကောင်းကိုခုမှပြောပြတာလား"
ဒေါက်တာဖြိုး သက်ပြင်းချကာ မေးလိုက်သည်။ ညီကို နားမလည်တော့ပါ။ မိမိရဲ့ ရိုးသားလှသော ညီငယ်လေးက ဘာလို့ အဲ့လိုဖြစ်သွားရသည်ကို ဖြိုးဝေယံ နားမလည်တော့ပေ။ ညီမလေး မြတ်တော်ဝင်ရဲ့ လက်ထပ်ပွဲကြောင့် ကောင်းကင်လေး စိတ်နည်းနည်းခက်ထန်လာသည်ကိုတော့ သတိထားမိသည်။ မိမိလည်း တတ်နိုင်သလောက် ပျော်အောင်ထားပေးနေသည်။ ကောင်းလေး အရမ်းကိုငြိမ်သွားသည်။ ငြိမ်သက်ခြင်းရဲ့ နောက်ကွယ်မှာ မုန်တိုင်းလာဖို့ အစပျိုးနေမှာကို မိမိစိုးရွံ့မိသည်။
အပြင်တွင် ချစ်သူမရှိနိုင်သော်လည်း အွန်လိုင်းပေးတွင် ကောင်းလေးနှင့်စိတ်တူ ကိုယ်တူ အတွေးအခေါ်တူသော ချစ်သူတစ်ယောက်လောက်ရှိစေချင်သည်။ ကောင်းလေးလည်း အချစ်ကြောင့် သောကနည်းနည်းတော့ လျှော့သွားစေချင်သည်။ ကောင်းလေး အွန်လိုင်းပေါ်တွင် ဘာတွေ ရှုပ်နေသည်ကို မိမိစောင့်ကြည့်မှ ဖြစ်တော့မည် ဟုတေးထားလိုက်သည်။
"မဟုတ်ဘူး။ အစကတည်းက သူဖွင့်ပြောတယ်။"
ကောင်း အေးတိအေးစက်ပြန်ဖြေလိုက်သည်။ စကားများသော ကိုကိုဖြိုးကို သိပ်မကြည်ချင်တော့ပါ။ ကောင်းကို အပြစ်တင်ချင်သော အရိပ်အငွေ့များပါလာသည်။ သူများတွေ ကြိုက်သလောက် အပြစ် ပြောချင်ပြောပါစေ။ မိမိဘက်မှ ကိုကိုဖြိုးကို အမြဲရပ်တည် နေစေချင် သည်။
"အဲ့တာကို ကောင်းက ဘယ်လိုချစ်သူတော်လိုက်တာလဲ။ "
ဒေါက်တာဖြိုးက ညီ့အတွက် အသားကို ဆလတ်ရွက်နှင့် ထုပ်ပေးရင်းမေးလိုက်သည်။
"ဒီလိုပဲ ဝင်လုံးလိုက်တာပေါ့ ကိုကိုကလည်း။ "
ကောင်းနူတ်ခမ်းစူ ရင်းပြောလိုက်သည်။ အ ရန်ကော ဆိုပြီး အကိုကို ကြည့်လိုက်သေးသည်။ဒီနေ့မှ အမေးအမြန်းထူးနေသောအကိုကို စိတ်တိုလာသည်။ မောင်နှင့်လည်း ရန်ဖြစ်ထားသည်။ ကိုဂျစ်နှင့် လည်း မတွေ့ရ။ ဦးကလည်း မိမိကို ပစ်ထားသည်။ အပြင်လောကတွင်သာမက အွန်လိုင်းပေါ်တွင်လည်း ခုတလော ကောင်း ကံမကောင်းပါ။
ဒေါက်တာဖြိုး ရင်ဖိလိုက်မိသည်။
ကောင်းလေးဘယ်လိုပြောင်းလဲသွားပါလိမ့်ဟု တွေးနေမိသည်။ ချစ်သူရှိနေသည့် ဘဲကြီးကို ဝင်လုံးသည် ဆိုပဲ။ ကောင်းကင်လေးရယ်။ မင်း အဆင့်နဲ့ ဒါတွေ လုပ်စရာ မလိုပါဘူး။ မင်း ချစ်သူတစ်ယောက် အသာလေး ရနိုင်ပါတယ်ကွယ် ဟုဖြိုးဝေယံ စိတ်မောစွာ တွေးမိသည်။ ညီအတွက် ရင်မောစတော့ ပြုလာလေပြီ။
"ကောင်းလေးရယ်။ ကောင်မလေးတွေနဲ့ပဲ ကြူပါလားကွယ်။"
ဒေါက်တာဖြိုး ညီငယ်ကို ချော့လိုက်သည်။ လောလောဆည် အာရုံနည်းနည်းပြောင်းပေးဦးမှလေ။
"ဟင့်အင်း။ ရှုပ်တယ်။ သူတို့က တအားစကားများတာ သိလား။ ကောင်လေးတွေပဲ ကောင်းတယ်။ ဟိ..."
ကောင်းက ပြောပြီးရယ်နေသဖြင့် ဒေါက်တာဖြိုး မသင်္ကာဟန်ဖြင့်ကြည့်ကာ မေးလိုက်သည်။ ကောင်းလေးက ဘာကြောင့် ကောင်လေးတွေကိုပဲ ကြူချင်ရတာလဲလို့ စိတ်ပူစွာတွေးလိုက်မိသည်။ မဟုတ်မှ sex chat နေလားဟု ပူသွားသည်။
"ဘာရီတာလဲ ကောင်းလေး။ မင်းမဟုတ်တာ လုပ်နေတာလား ကောင်း။ sex chat နေလား။"
ကောင်း မျက်နှာပိုးသတ်ကာ ပြောလိုက်သည်။ မဖြစ်သေးဘူး။ ကိုကိုသိသွားလျှင် ဖုန်း၊ လက်တော့ပ် အားလုံးသိမ်းသွားမှ ကွိနေမည်။ ထို့ကြောင့် မျက်နှာကို အရိုးသား အဖြူစင်ဆုံးထား လိုက်ကာ ပြောလိုက်သည်။
"ကိုကိုကတော့နော်။ သားက ငယ်သေးတယ်။ sex chat စရာလား။ ယောကျ်ားလေးချင်းဘယ်လို chat ရမှာလဲ။ သားမသိဘူး။သိရင် ကိုကိုပြောပြလေ။ သားကိုဆို ဘယ်တော့မှ အကောင်းမထင်ဘူး။ တော်ပြီ။ နောက်ခါ အကြူဇယားတွေ ကိုကို့ကို မပြောပြတော့ဘူး။"
ဒေါက်တာဖြိုး မျက်နှာကြောကို လျှော့ကာ ကောင်းကို ချော့လိုက်သည်။ တော်သေးသည်။ sex chat ရမှန်း၊ ဗီဒီယို call ခေါ်ပြီး ထုရကောင်းမှန်း မသိသေးလို့။ မဖြစ်ဘူး။ မိမိပြောမှ လုပ်ရကောင်းမှန်း သိသွားဦးမည်။ ဖြိုးဝေယံ စကားကို ထိန်းပြောလိုက်သည်။
"အဲ့လို မလုပ်ရဘူးလေ။ ကောင်းလေးကို ကိုကိုက စိတ်ပူလို့ပြောနေတာပါ။ ကိုယ့် ညီလေးကို တော်ကြာ ဘယ်သူများ ကြွေအောင် ပြောပြီး ခိုးပြေးသွားမလဲလို့ ပူနေရတာ သိရဲ့လား။"
ကောင်းကင် ကျေနပ်သွားသည်။ ကိုကို ကမိမိ နှင့်သူများ တွေ sex chat နေတာ မသိသေးလို့။
"ခိုးပြေးစရာလား ကိုကိုကလဲ။ ကောင်းကပဲ သူတို့ကြွေအောင်ပြောမှာ သိလား။"
ကောင်းကင် ကိုကို့ကို ရိုးသားသည့် ချာတိတ်လေး ဒီဇိုင်းနှင့် ချွဲလိုက်သည်။ ကိုကိုယုံမှ ဖြစ်မည်။ မဟုတ်လျှင် ဂွင်ပိတ်သွားနိုင်သည်။
"တွေ့နေပြီပေါ့ အသစ်လေး။"
ဒေါက်တာဖြိုး ကောင်းကို စကားရော ဖောရောနှင့် မေးလိုက်သည်။ ကောင်းကို မျက်ခြေမပြတ် ကြည့်မှ။ လွှတ်ထားလို့မဖြစ်တော့ပေ။
"အွန် ကိုကို ဘယ်လိုသိလဲ။"
ကောင်းကင် ကိုကို့ကို အံ့သြသလိုကြည့်ကာ မေးလိုက်သည်။ မောင့် အကြောင်း ကိုကိုဖြိုးသိထား တာလား ဟု တွေးလိုက်မိသည်။ ယခုတလော ကိုကို မိမိဖုန်းကို ယူမကြည့်ပါ။ သူ အလုပ်ရှုပ်နေတာ မဟုတ်လား။
"သိတာပေ့ါ။ကောင်းလေးမျက်နှာ ဒီလောက်ဖြဲနေတာ။ ပြော ဘယ်က ကောင်လေးလဲ။ ငယ်လား။"
ဖြိုးက ကောင်းကင်ရဲ့ မျက်နာရိပ်ကို ကြည့်ကာ ဖြေလိုက်သည်။ ကောင်းကင် မဟုတ်တာ လုပ်တော့ လုပ်နေပြီ။ သူ့မျက်နှာက ဖြတ်ခနဲ မလုံရိပ်ပေါ်သွားသည် မဟုတ်လား။ အင်း သတိထားမှ။ ဘယ်က ကောင်လေးလဲဆိုတာ သိအောင် ချော့မေးရမည်။ မတော်လို့ မဟုတ်တရုတ်အုပ်စုထဲ ရောက်သွားမှ ဒယ်ဒီတို့သိလျှင် မိမိအသတ်ခံရနိုင်သည် မဟုတ်လား။ သတ်တာ မသတ်တာ အပထား။ ကောင်းလေး လူပေါင်းမှားမှာကို စိုရိမ်ရသည်။
"အင်း။ သား ထက်နည်းနည်းကြီးတယ်။ ကိုကို့လိုပဲ ဆရာဝန်လေး။ "
ကောင်းကင် ပြုံးပြီး ကိုကို့ကို ကြွားသည်။ ဘာပဲ ပြောပြော မိမိချစ်သူက ဆရာဝန်ဆိုတော့ ပြောရတာ ဂုဏ်ရှိတာပေ့ါ။ တကယ်ချစ်တာ မချစ်တာ အပထား။ မျက်နှာပန်းတော့လှသည်လေ။
"ဟုတ်လှချည်လား။ ဘယ်လိုသိတာတုန်း။ သူက လာမိတ်ဆက်တာလား။"
"ဟုတ်ဘူး။ သားကို Block သွားတဲ့ ဘဲကြီး မှတ်မိလား ကိုကို။ ဟို CEO ဆိုတာလေ။"
"အင်း။ မှတ်မိတယ်။ သူ့သားလား။"
"ဟုတ်တယ်။ သူ့မွေးစားသားလေးလေ။ သူက မွေးပြီးစားမလို့လေ။ ကောင်းက သူ့ကို ရွှေဥကြမ်းညှပ်သလို ခံရအောင်လုပ်မလို့။ ကောင်း သူ့ကို အသည်းခွဲမလို့ ဆရာဝန်လေးကို ကြွေအောင် ညုနေတာ။"
ဒေါက်တာဖြိုးသည် ညီလေး၏ စိတ်အခြေအနေကို နည်းနည်းစိုးရိမ်သွားသည်။ သူ့မမမြတ်လက်ထပ် ပွဲပြီးကတည်းက ကောင်းလေး ဘာမဟုတ်တာကို ပေါက်ကွဲနေသည်။ ပြီးတော့ နည်းနည်းဆိုး နေသည်။
"ကောင်းရယ်။ ဘဲကြီးကို မကျေနပ်ရုံနဲ့ သူ့ချစ်သူကို အသည်းခွဲချင်တာလား။"
"ဟုတ်တယ် ကိုကိုဖြိုး။ သူ ရင်နာနေရအောင်လုပ်ချင်တာ။"
"မလုပ်ကောင်းဘူး ကောင်းလေး။ မလုပ်နဲ့နော်။ ကောင်းလေးပါ အသည်းကွဲရလိမ့်မယ်။"
ဒေါက်တာဖြိုး မျက်နှာ ပျက်စွာတားသော်လည်း ကောင်းကင်က မသိသလိုလုပ်နေသည်။ လောလောဆည် ကောင်းကင်လင်း၏ စိတ်ထဲတွင် မရတာကိုမှ ပိုလိုချင်နေမိသည်။ မိမိကို လူတကာ ဝိုင်းချစ်နေသည်ကို လိုချင်သည်။ မောင်ရော၊ ဦးရော၊ ကိုဂျစ်ရော၊ အို...အားလုံး ကောင်းကို ဝိုင်းချစ်ကြမည်ဆိုလျှင် ဘယ်လောက်စိတ်ချမ်းသာလိုက်မလဲဟု တွေးကာနေမိသည်။
"ကဲ ကောင်းလေး မြန်မြန်စား။ ကိုကို အလုပ်ကို ပြန်သွားရဦးမယ်။"
ဒေါက်တာဖြိုးက စားရင်း အတွေးလွန်နေသော ကောင်းကို လောလိုက်သည်။ ကောင်းလေးအတွက် ကို ဖြိုး လုံးဝစိတ်ပူနေမိသည်။ ခိုင်နှင့်တိုင်ပင်ပြီး ကောင်းအတွက် အကောင်းဆုံး ဘယ်လို လုပ်ပေးရ မလဲဆို တာ နည်းလမ်းရှာပေးရဦးမည်။
ကောင်းကတော့ ကိုကိုဖြိုးကို ဘေးထားပြီး မောင်တို့အကြောင်းကို တွေးနေမိတော့သည်။
"မောင် မင်းက ဘာလို့ ခေါင်းမာရတာလဲကွာ။ ကေ့ကို မကြွေနိုင်ရလောက်အောင် ဘဲကြီးက ဘာများ စွမ်းနေလို့လဲ။ မင်းတို့ ကင်းရော ကင်းရဲ့လားကွာ။ မင်းပြောသလိုသာ ကင်းမယ်ဆိုရင် မင်းနဲ့ မင်းဘဲကြီး ရူးနေလို့ဖြစ်မယ်။ ဘာလဲ။ စိတ်ခြင်းနီးတဲ့ အချစ်လား ။နှလုံးသား ခြင်းရင်းနှီး တာလား။သွားစမ်းပါ။ဇာတ်လမ်းထဲက စကားလုံးတွေနဲ့ အချစ်သူရဲကောင်းကြီး လုပ်ပြ မနေကြ နဲ့၊အဲ့လိုလူမျိုးကို ကောင်း လုံးဝမယုံဘူးသိလား။ မင်းကို ကောင်းရအောင် မြှားပြမယ် မောင်။ "
=========================
YOU ARE READING
The Prince from the Dream Land (Completed) (အိပ္မက္တုိင္းျပည္မွ မင္းသားေလး)
Romanceလူဆိုတာ ေမြးဖြားႀကီးျပင္းသည့္ေနရာကို ေရြးခ်ယ္ခြင့္မရႀကေပ။ တခ်ိဳ႕က ကိုယ့္ေျခေထာက္ေပၚ ရပ္တည္နုိင္သည္နွင့္ ကိုယ္ျဖစ္ခ်င္သည့္ အေနထားကို ရေအာင္ ႀကိဳးစားခြင့္ရေပမယ့္ ကံဆိုးျပီး ထိုသို႕ႀကိဳးစားခြင့္မရေသာ လူတခ်ိဳ႕သည္ မိမိကိုယ္ကို လွည့္စားျပီး စိတ္ကူးယဥ္ေလာက...