Chapter (17) - ကိုကို သားကို ခ်စ္ေသးရဲ႕လား....
ေကာင္းသည္ အခန္းထဲေရာက္သည္အထိ မ်က္ရည္က်ေနေသးသည္။ ကိုကိုၿဖိဳးမလာခင္ အထိ တင္းထားသည့္ စိတ္မ်ားက ကိုကိုၿဖိဳးကို ေတြ႕သည္ႏွင့္ အလိုလိုလႈိက္လႈိက္လွဲလွဲကို ဝမ္းနည္းလာမိသည္။ ကိုကို႔ကို အားကိုးထား ကာမွ သူ႔ခ်စ္သူႏွင့္ ေမၿမိဳ႕တက္တာ မေခၚပဲထားပစ္ခဲ့သည့္အျပင္ တညတာ သူစိမ္းတေယာက္ႏွင့္အတူ အိပ္ရတာ ကို ဝမ္းနည္းလို႔မဆုံးေတာ့ေပ။ အခု မိန္းမ မရေသးတာေတာင္ မိမိကို ပစ္ထားတာ မိန္းမမ်ားရလွ်င္ မိမိေဘး မည္သူမွ ရွိမည္ မဟုတ္ေတာ့သည္ကိုလည္းေတြးမိကာ ပိုပိုဝမ္းနည္းလာျခင္းျဖစ္သည္။
"ေကာင္း...မငိုပါနဲ႔ကြာ။ကုိကို ျပန္ေရာက္လာၿပီေလ။ ကေလးလည္း မဟုတ္ပဲနဲ႔။"
ေဒါက္တာျဖိဳးသည္ ေကာင္းကင္လင္း၏ မ်က္ရည္မ်ားကို ေတြ႕ေသာ္ အသာသုတ္ေပးျပီး ေခ်ာ့လိုက္သည္။ ေကာင္းကင္လင္း ဝမ္းနည္းသည္ကိုနားလည္ပါသည္။ အားကိုးရေသာ အကိုႏွင့္တညတာ ခြဲရတာ သူ႔အတြက္ ဘယ္ေလာက္ဝမ္းနည္းမည္ကို သိပါသည္။ သူ႔ကို ဟိန္းထက္ ေရခ်ိဳးဖို႔လုပ္ေပးေတာ့ ေကာင္းကင္လင္း အေနခက္ ေနသည္ကို မိမိအသိဆုံးျဖစ္သည္။ သူစိမ္းတစ္ေယာက္ရဲ႕ အထိအေတြ႕က သူ႔ကိုစိတ္ရႈ႕ပ္ေပလိမ့္မည္။ ျဖစ္ႏိုင္လွ်င္ သူ႔ေဘးတြင္ ဘယ္သူ႕ကိုမွ မထားခ်င္ပဲ ကိုယ္တုိင္လုပ္ေပးခ်င္ေပမယ့္ ေဒါက္တာျဖိဳးက ေရွ႕ဆက္ ေကာင္းေလးရဲ႕ဘဝကို ေဘးကင္းလံုျခံဳေအာင္ထားနုိင္ဖို႕ ရန္သူကို အျမစ္ျပဳတ္ရွင္းရမည္ျဖစ္လို႕ ရင္နာနာနွင့္ သူစိမ္းလက္ထဲ ထားခဲ့လိုက္ရသည္။ ေတာ္ေသးသည္။ ဟိန္းထက္ဆိုသည့္ ေကာင္ေလးရဲ႕ ေနာက္ေႀကာင္းကို မိမိ ေသခ်ာစံုစမ္းထားျပီးျဖစ္လုိ႕ ေတာ္ေသးသည္။
"ကိုကို မေကာင္းတာပါ။ ေကာင္းကို ကိုကို တမင္ပစ္ထားတာ မဟုတ္ပါဘူး။ ဒီလို ကားပ်က္မယ္မွန္းသိရင္ ကိုကို သားကိုပါ ေခၚသြားတယ္။ ကိုကို မေကာင္းတာပါ။ ကိုကို႔ကိုခြင့္လႊတ္ေပးပါေနာ္။ "
ေကာင္းသည္ ႐ုန္းကန္သည္ကို ေလွ်ာ့ၿပီး ကိုကို႔ကို ရင္ခြင္ထဲတြင္ ေခါင္းတိုးကာ ငိုခ်လိုက္ေတာ့သည္။ ေဒါက္တာၿဖိဳးက ကေလးေလးကို ေခ်ာ့သလို ေက်ာကိုပြတ္ေပးၿပီး ေခ်ာ့သည္။
ေကာင္းကင္လင္းက သူ ေျပာသည္ကို ဂ႐ုမစိုက္ပဲ ရႈိက္ကာရႈိက္ကာ ငိုေနသျဖင့္ ေဒါက္တာ ျဖိဳး သူ႔ေရွ႕တြင္ ဒူးေထာက္ကာ ေခ်ာ့လိုက္သည္။
"ေကာင္း..လိမၼာပါတယ္ကြာေနာ္။ မငိုပါနဲ႔ေတာ့။ ေကာင္း အခုလို ငိုေနေတာ့ ကိုကို စိတ္မေကာင္းျဖစ္တာေပါ့။ ၿပီးေတာ့ ငိုရင္ ေကာင္းေလး ႐ုပ္ဆိုးသြားလိမ့္မည္။ ဒါဆို ေကာင္းကို ဘယ္ေကာင္မေလးမွ မႀကိဳက္ပဲ ေနလိမ့္မယ္။ "
ေကာင္းကင္လင္းသည္ ေဒါသႏွင့္ ဝမ္းနည္းစိတ္ေရာကာ ငိုေနကာမွ သူ႔စကားေၾကာင့္ ေဒါသအားလုံး သူ႔ဘက္ကို ပုံက် သြား ေဒါသႏွင့္ၾကည့္ကာ ရန္လုပ္လိုက္သည္။
"ကို...ကို..သားကို ေဒါသထြက္...ေသေစခ်င္...လို႔ ရန္စေနတာ...လား.."
ေကာင္းကင္လင္း အံႀကိတ္ကာ ရႈိက္ရင္းေမးလိုက္သည္။ တကယ့္ကို ကိုကို႕ကို ကုိက္ဖဲ့ပစ္လိုက္ခ်င္သည္။ တညလံုး ပစ္ထားခဲ့ျပီး အခု နာရီဝက္ေလး ေခ်ာ့ရေသးသည္။ စိတ္မရွည္ေတာ့ေပ။ ေသခ်ာပါျပီ။ ကိုကိုက မမခုိင္ကိုပဲ အာရံုေရာက္ကာ သူ႕ကို စြန္႕ပစ္ခ်င္ေနပါျပီ။ ကိုကို ... သူ႕ကို မလိုခ်င္ေတာ့ဘူးထင္သည္။
ေဒါက္တာေဝယံျဖိဳးသည္ ေဒါသတႀကီး ေအာ္ေနရာမွ ျငိမ္က်သြားျပီး သူ႕ကို စူးနင့္နာက်င္စြာ စိုးထိတ္စြာႀကည့္ေနသည့္ မ်က္ဝန္းမ်ားကို ေတြ႕လိုက္ရစဥ္ ေကာင္းကင္လင္း၏ ရင္ထဲမွာ ေႀကာက္ရြံ႕စိတ္တို႕ တဖန္ျပန္ေပၚလာသည္ကို ရိပ္မိလိုက္ကာ ဘာမွမေျပာေတာ့ပဲ ေကာင္းကင္လင္းကို ခ်က္ခ်င္းေပြ႕ခ်ီကာ ေဟာ္တယ္ခန္းထဲကို ေခၚလာခဲ့ေတာ့သည္။
" ရ...ရတယ္...ကိုကို.... သား... အဆင္ေျပတယ္... မမ... မမခိုင္...ကိုကိုျဖိဳးကို ...ေစာင့္ ..ေန...ပါ့..မယ္ "
ထုိစကားကို ေျပာေနရင္း ေကာင္းကင္လင္း မေအာင့္နုိင္ပဲ ရိႈက္လာခဲ့သည္။ ေကာင္းကင္လင္းကို ေပြ႕ခ်ီရင္း ေဒါက္တာေဝယံျဖိဳး ဓါတ္ေလွကားထဲ ဝင္လာရင္း တီးတိုးရယ္ကာ ေျပာလိုက္သည္။
" ခုိင္ေစာင့္ေနရံုမကလို႕ ဘာျဖစ္ျဖစ္... ကိုကို႕ညီေလးေလာက္ ဘယ္သူက ပိုအေရးႀကီးဦးမွာလဲ... အရူးေလး... မင္း ခုထိ ကိုကို႕ စိတ္ကို မသိေသးဘူးလား.. "
ေကာင္းကင္လင္း ဘာမွဆက္မေျပာေတာ့ပါ။ ကိုကို႕စကားေႀကာင့္ ရိႈက္ႀကီးတငင္ငိုခ်လိုက္ခ်င္ေပမယ့္ ဓါတ္ေလွကားထဲ အျခားဧည့္သည္မ်ားလည္း ရွိသျဖင့္ ပါးစပ္ကို လက္နွင့္ အုပ္ကာ တီးတုိးရိႈက္ေနမိသည္။
ေဒါက္တာေဝယံျဖိဳးက ခုနွစ္ထပ္ေျမွာက္ကိုေရာက္ေတာ့ ဓါတ္ေလွကားထဲက ထြက္ျပီး ေကာင္းကင္လင္း၏ အခန္းသို႕ တန္းလာခဲ့သည္။ ဟိန္းထက္က သူ႕အခန္းက အထြက္ ေဒါက္တာေဝယံျဖိဳးတုိ႕ ညီအစ္ကိုနွင့္တိုးေသာေႀကာင့္ အခန္းတံခါးကို ကူဖြင့္ေပးလိုက္သည္။
" ေက်းဇူးပဲ ေမာင္ဟိန္းထက္... ကိုယ္ ညီေလးကို ေခ်ာ့လိုက္ဦးမယ္။ မင္း သြားစရာရွိတာ အရင္သြားထားနွင့္လိုက္။ ကိုယ့္ကားေသာ့ကို ခုိင့္ဆီမွာ ေတာင္းသြားလိုက္ေနာ္။ ကိုယ္တို႕ ညေန က်ံုးကို ခဏပတ္ရင္း ေရႊဘဲမွာ ညစာသြားစားႀကမယ္... အဆင္ေျပလား "
"ရပါတယ္ ေဒါက္တာ... ကြ်န္ေတာ္ ဘယ္မွ သြားစရာမရွိပါဘူး။ ဒီနား ခဏလမ္းေလွ်ာက္ႀကည့္ရံုပါ... "
ဟိန္းထက္က ေဒါက္တာေဝယံျဖိဳးရင္ခြင္ထဲက ငိုေနသည့္ ေကာင္းကင္လင္းကို တခ်က္ႀကည့္ကာ စိတ္မေကာင္းစြာျဖင့္ ထြက္လာခဲ့ရသည္။
" ေကာင္းေလးေရ... မင္းေလး မငိုပါနဲ႕ကြယ္။ မင္းေလးေပ်ာ္ေအာင္ ကိုယ္ ဘာမဆို လုပ္ေပးခ်င္ပါရဲ႕။ ကိုယ့္ကို တခြန္းသာေျပာလိုက္၊ ဓူဝံႀကယ္ေတာင္ ဆြတ္ေပးလိုက္ခ်င္ပါရဲ႕ကြာ "
ဟိန္းထက္က သက္ျပင္းရိႈက္ကာ ပိတ္သြားေသာ တံခါးေလးကို ႀကည့္ျပီး ေအာက္ကို ဆင္းလာခဲ့သည္။ ပထမ ေကာင္းကင္လင္းကိုေခၚျပီး မန္းေလးေတာင္ဘက္ ေအးေဆးသြားမလို႕ႀကံထားေပမယ့္ သူ႕အစ္ကိုေရာက္လာေတာ့ ေတာက္တဲ့ေလးလုပ္ေနသျဖင့္ မိမိမွာ တကုိယ္တည္း ထြက္လာရေတာ့သည္။
ဟိုတယ္ခန္းထဲသို႕ေရာက္ေသာ္ ေဒါက္တာေဝယံျဖိဳးက ေကာင္းေလးကို အိပ္ယာထက္တြင္ တင္ေပးျပီး အဲယားကြန္းကို ဖြင့္ေပးလိုက္သည္။ ျပီးေတာ့ ေကာင္းေလး၏ ေဘးတြင္ကပ္လ်က္လွဲအိပ္ကာ အေနာက္မွ သိုင္းဖက္ထားလိုက္သည္။ ေဒါက္တာျဖိဳး၏ ရင္ဘတ္နွင့္ ေကာင္းကင္လင္း၏ ေက်ာတုိ႕ ထိကပ္ေနျပီး ကိုကိုျဖိဳးဆီက ေယာက်ာ္းပီသသည့္ ရနံ႕ေဖ်ာ့ေဖ်ာ့ကို ရလုိက္ကာ ေကာင္းကင္လင္း စိုးရိမ္ပူပန္မႈမ်ား ေပ်ာက္သြားသလို ခံစားလိုက္ရသည္။
" ေကာင္းေလး... ကိုကိုေတာင္းပန္ပါတယ္ကြယ္။ ေနာက္တခါ ဘယ္ေတာ့မွ မျဖစ္ေစရဘူး။ ဟုတ္ျပီလား။ ကိုကို ေကာင္းေလးကို ထားျပီး ဘယ္မွမသြားေတာ့ဘူး "
" အဲ့လိုေျပာျပီး အျမဲ မမခုိင္နဲ႕ထြက္သြားတာခ်ည္းပါပဲ... "
ေကာင္းကင္လင္း ရိႈက္ငင္ရင္း တိုးတိုးေျပာလိုက္သည္။
" မလြဲသာလို႕ပါကြယ္။ ကိုကို ကေလးနားမွာပဲ အခ်ိန္ပိုေပးျပီးေနေတာ့မယ္ေနာ္.. ဟုတ္ျပီလား "
" ဟင့္အင္း... မျဖစ္ဘူး "
ေဒါက္တာေဝယံျဖိဳးက ေကာင္းကင္လင္း၏ အျငင္းစကားေႀကာင့္ မ်က္ေမွာင္ႀကဳတ္ကာ ေမးလိုက္သည္။
" ဘာေႀကာင့္လဲ... ဘာေႀကာင့္ ကိုကို႕ကို ေကာင္းေလးရဲ႕နားမွာ မေနေစခ်င္တာလဲ... ဘာလဲ.. ေကာင္းေလးက ဟိန္းထက္ကို ေနေစခ်င္လို႕လား "
ေဒါသတရားတို႕က ရင္ထဲ ပ်ံ႕လာျပီး ေဒါက္တာေဝယံျဖိဳး ေမးလိုက္သည္။
ေကာင္းကင္လင္းက အံႀကိတ္ကာ ေျပာလိုက္သည္။
" ကိုကို႕ဆီမွာ မမခို္င္ရွိေနျပီပဲ။ သားရဲ႕ေဘးမွာလည္း တေယာက္ေယာက္ ရွိသင့္ျပီ ထင္ပါရဲ႕... "
ထိုစကားကိုႀကားလိုက္သည္နွင့္ ေဒါက္တာေဝယံျဖိဳးက စိတ္မထိန္းနုိင္ေတာ့ပဲ ေကာင္းကင္လင္းကို သူ႕ဘက္ဆြဲလွည့္ကာ အေပၚမွ စီးမိုးကာ ႀကည့္လိုက္ျပီး ထပ္ေမးလိုက္သည္။
" ခုနက စကားကို ျပန္ေျပာလိုက္စမ္း... မင္းရဲ႕ေဘးမွာ ဘယ္သူ႕ကို ရွိေစခ်င္တာလဲ... "
ေကာင္းကင္လင္းသည္ ကိုကိုျဖိဳး၏ ေဒါသမထြက္စဖူး အထြက္ထူးသည့္ ပံုေႀကာင့္ ေႀကာင္အ သြားျပီး မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္လိုက္သည္။ ကိုကိုျဖိဳး ေဒါသထြက္လွ်င္ ေကာင္း အလိုလို ငိုခ်င္လာသည္။ ကိုကို႕ေဒါသကို ရင္မဆုိင္ဝံ့ေပ။
" ကိုကို႕...မွာ... မမခုိင္ ရွိေနျပီ။ ေနာင္ဆို သားက ကိုကို႕နားမွာ အျမဲတြယ္ကပ္ေနလို႕ မရေတာ့ဘူး... ဒါ..ဒါေႀကာင့္.... "
" ေတာ္ေတာ့။ ေပါက္ကရ ေလွ်ာက္မေျပာနဲ႕... ကိုိကိုက သားရဲ႕ေဘးမွာ တစ္သက္လံုးေနသြားမယ္လို႕ ကတိေပးထားတယ္ေလ။ ေမ့သြားျပီလား "
ေကာင္းကင္လင္းသည္ နဖူးေပၚက်လာသည့္ အနမ္းေႏြးေႏြးေႀကာင့္ ငိုသြားခ်င္သည္။
" ဒါေပမယ့္... ကိုကိုက အိမ္ေထာင္ျပဳမွာပဲ မလား။ သား... သားက လူပိုျဖစ္... "
" ဆက္မေျပာနဲ႕။ ေကာင္းေလးက ဘယ္ေတာ့မွ လူပိုမဟုတ္ဘူး။ ေကာင္းက ကိုကို႕အတြက္ အေရးအႀကီးဆံုးလူသား။ ကိုကို႕နားမွာတသက္လံုး ေခၚထားမွာ... ေကာင္းေရာ..ကိုကို႕နားမွာ ေနခ်င္ရဲ႕လား "
ထိုစကားကိုႀကားေတာ့ ေကာင္းကင္လင္း မေအာင့္နုိင္ေတာ့ပဲ ကိုကိုျဖိဳး၏ အက်ၤီရင္ဘတ္စကို ဆုပ္ကိုင္ကာ ငိုခ်လို္က္ေတာ့သည္။
" သား ေႀကာက္တယ္။ သားကို ကိုကို ထားသြားမွာ အရမ္းေႀကာက္တယ္။ သားေႀကာင့္ ကိုကို အေႏွာက္ယွက္ျဖစ္မိမွာလည္း ေႀကာက္တယ္။ ကိုကို သားကို မခ်စ္ေတာ့မွာကိုလည္း ေႀကာက္တယ္။ "
ေကာင္းကင္လင္းက တကယ့္ကေလးေလးလို ငိုေႀကြးေနသျဖင့္ ေဒါက္တာေဝယံျဖိဳးက ေကာင္းေလး၏ မ်က္ရည္မ်ားကို အနမ္းျဖင့္ သုတ္ေပးကာ ေျပာလိုက္သည္။
" ကိုကို ေကာင္းေလးကို ဘယ္ေတာ့မွ ထားမသြားဘူး။ ဟုတ္ျပီလား။ ကိုကို႕အခ်စ္ဆံုးက ေကာင္းေလးပဲ... ဒါကို ျမဲျမဲမွတ္ထားေနာ္ "
ေကာင္းကင္လင္း ေပ်ာ္လြန္းလို႕ထပ္ျပီး ငိုမိျပန္သည္။ ကိုကိုျဖိဳး အိမ္ေထာင္ျပဳကာ ခြဲကာမွ ခြဲသြားပါေစ။ ေလာေလာဆည္ ကိုိကို႕ဆီက ခုလို အေျပာေလးေတြႀကား ေကာင္း ေပ်ာ္ေမြ႕ခ်င္ပါေသးသည္။
" ကိုကို သားကို ခ်စ္ေသးရဲ႕လားဟင္..."
" ခ်စ္တယ္။ အခုေရာ ေနာင္ေရာ အျမဲတမ္းခ်စ္သြားမယ္.... "
ဒီစကားေလးေတြေႀကာင့္ ေကာင္းကင္လင္း၏ ေသာကမ်ား လံုးလံုးေပ်ာက္သြားခဲ့ရေလျပီ။
ေဒါက္တာၿဖိဳးသည္ ေကာင္းကို ေခ်ာ့ကာ အငိုတိတ္သြားေတာ့မွ မိမိဝယ္လာသည့္ လက္ေဆာင္မ်ားကို ေပးသည္။ ေကာင္းသည္ ကိုကိုဝယ္ေပးသည့္လက္ေဆာင္ဆြယ္တာကို သေဘာက်ေနသည္။ မန္းေလးက အရမ္းပူေနေသာ ေၾကာင့္ဝတ္လို႔မရသည္ကို စိတ္တိုေနသည္။ ၿပီးေတာ့ ကိုကိုၿဖိဳးဝယ္လာသည့္ မလိုင္မုန႔္ကိုနည္းနည္းျမည္းၾကည့္ကာ ၿပဳံးေနသည္။ ခဏက ငိုထားတာ သူမဟုတ္သည့္အတိုင္းပင္။
ငိုၿပီးစ မိန္းကေလးေတြက အင္မတန္ကိုစြဲေဆာင္မႈရွိသည္ဟု စာထဲတြင္ ဖတ္ဖူးေသာ္လည္း အငိုတိတ္ၿပီး မ်က္ေတာင္ မ်ားတြင္ မ်က္ရည္စ မေျခာက္တေျခာက္ႏွင့္ ေကာင္းေလး၏ အၿပဳံးကေတာ့ ေဒါက္တာေဝယံျဖိဳးကို အႀကည့္မလြဲေအာင္ ဆြဲေဆာင္ ႏိုင္တာေတာ့ ေသခ်ာသည္။
ဟိန္းထက္သည္ အြန္လိုင္းေပၚေရာ၊ အျပင္တြင္ေရာ တင္းမာခ်င္ေယာင္ေဆာင္ေနေသာ ေကာင္းကင္လင္း၏ ႏူးညံ့ကာ အားငယ္တတ္ေသာ အတြင္းစိတ္ေလးကို ေတြ႕ကာ ပိုလို႔သနားသြားသည္။ ၿပီးေတာ့ ပိုလို႔ခ်စ္မိသြားသည္။
ေကာင္း၏ မ်က္ရည္တစ္စက္က ဟိန္းထက္၏ ရင္ကို ဆတ္ဆတ္ခါေအာင္နာေစတာ ဘာေၾကာင့္ပါလဲဟု ဟိန္းထက္ ေလးေလးနက္နက္မေတြးမိလိုက္ေပ။ ေသခ်ာတာကေတာ့ ေကာင္းကို မိမိအရင္ကထက္ ၿငိတြယ္သြားေလၿပီ။ ေကာင္းက မိမိအသက္။ မိမိအသက္ထက္ကို ေကာင္းကို ပိုအေလးထားမိသြားေလၿပီ။ ေကာင္းကို ေနာက္တခါ မငိုေအာင္ မိမိအစြမ္းကုန္လုပ္ေပးမည္ဟု ဆုံးျဖတ္လိုက္မိသည္။
ညေနစာစားဖုိ႕ ထြက္လာစဥ္ ေကာင္းကင္လင္း၏ အၿပဳံးကို ေတြ႕ေတာ့ ဟိန္းထက္ မခံႏိုင္ေတာ့သျဖင့္ မ်က္ႏွာလႊဲကာ လက္သီးကို က်စ္က်စ္ပါ ေအာင္ ဆုပ္ထားမိေတာ့သည္။ ရင္ခုန္သံျမန္ကာ မိမိမ်က္ႏွာပါ ပူလာသည္ကို ခံစားမိေတာ့ ေဒါက္တာၿဖိဳး ရိပ္မိ မည္စိုးသျဖင့္ ေကာင္းကင္လင္းကိုပင္ သိပ္မႀကည့္ဝံ့ေပ။ညစာစားျပီး ျပန္လာေတာ့
ေဒါက္တာၿဖိဳးသည္ ညီျဖစ္သူကို ေျပာၿပီးေတာ့ ကိုဟိန္းထက္ အခန္းကို ကူးလာခဲ့သည္။ ဟိန္းထက္က အခန္း ျပတင္းေပါက္တြင္ရပ္ကာ အေရွ႕မွ ျမင္ေနရသည့္ ရွမ္း႐ိုးမေတာင္တန္းကို ေငးၾကည့္ေနသည္ကိုေတြ႕ေတာ့ အသံျပဳလိုက္ည္။
"ကိုဟိန္းထက္..ကြၽန္ေတာ္ ဝင္လာၿပီေနာ္။"
"ဟုတ္ကဲ့ ေဒါက္တာ။ "
"ဒါ ကိုဟိန္းထက္အတြက္ လက္ေဆာင္။ ဆြယ္တာ.."
"ဟာ မဟုတ္တာ ေဒါက္တာရယ္။ ရပါတယ္။ "
"ကြၽန္ေတာ့္ညီေလးကို ကူထိန္းေပးတာ ေက်းဇူးဗ်ာ။ ကိုဟိန္းပါလာလို႔ေပါ့။ မဟုတ္ရင္ကြၽန္ေတာ္ ပူေနရမွာ။ အင္း..ကေလးက ကြၽန္ေတ္ာ့ကို အရမ္းခင္တြယ္လြန္းလို႔ ကိုဟိန္းအေပၚ ေဒါသေတြ ေဖာက္ခြဲလိုက္တာ ေတာင္းပန္ပါတယ္ဗ်။ ေကာင္းေလးက လူဆိုးေလးေတာ့မဟုတ္ပါဘူး။"
"ကြၽန္ေတာ္ သိပါတယ္ ေဒါက္တာ။ သူက လူေကာင္းေလးပါ။ "
ဟိန္းထက္သည္ ေဒါက္တာကမ္းေပးသည့္လက္ေဆာင္ကို လွမ္းယူရင္း တိုးတိုးလွမ္းေျပာလိုက္မိသည္။ ေဒါက္တာၿဖိဳးသည္ ဟိန္းထက္၏ ေလသံမွ ေစတနာတခ်ိဳ႕ကိုလွမ္းေတြ႕လိုက္ရသျဖင့္ စိတ္ေအးသြားသည္။
"ေတာ္ေသးတယ္ဗ်။ ေကာင္းေလးကို အေဖာ္လုပ္ေပးတာ။ ေကာင္းေလး ေျပာျပတယ္။ သူသြားခ်င္တဲ့ေနရာအားလုံး စိတ္ရွည္လက္ရွည္လိုက္ပို႔ေပးတယ္တဲ့။ ေကာင္းေလးဒဏ္ ဘယ္ေလာက္ခံလိုက္ရမလဲ သိပါတယ္ ဗ်ာ။ ေကာင္းေလး ရဲ႕ ခ်ီးက်ဴးစကားၾကားရခဲတယ္။ သူက ေျပာေသးတယ္။ ကြၽန္ေတာ့္ထက္ကို စိတ္ရွည္တယ္တဲ့။ ကဲ ခင္ဗ်ားေတာ့ မလြယ္ေတာ့ဘူး ကိုဟိန္း။ ထန္းပင္တက္ လက္မွတ္ရသြားၿပီ။ သူ ခင္ဗ်ားကို ႏွိပ္စက္ေတာ့မယ္။"
ဟိန္းထက္ ဝမ္းသာသြားသည္။ ေပ်ာ္သည္။ ရင္ထဲတြင္ ေကာင္းေလး၏ ခ်ီးက်ဴးစကားတို႔ကာ လွည့္လည္ကာ ထခုန္ခ်င္ သလို ဘာလိုလိုျဖစ္လာမိသည္။ ဟိန္းထက္၏ မ်က္ႏွာက ၿပဳံးလာၿပီး ေဒါက္တာၿဖိဳးကို ေျပာလိုက္သည္။
"ေကာင္းေလး ေပ်ာ္မယ္ဆိုရင္ ကြၽန္ေတာ္ ေက်နပ္ပါတယ္ ေဒါက္တာ။ "
ေဒါက္တာၿဖိဳးသည္ ဟိန္းထက္ကို သေဘာက်ကာ ပုခုံးကိုပုတ္ကာ အေသာေလးႏွင့္ေျပာလိုက္သည္။
"အင္း..သၾကၤန္ရက္ အတြက္ ဘုရားသာ တ ထားေပေတာ့ဗ်ိဳ႕။"
ဟိန္းထက္ ၿပဳံး႐ုံၿပဳံးမိသည္။ လွပေသာ ေန႔ရက္မ်ားအတြက္ ကံတရားကို ဟိန္းထက္ ေက်းဇူးတင္မိသည္။
"မင္းေပ်ာ္မယ္ဆိုရင္ ကိုယ့္အသည္းႏွလုံးကိုထုတ္ၿပီး မင္းေျခရင္းကို ခ်ေပးဝံ့ပါတယ္ ေကာင္းကင္ေကေလးရယ္။"
ဟိန္းထက္သည္ ေဒါက္တာၿဖိဳး၏ စကားေၾကာင့္ ေက်နပ္ကာ ၿပဳံးၿပဳံးႀကီးလုပ္ေနမိသည္။ မိမိအေပၚ ေကာင္းကင္လင္း ဆိုးႏြဲ႕မည္ဆိုလွ်င္ ႀကိဳက္သေလာက္ဆိုးႏြဲ႕ပါေစ ခံမည္။ ဒါက ဝဋ္ေႂကြးဆိုလည္း မိမိအတြက္ ခ်ိဳၿမိန္တဲ့ ဝဋ္ေႂကြးေလးပဲ ေပါ့။ မိမိကိုယ္တိုင္က လိုလိုလားလားႏွင့္လက္ခံခ်င္ေသာ ဝဋ္ေႂကြးေလးပဲျဖစ္ပါသည္။
-----------------------
ျမန္မာ့ယဥ္ေက်းမႈႏွင့္အညီလုပ္ေဆာင္ေသာ ၂၀၁၇ မႏၲေလးၿမိဳ႕၏ ပထမဆုံး လမ္းေလွ်ာက္သၾကၤန္ကို ေကာင္းကင္လင္း ႏွင့္ အတူဆင္ႏြဲရမည္ ဆိုေသာေၾကာင့္ ဟိန္းထက္ အရမ္းကို တက္ႂကြေနမိသည္။ ဟိုတယ္ဧည့္ႀကိဳ ေကာင္တာမွ ဝန္ထမ္းမေလးမ်ားကိုေမးၿပီး ကားႏွင့္ ၆၆ လမ္းႏွင့္ ၂၆ ေထာင့္သို႔လာခဲ့ၿပီး ပါကင္ထိုးကာ ေကာင္းကို ဘီးတပ္ကုလားထိုင္ေပၚတြင္ တင္ကာ တြန္းလာခဲ့သည္။ ေဒါက္တာၿဖိဳးက သူတြန္းမည္လုပ္ေသာ္လည္း ဟိန္းထက္က သူတြန္းပါရေစဟု ေတာင္းဆိုေသာေၾကာင့္ ေဒါက္တာၿဖိဳးေခါင္းၿငိမ့္လိုက္ရသည္။
ေကာင္းကင္လင္းသည္ နံနက္ ၈ နာရီကတည္းက က်ဳံးေဘးတြင္ စည္ကားစျပဳလာေသာ လူအုပ္ႀကီးကို ၾကည့္ကာ ေပ်ာ္ေနသည္။ လက္ထဲမွ ေရသနတ္ျဖင့္ ေတြ႕သည့္ သူကိုေရပက္သည္။ တခ်ိဳ႕ကလည္း ေကာင္းကို ေရျပန္ပက္သြား ၾကသည္။ ေကာင္းကင္လင္းသည္ အူလႈိက္သည္းလႈိက္ကို ေပ်ာ္ေနသည္။ မ်က္ႏွာတြင္ ေသာကအရိပ္တို႔ စိုးစဥ္းမွ် မထင္ပဲ တိမ္ကင္းေသာလမင္းလို ၿပဳံးေနသည္။ ဟိန္းထက္သည္ ေကာင္း၏ အၿပဳံးကိုေငးၾကည့္ရင္း ရင္ဝယ္ နက္ရႈိင္းစြာ မွတ္မိေအာင္မွတ္ေနသည္။
အသက္ကယ္ေဆးကို စားေနသလို ေကာင္းကင္လင္းရဲ႕ အၿပဳံးကို စားသုံးေနမိသည္။ ေကာင္းက ဆီဒိုးနား ဟိုတယ္ေရွ႕ရွိ ပင္လုံးကြၽတ္ပြင့္သည့္ ငုပင္ကို ေတြ႕ေသာအခါ ရပ္ခိုင္းၿပီး ဓါတ္ပုံ႐ိုက္ခိုင္းသည္။
"ကိုကိျုဖိုးလာေလ။ သားနဲ႔ အတူဓါတ္ပုံ႐ိုက္မယ္။ ကိုဟိန္း ကြၽန္ေတာ္တို႔ကို ဓါတ္ပုံ႐ိုက္ေပးပါဦး။"
ဟိန္းထက္သည္ သူကမ္းေပးေသာ ဖုန္းကိုယူကာ ညီအစ္ကို ႏွစ္ေယာက္ကို ဓါတ္ပုံ႐ိုက္ေပးသည္။ အရြယ္ကြာေပမယ့္ အေခ်ာအလွခ်င္း တူညီေသာ ညီအစ္ကိုႏွစ္ေယာက္၏ အၿပဳံးတြင္ ေကာင္းေလး၏ အၿပဳံးက ပိုလွသည္ဟု ဟိန္းထက္ ကိုယ့္ဘက္ကိုယ္ယက္ကာ ေတြးလိုက္သည္။ ခ်စ္တာကိုး။ မိမိက ခ်စ္ေနေတာ့ ေကာင္းေလးက ပိုလွတာေပ့ါ။ ဟိန္းထက္ ကိုယ့္ဖာသာေတြးၿပီး ရယ္ခ်င္သြားမိသည္။
ေကာင္းေလး စိတ္တိုင္းက် ႐ိုက္ေပးၿပီးဖုန္းကို ျပန္ေပးလိုက္သည္။ သူက ကေလးေလးလို ဖုန္းကို ျပန္ၾကည့္ၿပီး ေက်နပ္စြာ ၿပဳံးေနသည္။ ထို႔ေနာက္ ဟိန္းထက္ မထင္ေသာ အျပဳအမူကို လုပ္လိုက္သည္။
"ကိုဟိန္းထက္ အတူတူအမွတ္တရ ဓါတ္ပုံ႐ိုက္ရေအာင္ဗ်ာ။"
ေကာင္းကင္လင္းက လွမ္းေခၚလိုက္ေသာအခါ ဟိန္းထက္ ဟန္ပင္မေဆာင္ႏိုင္ေအာင္ျဖစ္သြားမိသည္။ ခ်က္ခ်င္း သူ႔အနားကို တိုးသြားမိသည္။ ေဒါက္တာၿဖိဳးက ဖုန္းေခၚေနရာမွ လွမ္းၾကည့္ၿပီး ေျပာသည္။
"ကိုကို႐ိုက္ေပးမယ္ေလ..လာ .."
ေကာင္းေလးက မ်က္ႏွာစူပုတ္သြားၿပီးေျပာသည္။
"မရဘူး။ ကိုကိုလည္း လာရမယ္။ သုံးေယာက္ပုံ႐ိုက္မယ္။"
"ေအးပါကြာ။"
ေဒါက္တာၿဖိဳးသည္ ေခၚလက္စဖုန္းကို ရပ္ကာ ေကာင္းေလး၏ ဖုန္းကို လွမ္းယူၿပီး အနီးမွ သၾကၤန္လည္သည့္လူကို လွမ္းအကူအညီေတာင္းလိုက္သည္။
"ကဲ....ၿပဳံးၿပဳံးေလး ေနမယ္.... "
ဓါတ္ပုံ႐ိုက္ေပးသည့္လူ၏ စကားသံအဆုံးတြင္ ဟိန္းထက္ေကာင္းေလး၏ ပုခုံးကို အသာေလး လက္တင္လိုက္ မိသည္။ ေကာင္းကင္လင္းက ပုတ္မခ်သျဖင့္ ေတာ္ေသးသည္။ တစ္ပုံ႐ိုက္ၿပီးသည္ႏွင့္ ေဒါက္တာၿဖိဳးထံ ဖုန္းဝင္လာ သျဖင့္ ေကာင္းကို ခြင့္ေတာင္းကာ ခပ္လွမ္းလွမ္းတြင္ ဖုန္းသြားေျပာေနသည္။
"ေက်းဇူးပဲ ခင္ဗ်။"
ဟိန္းထက္သည္ ဓါတ္ပုံ႐ိုက္ေပးသူကို ေက်းဇူးတင္စကားေျပာကာ ဖုန္းကိုလွမ္းယူလိုက္သည္။ ဟိန္းထက္သည္ မိမိဖုန္းကို ထုတ္ကာ ေကာင္းကိုေျပာလိုက္သည္။
"ကိုယ္တို႔ ႏွစ္ေယာက္ အမွတ္တရ ဓါတ္ပုံ႐ိုက္ရေအာင္။ သၾကၤန္လူအုပ္ေနာက္ခံနဲ႔ ၿပီးေတာ့ ဟိုမွ စတုဒီသာ ေကြၽးေနတဲ့ရႈခင္း။ ၾကည့္စမ္း။ ဘယ္ေလာက္ ျမန္မာဆန္လိုက္သလဲ။ တကယ့္ ျမန္မာ့ယဥ္ေက်းမႈရႈခင္းပဲကြ။ ဟိုးမွာၾကည့္စမ္း။ ေဒၚသီ သနပ္ခါးက သၾကၤန္လည္တဲ့သူ မွန္သမွ်ကို သနပ္ခါးလိမ္းေပးေနတယ္။"
ဟိန္းထက္သည္ သူ႔အကိုဖုန္းေျပာေနသည္ကို မ်က္ႏွာစူပုတ္ကာ အလိုမက်သလိုၾကည့္ေနေသာ ေကာင္းကင္လင္းကို အာ႐ုံလႊဲေပးလိုက္သည္။ ေကာင္းကင္လင္း က ထိုအခါမွ ကိုဟိန္းေျပာသည္မ်ားကို ၾကည့္ကာ ကိုကိုၿဖိဳးကို စိတ္ဆိုးသည္မ်ား ေလ်ာ့သြားသည္။ မိမိဖုန္းႏွင့္ ဓါတ္ပုံ တျဖတ္ျဖတ္႐ိုက္ကာ အားလုံးကို မွတ္တမ္းတင္ေနလိုက္သည္။ ၿပီးလွ်င္ ပို႔စ္တင္မည္။ ထူးျခားသည့္ ျမန္မာ့ယဥ္ေက်းမႈကို ေဖာ္ၾကဴးသည့္ သၾကၤန္ကို မိမိပထမဆုံးျမင္ဖူးျခင္းျဖစ္သည္။
မိသားစုလိုက္ ေျခက်င္လည္သည့္ လူမ်ားကိုၾကည့္ကာ ေကာင္းကင္လင္း အေပ်ာ္ေလးမ်ားကူးစက္သြားသည္။ မိသားစုမ်ား၊သူငယ္ခ်င္းမ်ား သူ႔အုပ္စုႏွင့္သူ သြားေနသည္။ လြတ္လပ္သည္။ ေပါ့ပါးသည္။ လူစည္သည္။ သို႔ေသာ္ မူးယစ္ရမ္းကားျခင္းမရွိ။ ေအးေဆးစြာသြားလာေနသည္။ က်ဳံးေဘးတစ္ေလွ်ာက္ေရပန္းမ်ားထားေပးထားသျဖင့္ ေရမႈန္ေရမႊားေလးမ်ားက စို႐ုံပက္ျဖန္းေပးေနသည္။
ကိုကိုၿဖိဳးဖုန္းေျပာၿပီးသည့္ႏွင့္ ေကာင္းကင္လင္းႏွင့္ ဟိန္းထက္အနားတြင္ျပန္လာၿပီး ေျပာသည္။
"လာ.... ဟိုတယ္နဲ႔ ခရီးသြားလာေရး မွာ ကိုကို႔သူငယ္ခ်င္းေစာင့္ေနတယ္။ သူတို႔ဆီ သြားၾကည့္ရေအာင္။"
ဟိန္းထက္သည္ ေကာင္းကို တြန္းေပးၿပီး အတူထြက္လာခဲ့သည္။ ေကာင္မေလးမ်ားက ခ်စ္စရာအသားျဖဴျဖဴ ေကာင္ေလး ႏွင့္ ဘီးတပ္ကုလားထိုင္ကို တြန္းေပးေနေသာ အသားလတ္လတ္ႏွင့္ ေကာင္ေလးကို ေငးၾကည့္ကာ တီးတိုးတီးတိုးေျပာသြားၾကသည္။
မိမိတို႔ႏွစ္ေယာက္ကို ၾကည့္ၿပီး ဘာလားဟု ထင္ေနပုံရသည္။ အံမယ္။ ခပ္ရဲရဲေကာင္မေလး တခ်ိဳ႕က သူတို႔ဖာသာ ဓါတ္ပုံ႐ိုက္သလိုႏွင့္ မိမိတို႔ကိုခိုးၿပီး ဓါတ္ပုံ႐ိုက္ေနၾကေသးသည္။ ေကာင္းကင္လင္းက facebook ေပၚတြင္ Yaoi ဇာတ္လမ္း အဖတ္မ်ားသျဖင့္ အၾကားအျမင္ဗဟုသုတ မ်ားေနေသာ သူမွန္းသိကာ ရယ္ခ်င္သြားသည္။ ကိုဟိန္းကို မသိမသာ ငဲ့ၾကည့္ေတာ့ မိမိကို ၾကည့္ေနသည္ႏွင့္ အၾကည့္ျခင္းဆုံသြားၿပီး ေကာင္း ၾကည္ႏူးသလို၊ ရင္ထဲ ေႏြးခနဲျဖစ္ သြားသည္။
ကိုကိုၿဖိဳးဖုန္းဆက္လိုက္သည္ႏွင့္ ကိုကို႔သူငယ္ခ်င္း ေရာက္လာၿပီး စင္ေပၚမွ သီခ်င္းဆိုသည္မ်ားကို ၾကည့္ရင္းသူတို႔ ဧည့္ခံေသာ ေ႐ႊရင္ေအးကို ေသာက္ၾကသည္။ စင္ေပၚမွေနၿပီး မ်ားျပားစည္ကားလွသည့္ ေရာင္စုံလူမ်ားကို ေငးၾကည့္ကာ ေကာင္းအေတြးပြားေနမိသည္။
ေၾသာ္...ေျခေထာက္ေကာင္းသူမ်ားကေတာ့ လြတ္လပ္စြာ သြားလာေနၾကသည္။ လူငယ္အုပ္စုမ်ားက သီခ်င္းတီးလုံးအလိုက္ ခုန္ေပါက္ကေနၾကသည္။ လူငယ္မိန္းကေလးမ်ားက လြတ္လပ္စြာရယ္ေမာေနၾကသည္။ မိသားစုဝင္လိုက္ လည္ၾကသည္ကိုလည္းေတြ႕ရသည္။ ေဖေဖ၊ ေဖေဖ၊ အကို၊ အမ ေၾသာ္၊ အဖိုးအဖြားပင္ ပါေသးသည္။ ေပ်ာ္စရာေကာင္းလွသည့္ မိသားစုလိုက္ ဆင္ႏြဲလို႔ရသည့္ ျမန္မာ့႐ိုးရာသၾကၤန္ကို ေငးၾကည့္ရင္း မိသားစု ဆိုတာကို ေကာင္းကင္လင္း အေတြးပြားေနမိသည္။
ဘယ္ေလာက္ေတာင္ ေငးေနမိသည္ မသိေတာ့ မိမိကိုယ္ေပၚ က်ဆင္းလာေသာ ေရေအးေအးမ်ားေၾကာင့္ေမာ့ၾကည့္လိုက္ေတာ့ ကိုဟိန္းထက္က ေရဖလားႏွင့္မိမိကို ေလာင္းေနသည္ မဟုတ္လား။
ေကာင္း မ်က္ေမွာင္တြန႔္ကာသူ႔ကိုေမာ့ၾကည့္လိုက္ေသာ အခါ သူက ရယ္က်ဲက်ဲၿပဳံးကာ ေကာင္းကို ေခ်ာ့သည္။
"သၾကၤန္တြင္းေရေလာင္းလို႔စိတ္ဆိုးရင္ သိၾကားမင္းက မွတ္သြားလိမ့္မယ္ေနာ္။ ေရာ့ မေက်နပ္ရင္ ျပန္ေလာင္း။"
ေကာင္းကင္လင္းသည္ ကိုဟိန္းကို ဒီေလာက္ေတြ႕ဖူးတာ သူ႔အၿပဳံးဒီေလာက္ဆြဲေဆာင္မႈရွိတာကို ယခုမွ သိလိုက္ရသည္။ သြားစြယ္ခြၽန္ခြၽန္ေလးႏွင့္ အရမ္းကို ခ်ိဳသာသည့္ အၿပဳံးကိုပိုင္ဆိုင္ထားသည့္ ကိုဟိန္းထက္သည္ ေကာင္းကို ေရေလာင္းေနသည္။ ေကာင္းကင္လင္းသည္ သူ႔အၿပဳံးမွ မ်က္ႏွာလႊြဲကာ ႏူတ္ခမ္းစူလိုက္ၿပီး ျပန္ေျပာလိုက္သည္။
"ေလာင္းမွာ။ ေရခပ္ေပး။ေရခဲေရေနာ္။"
ဟိန္းထက္သည္ ေကာင္းေလးကို ရယ္ဟဟႏွင့္ၾကည့္ကာ ခ်ိဳသာစြာေျပာလိုက္သည္။
"ရတယ္။ အေအးဆုံး ေရေတြျဖစ္ရေစမယ္ ေကာင္းေလး။"
တကယ္ပင္ ေရခဲတုံးႏွင့္ ေရခဲေရကို ခပ္လာေပးသည္။ ၿပီးေတာ့ ေကာင္းေလးလက္ထဲ ဖလားထည့္ေပးေတာ့ ေကာင္းကင္လင္းက ေမာ့ၾကည့္ကာ
"ဒူးေထာက္ေလ။ ခင္ဗ်ားအရပ္က မိုးထိုးေနတာ။ မမွီဘူး။"
ဟိန္းထက္ ရယ္လိုက္ကာ သူ႔ေရွ႕တြင္ ဒူးေထာက္ေပးလိုက္သည္။ ေကာင္း ဘာလုပ္မည္ကို မိမိ ႀကိဳတြက္မိၿပီးသားျဖစ္သည္။ ထင္သည့္အတိုင္း ေရခဲေရကို ေခါင္းမွာေလာင္းခ်လိုက္သည္။ ဟိန္းထက္ အၿပဳံးမပ်က္ပါ။ ဂ်စ္ကန္ကန္ေကာင္ေလးက သူလုပ္ခ်င္တာ လုပ္လိုက္ရလို႔ ေပ်ာ္သြားသည္ကို သာ လိုခ်င္မိသည္။ ႏြားက်သည္ပဲ ဆိုဆို သူေပ်ာ္သည္ကို ပဲ လိုခ်င္မိတာ ဟိန္းထက္ရဲ႕ ေလာဘပါ။ အျခားဘာမွ မလိုခ်င္ပါ။ ေကာင္းကင္ရဲ႕ အၿပဳံးက လြဲလို႔ေပ့ါ။
"ေကာင္း..ဘယ့္ႏွယ့္ ကိုဟိန္းကို ေရခဲေရနဲ႔ ေခါင္းေလာင္းရသလား ဒီကေလးေတာ့ေလ။"
ေဒါက္တာၿဖိဳးသည္ သူငယ္ခ်င္းႏွင့္ စကားေျပာေနရာမွ သူငယ္ခ်င္းက မိမိေနာက္က်ကို ၾကည့္ကာ ၿပဳံးလိုက္သျဖင့္ လွည့္ၾကည့္လိုက္စဥ္ မိမိ၏ ခ်စ္လွစြာေသာ ညီေတာ္ေမာင္က ဟိန္းထက္ကို အႏိုင္က်င့္ေနသည္ကို တည့္တည့္တိုးေတာ့သည္။
"အဟား...မင္းညီက တကယ့္ ငဂ်စ္ေလးပဲကြ။ ခ်စ္ေတာ့ခ်စ္စရာေလးကြ။ ငါ့မွာ ဒီလိုညီေလးတစ္ေယာက္ရွိရင္ အပ်င္းေျပမွာပဲ။"
သူငယ္ခ်င္း သက္လြင္က ရယ္ရင္းေျပာတာကို မေခ်ပအားပဲ ေကာင္းကင္လင္းအနားကို တိုးကပ္လာခဲ့သည္။
"ကိုဟိန္းက သားကို ေရအရင္လာေလာင္းတာေနာ္ ကိုကို။ သားကို လာမဆူနဲ႔။"
ေကာင္းက ႏူတ္ခမ္းဆူက ႀကိဳၿပီးေျပာလိုက္သည္။ အကို႔မ်က္ႏွာၾကည့္ရတာ ကိုဟိန္းကို အားနာကာ မိမိကို ဆူရန္ ဟန္ျပင္ေနပုံရသည္ မဟုတ္လား။
"ေကာင္း မင္း လူႀကိးကို ဒူးေထာက္ခိုင္းၿပီး ဘာလို႔ ေခါင္းကေန ေလာင္းရတာလဲ။"
"ကိုကိုေနာ္...သားကို ပဲ အျပစ္တင္ေနတယ္။ "
ေကာင္းကင္လင္း စိတ္တိုလာသည္။ ကိုကိုၿဖိဳးက မိမိကို ပစ္ထားၿပီး ေငါက္ခ်င္မွ အနားလာသည္ မဟုတ္လား။
"ကြၽန္ေတာ္က ေကာင္းကို အရင္ေလာင္းတာပါ ေဒါက္တာ။ အခုကလည္း ေကာင္းကို တမင္ေလာင္းခိုင္းတာပါ။ အိုက္ေနလို႔။"
ဟိန္းထက္က ရယ္က်ဲက်ဲႏွင့္ ေဒါက္တာကို ေျပာလိုက္သည္။ ေတာ္ၾကာ ေကာင္းေလး စိတ္မေကာင္းျဖစ္ေနဦးမည္။ အခုေတာင္ သူေလး မ်က္ႏွာပ်က္ခ်င္ေနၿပီေလ။
ေဒါက္တာၿဖိဳးသည္ ေကာင္းကို တလွည့္၊ ဟိန္းထက္ကို တလွည့္ၾကည့္ကာ ဆြဲထူ လိုက္ၿပီး တိုးတိုးေျပာလိုက္သည္။
"ကိုဟိန္းထက္ ေကာင္းကို အရမ္းအလိုမလိုက္နဲ႔။ ခင္ဗ်ားသည္းခံရင္ သူက ပိုဆိုးလာမယ္။"
"ရပါတယ္ ေဒါက္တာ။ ကြၽန္ေတာ္က ညီေလး တစ္ေယာက္လိုခ်င္ေနတာ ၾကာၿပီ။ ေကာင္းက လိမ္မာပါတယ္ ဗ်ာ။ "
ေဒါက္တာၿဖိဳးသက္ျပင္းသာခ်မိသည္။ ေကာင္းကို ခပ္ႀကိတ္ႀကိတ္ က်ိမ္းလိုက္သည္။
"ေကာင္း ေနာက္တခါ ကိုဟိန္းကို ႏွိပ္စက္ရင္ မင္းကို မာမီနဲ႔တိုင္ေျပာမယ္။"
ေကာင္းက သူ႔ကို မေျပာသလို မၾကားခ်င္ေယာင္ေဆာင္ေနလိုက္သည္။ ကိုကိုၿဖိဳးက လက္ေလွ်ာ့လိုက္ေတာ့သည္။
ဟိန္းထက္ဘက္ကိုလွည့္ကာ မွာသည္။
"ကိုဟိန္း..မွာထားတယ္ေနာ္။ ခင္ဗ်ားကိုႏွိပ္စက္ရင္ ၿငိမ္မခံနဲ႔။ ျပန္ေအာ္လိုက္။"
ဟိန္းထက္ က ရယ္က်ဲက်ဲႏွင့္ကတိေပးလိုက္ေတာ့သည္။
"ဟုတ္ကဲ့ပါ ေဒါက္တာ ။စိတ္ခ်ပါ။ ဟိုမွာ ေဒါက္တာ သူငယ္ခ်င္းေခၚေနၿပီ။"
ေဒါက္တာေဝယံၿဖိဳးသည္ သူငယ္ခ်င္းသက္လြင္ ေခၚေနေသာေၾကာင့္ စိတ္မခ်လက္မခ်ႏွင့္ ျပန္သြားေတာ့သည္။
သက္လြင္က လွည့္ၾကည့္လွည့္ၾကည့္ႏွင့္ ျပန္လာေသာ သူငယ္ခ်င္းကိုေခၚကာ အျခားသူငယ္ခ်င္းမ်ားႏွင့္ မိတ္ဆက္ေပးရန္ ေခၚသြားေတာ့သည္။
"ခင္ဗ်ားေၾကာင့္ အဆူခံရတာ။"
ေကာင္းကင္လင္းက သူ႔ကို ေမာ့ၾကည့္ကာ ရန္ေတြ႕သည္။ ဟိန္းထက္သည္ ေကာင္းကို ေငးၾကည့္ကာ ေတာင္းပန္လိုက္သည္။
"ေဆာရီးပါ ေကာင္း။ ကိုဟိန္း မေကာင္းတာပါ။"
ဘာရယ္မသိ။ ကိုဟိန္းထက္၏ ေတာင္းပန္စကားကို ၾကားေတာ့ ေဒါသတို႔ လြင့္ပ်ယ္သြားသည္။ ၿပီးေတာ့ တိုးတိုးေလးျပန္ေျပာလိုက္သည္။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ကိုဟိန္း။ ေခါင္းကေန မေလာင္းသင့္ပါဘူး။ ေဆာရီးပါ။"
ဟိန္းထက္သည္ ေကာင္းကင္လင္း၏ ေတာင္းပန္စကား တိုးတိုးကို ၾကားေသာအခါ ေက်နပ္စြာၿပဳံးလိုက္သည္။ သူေလးက မိမိအထင္ကို မွန္ေစသည္။ ေကာင္းကင္ေကေလး ဆိုတာ လူဆိုး၊ လူေပြ မဟုတ္ပါ။ မခ်စ္ငတ္ေနေသာ ကေလးေလးတစ္ဦးသာ ျဖစ္သည္။ အခ်စ္ကို မရလို႔ အသည္းေတြ မာေၾကာလာၿပီး အ႐ြဲ႕တိုက္ရင္း အြန္လိုင္းေပၚတက္ေသာင္းက်န္းေနမိသူေလးပါ။ ယခုလို သူခ်စ္ေသာ အစ္ကိုႏွင့္အနီးကပ္ေနရေတာ့ ေကာင္းေလးက မဟုတ္က ဟုတ္က ပို႔စ္မ်ားကို မတင္ေတာ့ပဲ ၿငိမ္ေနၿပီ မဟုတ္လား။
"လိမ္မာတယ္ ေကာင္းေလး။ ကိုဟိန္းဆုခ်မယ္။ ဘာစားခ်င္လဲ။"
ေကာင္းကင္လင္းက သူ႔ကို မ်က္ေစာင္းဒိုင္းခနဲ ထိုးလိုက္မိသည္။ သူက အထက္စီးႀကိးႏွင့္ မုန႔္ဝယ္ေကြၽးမည္တဲ့။ မိမိကိုမ်ား သူငယ္ႏွပ္စားေလးမ်ားထင္ေနလားမသိ။
"မစားခ်င္ဘူး။ အျခားေနရာကို ေလွ်ာက္ၾကည့္ခ်င္တယ္။ လိုက္ပို႔ေပး။."
"ေဒါက္တာ မအားေသးဘူး။"
"ထားခဲ့လိုက္။သူ႔သူငယ္ခ်င္းေတြနဲ႔ ေတြ႕ေနတာ သတိမရေတာ့ဘူး။ လိုက္ပို႔ဗ်ာ။"
ေကာင္း သူ႔ကို ဂ်ီတိုက္လိုက္သည္။ ဟိန္းထက္ ေခါင္းကို တခ်က္ကုတ္လိုက္ၿပီး ေျပာလိုက္သည္။
"အင္း။ သြားေျပာလိုက္ဦးမယ္။"
"ရေအာင္ေျပာေနာ္။ မရရင္ျပန္မလာနဲ႔။"
ေကာင္းေလးက ခပ္တင္းတင္းမွာလိုက္သည္။ သူ႔အမူအယာေလးကို ၾကည့္ကာ ဟိန္းထက္ ရယ္ခ်င္သြားသည္။
ဟိန္းထက္ သည္ေဒါက္တာ့ကို သြားခြင့္ေတာင္းလိုက္သည္။ ေဒါက္တာ ကခြင့္မျပဳခ်င္ေပ။ သို႔ေသာ္ ဟိန္းထက္က အထပ္ထပ္ေတာင္းဆိုေသာေၾကာင့္ သက္ျပင္းခ်ကာ ခြင့္ျပဳလိုက္သည္။
"ခင္ဗ်ားထိန္းမရရင္ ဖုန္းဆက္လိုက္ေနာ္ ကိုဟိန္း။ ေကာင္းေလးခိုင္းတိုင္း ေလွ်ာက္မပို႔နဲ႔။"
ဟိန္းထက္ ေခါင္းသာၿငိမ့္လိုက္မိသည္။ ေကာင္းေလး ဘာေတာင္းဆိုသည္ျဖစ္ေစ မိမိလိုက္ေလ်ာေပးမည္ကို ေဒါက္တာကို မေျပာျပေတာ့ပါ။
"ဟုတ္ကဲ့ စိတ္ခ်ပါေဒါက္တာ။သြားေတာ့မယ္ေနာ္။ "
ဟိန္းထက္သည္ ေကာင္း၏ ဘီးတပ္ကုလားထိုင္ကို တြန္းကာ လူအုပ္ၾကားထဲမွတိုးထြက္လာခဲ့သည္။ အျခားေနရာမ်ားတြင္ ေကာင္းၾကည့္ခ်င္သည့္ေနရာတိုင္းတြင္ ရပ္ေပးကာ ေငးၾကည့္သည္။ ေကာင္းကင္လင္းက ဓါတ္ပုံ တျဖတ္ျဖတ္႐ိုက္ကာ မွတ္တမ္းတင္ေနတာမ်ားသည္။
တိုင္းရင္းသာ လူမ်ိဳးစုံ မ႑ပ္တြင္ ပေလာင္မေလးမ်ား၏ လက္ဖက္ခူးအကကို ၾကည့္ၾကသည္။ အျခားလူမ်ားလည္း ခပ္လွမ္းလွမ္းမွ ၾကည့္သူရွိသလို စင္ေအာက္ တည့္တည့္တြင္ ကခုန္ေနသူမ်ားလည္း အမ်ားႀကီးရွိသည္။
ေကာင္းကို လွမ္းၾကည့္ေတာ့ ကခုန္ေနသည့္လူငယ္မ်ားကို ၾကည့္ရင္းမ်က္ႏွာသိပ္မေကာင္းေတာ့ ဟိန္းထက္သည္ သူ႔ကို လွမ္းေျပာလိုက္သည္။
"ပ်င္းစရာႀကိးကြာ။ ၿမိဳ႕ေတာ္ဝန္ မ႑ပ္ မွာ အဆိုေတာ္ သွ်ီနဲ႔ ခ်စ္သူ႔ေ၀ လာမယ္တဲ့ကြ။ သြားရေအာင္။ "
"အင္း။သြားၾကတာေပါ့။ ကြၽန္ေတာ္လည္း နားညည္းေနၿပီ။"
ဟိန္းထက္သည္ ေကာင္းေလးကို ေခၚၿပီးဆက္ထြက္လာခဲ့သည္။ ေကာင္းေလး က ကေနသည့္လူငယ္မ်ားကို ေငးေနစဥ္ မိမိက မွတ္တမ္းတင္ဓါတ္ပုံမ်ားစြာနင့္အတူ ေကာင္းေလး၏ပုံမ်ားစြာကို တိတ္တိတ္ေလးမွတ္တမ္းတင္ေန မိသည္။
ၿမိဳ႕ေတာ္ဝန္ မ႑ပ္ မွျပန္လာေတာ့ တိုင္းရင္းသားလူမ်ိဳးစု မ႑ပ္ မွဆင္းလာဟန္တူုသည့္ ရွမ္း႐ိုးရာ ဝတ္စုံဝတ္ထားသည့္ ေကာင္ေလး ေကာင္မေလး တစ္စုကိုေတြ႕ေတာ့ ေကာင္းကင္လင္းက ေတာင္းဆိုလိုက္သည္။
"ကိုဟိန္း။ ကြၽန္ေတာ္ သူတို႔နဲ႔ ဓါတ္ပုံတြဲ႐ိုက္ခ်င္တယ္။ ေျပာေပးဗ်ာ"
ဟိန္းထက္ တစ္ခ်က္မတြန႔္ပါ။ ခ်က္ခ်င္းပင္ ထိုအဖြဲ႕ေခါင္းေဆာင္ျဖစ္ဟန္တူေသာ ေကာင္ေလးနားခ်ည္းကပ္ကာ ခြင့္ေတာင္းလိုက္သည္။ ႐ိုးရာဝတ္စုံမ်ားကို သေဘာက်လို႔ ဓါတ္ပုံ႐ိုက္ပါရေစဆိုေတာ့ အသာတၾကည္ခြင့္ျပဳခဲ့သည္။ ေကာင္းကင္လင္းကို ၿခဳံရံကာ ဟိန္းထက္ အမွတ္တရ ပုံမ်ားစြာ႐ိုက္ေပးခဲ့သည္။
ထိုေန႔တေန႔လုံး ဟိန္းထက္သည္။ ေကာင္းကင္လင္း ခိုင္းသမွ် မညည္းမညဴလုပ္ေပးကာ မိုးမျမင္ ေလမျမင္ ေပ်ာ္ေနမိသည္။ ေကာင္းကင္လင္းကို ၿပဳံးေအာင္လုပ္ေပးႏိုင္လို႔ ကိုယ့္ဖာသာ ေက်နပ္ေနမိသည္။
"ကိုဟိန္း...ခင္ဗ်ားကို ကြၽန္ေတာ္ တကယ္ခ်ီးက်ဴးတယ္။ ကြၽန္ေတာ့္ညီ လူဆိုးေလးဒဏ္ကို ခံႏိုင္တာ ခင္ဗ်ား တစ္ေယာက္တည္း ရွိတယ္။"
ေဒါက္တာၿဖိဳးေျပာသည္ကို ဟိန္းထက္ ၿပဳံး႐ုံသာၿပဳံးေနမိသည္။ တကယ္ခ်စ္လွ်င္ မျဖစ္ႏိုင္ဆိုတာ ဘာမွမရွိဘူး ဟု ရင္ထဲမွ ႀကိတ္ေျပာေနမိသည္။
------------------------------------
သၾကၤန္ ဒုတိယရက္။
ေကာင္းကင္လင္းသည္ သၾကၤန္ပထမရက္လည္ၿပီးေနာက္ ေနာက္တေန႔လည္ရန္ စိတ္အားတက္ႂကြေနသည္။ ညကလည္း သၾကၤန္ပုံရိပ္ေတြကိုတင္လိုက္ၿပီး ပို႔စ္တင္လိုက္သည္။
"ခ်စ္သူႏွင့္အတူ ဆင္ႏြဲရတဲ့ တန္ကူး အတာသၾကၤန္ပြဲေတာ္"
ထိုေခါင္းစဥ္ကို တင္ၿပီး မိသားစုမ်ား၊ သူငယ္ခ်င္းမ်ား၊ လူငယ္မ်ား ေပ်ာ္ျမဴးေနေသာ အေပ်ာ္မ်က္ႏွာမ်ားႏွင့္ သၾကၤန္ပုံရိပ္ မ်ားကိုေ႐ြးတင္လိုက္သည္။ ထိုပုံမ်ားကို ၾကည့္ၿပီး ေကာင္း ကိုယ္တိုင္အေပ်ာ္မ်ားကူးစက္လာသလို ခံစားရသည္။ ေနာင္တြင္ ေကာင္းကင္ ေကေလးသည္ ေပ်ာ္စရာမ်ားကို မိမိပရိတ္သတ္သို႔ မွ်ေဝေပးသြားမည္ ဟုဆုံးျဖတ္လိုက္သည္။
ေပါက္ကရပို႔စ္ေတြ မတင္ေတာ့ဘူးဟုလည္းဆုံးျဖတ္လိုက္သည္။ မိမိဘာလို႔ စိတ္ေျပာင္းသြားသည္ကို မသိေတာ့ေပ။ ေသခ်ာတာကေတာ့ ေကာင္း ယခင္လို ပူေလာင္မေနေတာ့ေပ။ ကိုဟိန္းေလာင္းသည့္ သၾကၤန္ေရေၾကာင့္ပဲလား၊ ဒါမွမဟုတ္ မာမီတို႔ႏွင့္ ေဝးရာတြင္ေနရလို႔ပဲလားမသိေတာ့။
"ေကာင္း မၿပီးေသးဘူးလား။ စာ႐ိုက္ေနေသးတယ္။ သြားရေအာင္။ မနက္စာအတြက္ ကိုဟိန္းေစာင့္ေနၿပီ။ "
ကိုကိုၿဖိဳးက ေျပာရင္း အနားေရာက္လာသျဖင့္ ေကာင္း ကြန္ပ်ဴတာကို ပိတ္ကာ လက္စသတ္လိုက္သည္။ ကိုကိုၿဖိဳးက ပို႔စ္ကို ၾကည့္ကာ ရယ္ဟဟႏွင့္ေျပာသည္။
"ေကာင္း ခ်စ္သူေတြ အူတိုကုန္ေတာ့မယ္ကြာ။ ကိုကို႔ကို အစ္ကိုမွန္းမသိပဲ ေကာင္းကို ေႂကြေနတဲ့သူေတြ ဝိုင္းဆဲတာ ခံရေတာ့မွာပဲ။"
"ဘယ္သူမွ ကိုကိုမွန္းမသိပါဘူးေနာ္။ သူတို႔က အားက်ေနၾကတာ။ ေကာင္းေနရာကို လိုခ်င္လြန္းလို႔။ ကိုကို႔လို အၿမဲခ်စ္ေပးႏိုင္တဲ့ အကိုမ်ိဳးသူတို႔မွာ မရွိဘူးေလ။"
ေကာင္းကင္လင္း ကိုကို႔ကိုလွမ္းေျပာလိုက္ေတာ့ ကိုကိုက သက္ျပင္းခ်လိုက္သည္ကို ေတြ႕ေတာ့ စိတ္ထဲ တမ်ိဳးျဖစ္သြားသည္။
"ဘာလဲ ။ ကိုကိုက ေကာင္းကိုလုပ္ေပးရတာကို စိတ္ညစ္လာတာလား။ မလုပ္ေပးခ်င္ရင္ေျပာေနာ္။ ေကာင္း ခ်က္ခ်င္း ရန္ကုန္ျပန္သြားမွာ။"
ေကာင္း ကိုကို႔ကို ရန္လုပ္လိုက္သည္။ ေဒါက္တာၿဖိဳးကာ ေကာင္းကို ၿပဳံးၾကည့္ကာ
"ကဲ ကိုယ္ေတာ္ေလး။ ၿပီးရင္သြားစို႔။ ကိုကို႔ကို လာမရစ္နဲ႔။ ေကာင္းကို လုပ္ေပးရလို႔ ကိုကိုစိတ္ညစ္တာျမင္ရင္ အဲ့ေနရာ ကိုကို႔ကို ထိုးသြားလိုက္၊ ကိုယ့္ညီေလးကို ကိုကို လုပ္ေပးရတာ ဝမ္းသာေနတာ။ လာ သြားစို႔ေနာ္။"
ေကာင္း မယုံတယုံႏွင့္ ကိုကို႔ကို အကဲခတ္လိုက္ေတာ့ တကယ္ေျပာေနတာ ေတြ႕ရမွ စိတ္ေလွ်ာ့လိုက္သည္။
"အင္းပါ။ ေကာင္းက ကိုကို ေကာင္းကို အၿမဲ အစစအရာရာ လိုက္လုပ္ေပးေနရလို႔စိတ္ညစ္သြားမွာကို အၿမဲစိုးရိမ္ ေနရလို႔ပါ။ ေတာင္းပန္ပါတယ္ ကိုကို။ ေစာေစာစီးစီး ကိုကို႔ကို ရစ္မိတာ။"
ေဒါက္တာၿဖိဳးသည္ ေျပာမည့္စကားကို ၿမိဳသိပ္ကာ ေကာင္းကို ေခၚကာ အခန္းအျပင္ကိုထြက္လာရင္းေျပာသည္။
"ေကာင္းရယ္။ ကိုကိုက ဘာရယ္မဟုတ္ေျပာမိတာ။စိတ္ထဲ မထားနဲ႔။ ဒီေန႔ ကားနဲ႔ပတ္ၾကည့္ၾကမယ္ေလ။"
ေကာင္းကင္လင္း ဘာမွဆက္မေျပာေတာ့ေပ။ အခန္းအျပင္ဘက္တြင္ ကိုဟိန္းက သြားစြယ္တန္းမ်ားေပၚေအာင္ကို ၿပဳံးရယ္ကာ ႏူတ္ဆက္ေနသည္မဟုတ္လား။ သူ႔အၿပဳံးကို ေကာင္းတစ္ခ်က္ေငးခနဲျဖစ္သြားၿပီး မွႏူတ္ဆက္လိုက္သည္။
"ခင္ဗ်ား ေစာလွခ်ည္လား အင္ႀကီး။ ဗိုက္ဆာေနလို႔လား။"
ေကာင္းကင္လင္း သူ႔အၿပဳံး၏ ဆြဲငင္မႈမွ ကင္းလြတ္ေအာင္႐ုန္းခ်င္ေသာေၾကာင့္ ဘုေျပာကာ ႏူတ္ဆက္လိုက္သည္။ မိမိကို တမ်ိဳးတျမည္ျဖစ္ေစႏိုင္ေသာ ထိုအၿပဳံးကို မုန္းသည္။ မိမိကို ၾကည့္ၿပီးၿပဳံးမေနေစခ်င္ပါ။ ထို႔ေၾကာင့္ သူ႔အၿပဳံး ေပ်ာက္ေအာင္ ဘုေျပာျခင္းျဖစ္သည္။
"အာ..ေကာင္းကင္လင္း ဒီေန႔ ဘာျဖစ္ေနတာလဲ။ ေဆာရီး ကိုဟိန္း၊ ေကာင္း ကြၽန္ေတာ့္ကို စိတ္တိုလို႔ ဘုေျပာတာ။ ေကာင္း မင္း ကိုကို႔ကို ဆိုးလို႔ရတယ္။ သူူမ်ားေတြကို မဆိုးရဘူးလို႔ေျပာထားတယ္ေလ။"
ေဒါက္တာၿဖိဳး ေကာင္းကို ဟန႔္ၿပီး ဟိန္းထက္ကို ေတာင္းပန္လိုက္သည္။ ေကာင္းက ကိုဟိန္းကို မ်က္ေစာင္းထိုးကာ အကိုကို ခံပက္လိုက္ေသးသည္။
"အင္ႀကီးက သူမ်ားမွ မဟုတ္တာ။ ကိုကိုက ေစာေစာစီးစီး သားကို ဆူေနၿပီေနာ္။ ငိုလိုက္မွာ။"
ဟိန္းထက္ ရယ္ခ်င္သြားသည္။ ေကာင္းကင္လင္းက မိမိနဲ႔ဆို လူႀကီးပုံဖမ္းေသာ္လည္း သူ႔အကိုႏွင့္ဆိုလွ်င္ တကယ့္ကို ကေလးေလးလိုျဖစ္သြားသည္။ ဒါကို ဟိန္းထက္က ခ်စ္ရျခင္းျဖစ္သည္။ ၿပီးေတာ့ မိမိကို သူမ်ား မဟုတ္ဟု ဆိုသည့္ စကားက ရင္ထဲကို အေပ်ာ္ေတြႏွင့္ လွည့္လည္သြားေစသည္။ မိမိကို သူက လူရင္းလို သေဘာထားေနသည္ ဆိုသည့္ အသိက ဟိန္းထက္ကို အေပ်ာ္ေတြတိုးေစသည္။
"ကြၽန္ေတာ့္ကို ဘာေျပာေျပာ ကိစၥမရွိပါဘူး ေဒါက္တာ။ ရပါတယ္။ ေကာင္းက ကြၽန္ေတာ့္ညီေလးလိုပါပဲ။"
ဟိန္းထက္ ေပ်ာ္လြန္းသည့္စိတ္ကို ဖုံးဖိကာ ေဒါက္တာကို ေျပာလိုက္သည္။ ေဒါက္တာၿဖိဳးက ျပန္လည္ေျပာမည္အျပဳ ဖုန္းဝင္လာသည္။ ဖုန္းနံပတ္ကို ၾကည့္ကာ ဟိန္းထက္ကို အကူအညီလွမ္းေတာင္းလိုက္သည္။
"ကိုဟိန္း..ေကာင္းေလးနဲ႔ စားေသာက္ခန္းကို သြားႏွင့္ၾကေတာ့ဗ်။ စားႏွင့္ မေစာင့္ၾကနဲ႔။ အေရးႀကီး ဖုန္းေျပာစရာရွိလို႔။ ခဏေနာ္။ ေကာင္းေလး သြားစားႏွင့္ေနာ္။ "
ေဒါက္တာၿဖိဳးေျပာၿပီး အခန္းထဲျပန္ဝင္သြားေတာ့သည္။ ေကာင္းကင္လင္းက သူ႔ခ်စ္ခ်စ္စီက ဖုန္းမွန္းသိလို႔ ေဒါသထြက္သြားသည္။ မိမိခိုင္ ႏွင့္ခုတေလာ မၿပီးႏိုင္မစီးႏိုင္ ဖုန္းေျပာေနသည္ကို ျမင္ျပင္ကတ္လာသည္။ တကတည္း ခ်စ္လို႔ကို မဝၾကဘူး။
ကိုကိုျဖိဳး၏ ခ်စ္သူကို မိမိလည္း လိုက္ခ်စ္ရမည္ကို သိေပမယ့္ ရင္ထဲမွာ ဆို႕နင့္နင့္ျဖစ္သည္ကိုေတာ့ ေဖ်ာက္မရတာ ခက္သည္။ ကိုကို႕ကို ဘယ္သူ႕လက္ထဲမွ ေကာင္းမထည့္ေပးခ်င္ပါ။ ျဖစ္နုိင္ရင္ ကိုကို႕ကို ေကာင္းေဘးမွာပဲ တသက္လံုး ထားခ်င္သည္။ ဒါေပမယ့္ ဒီလိုလုပ္တာ ကိုကို႕အတြက္ မတရားရာက်သျဖင့္ ေကာင္းကင္လင္း ဝမ္းနည္းစိတ္ကို ျမိဳသိပ္ကာ ႀကည့္ေနလိုက္ရသည္။
ဟိန္းထက္သည္ ေကာင္းကင္လင္း မ်က္ႏွာညိဳေနသည္ကို ေတြ႕ေတာ့ ကုလားထိုင္ကို တြန္းေပးၿပီး ေခၚလာရင္း အာ႐ုံေျပာင္းကာ စကားေျပာလိုက္သည္။
"ေကာင္းေလး။ ဒီေန႔ ကားနဲ႔ပတ္ၾကမယ္ဆို၊ ေပ်ာ္စရာႀကီး။ ကန္ေတာ္ႀကီး၊ မေနာ္ယမန္ကစားကြင္းဘက္၊ ၿမိဳ႕ထဲ မ႑ပ္ေတြမွ အမ်ားႀကီး ေလွ်ာက္ၾကည့္ၾကတာေပ့ါ။ သၾကၤန္အကေတြ တစ္ဝႀကီးၾကည့္ၾကမယ္ေလ။"
"စိတ္ဝင္စားစရာ မေကာင္းဘူး။"
ေကာင္းကင္လင္းက စူပုတ္ကာေျပာသည္။ ကိုကို႔ကို မေက်နပ္သည္ကပဲ မ်ားေနသည္။
"ဟာ ေကာင္းကလည္း။ မၾကည့္ေသးပဲ စိတ္ဝင္စားစရာ မရွိေျပာလို႔မရဘူးေလ။ စာေရးဆရာ တစ္ေယာက္အေနနဲ႔ သေဘာထားက်ဥ္းရာက်မွာေပါ့။ "
ဟိန္းထက္ သူ႔ကို ေခ်ာ့ရင္း အမွတ္တမဲ့ စကားကြၽံသြားမိသည္။ သတိရသည္ႏွင့္ ခ်က္ခ်င္းရပ္လိုက္သည္။
ေကာင္းကင္လင္းလည္းသတိထားမိလိုက္သည္။ သို႔ေသာ္ ဘာမွမေျပာေသးေပ။ သူ မိမိစာေရးတာကို ဘယ္လိုသိတာလဲ။ အစကတည္းက ေကာင္းကင္ K Lay မွန္းသိေနတာလား။ မိမိသူ႔ကို သိသလို သူ မိမိကို သိေနတာလားဟု အေတြးပြားကာ ၿငိမ္သြားၾကသည္။
ဂ်စ္တူးလည္း စကားလြန္ၿပီး ရင္ထိတ္ကာ စကားစျဖတ္လိုက္သည္။ ေကာင္းကင္လင္း ၿငိမ္သြားၿပီး ဘာမွမေမးသျဖင့္ နည္းနည္းေတာ့စိတ္သက္သာရာရသြားသည္။ ေကာင္းေလး မရိပ္မိပါေစႏွင့္ဟု ႀကိတ္ၿပီးဆုေတာင္းေနမိသည္။
စားေသာက္ခန္းေရာက္ေသာအခါ ကိုဟိန္းက ေကာင္းကို စားပြဲတြင္ေနရာခ်ေပးၿပီး စားစရာသြားယူေပးသည္။ မေန႔က မိမိစားခ်င္သည္ ေျပာမိသည္မ်ားကို ယူလာေပးသည္။ ေကာင္းကင္လင္း ေသခ်ာသည္ထက္ေသခ်ာ သြားေလၿပီ။ ကိုဟိန္းထက္က ဂ်စ္တူး ျဖစ္ေနသည္ မဟုတ္လား။
ေကာင္း သူမွန္းေသခ်ာသြားေတာ့ ဦးစီဘယ္လို အေရာက္သြားရမည္ကို ေတြးစျပဳလာသည္။ သူက ဦး တန္ဖိုးအထားရဆုံး၊ အခ်စ္ရဆုံးညီမဟုတ္လား။ မိမိေတာင္ သူႏွင့္ လာမပတ္သတ္ရန္ ဦးက block ထားတာ ေျဖၿပီး messenger တြင္ ျပင္းထန္စြာ သတိလာေပးဖူးေသာ သူ႔အခ်စ္ဆုံး ညီ ဂ်စ္တူး မိမိနံေဘးတြင္ ေရာက္ေနေလၿပီ။ ေကာင္းကင္လင္း ၿပဳံးလိုက္မိသည္။ ဦးကို ျပန္ဖမ္းဖို႔ ငါးစာေတာ့မိၿပီ။
"ေကာင္းေလး။ ဘာထပ္လိုခ်င္ေသးလဲ။ ကိုဟိန္းယူေပးမယ္။"
ဟိန္းထက္သည္ မိမိစားစရာ ပန္းကန္ကို ခ်ၿပီး စားပင္မစားရေသး ေကာင္းကို က႐ုတစိုက္ႏွင့္ ၾကည့္ကာ ေမးလိုက္သည္။
"ရၿပီ ကိုဟိန္း။ စားေတာ့ေလ။ ကြၽန္ေတာ္ ေတာင္ဝေတာ့မွာ"
ထိုအခါမွ ဟိန္းထက္ သူ႔မနက္စာကိုစားသည္။ ဟိန္းထက္ စားၿပီးေတာ့မွ ေဒါက္တာ ၿဖိဳးဆင္းလာခဲ့သည္။
"သြားရေအာင္ေလ။"
"ကိုကိုမစားေတာ့ဘူးလား။"
"ဟင့္အင္း။ ခိုင္က မနက္စာ ဝယ္လာမယ္တဲ့။ သြားရေအာင္။ ေနျမင့္ရင္ လမ္းၾကပ္တယ္။"
"မခိုင္လည္း လိုက္မွာလား။"
"အင္း။ လူစုံေတာ့ ေပ်ာ္စရာေကာင္းတာေပ့ါ။ ကိုကိုေခၚထားတာ ေကာင္းေလး။ မင္း မမခိုင္းကို ေကာင္းေကာင္းဆက္ဆံေနာ္။ "
ေကာင္းကင္လင္း မ်က္ေမွာင္ကုတ္ကာ ျပန္ေျပာလိုက္သည္။ ရင္ထဲမွာေတာ့ ဆို႕နင့္မႈက ပိုဆိုးလာခဲ့သည္။ ဒါေပမယ့္ ကိုကိုျဖိဳး စိတ္မေကာင္းျဖစ္မွာစိုးလုိ႕ အတင္းဟန္ေဆာင္ေနရသည္။
"ဘယ္တုန္းက ေကာင္းေကာင္း မဆက္ဆံလို႔လဲ။ အပိုေတြ။ အခုမွ လာမွာေနတယ္။"
ေဒါက္တာၿဖိဳးက ရယ္ကာ ေကာင္း၏ ဆံပင္ကို အသာထိုးဖြၿပီးေျပာသည္။
"ေအးပါကြာ။ ေကာင္းေလး ေကာင္းေကာင္းဆက္ဆံတာ သိပါတယ္။ ကိုကို စိတ္ပူၿပီးထပ္မွာမိတာပါ။ ကဲ မ်က္ႏွာပုတ္မေနနဲ႔ေတာ့။ သြားၾကစို႔။"
ေကာင္းကင္လင္းသည္ ကိုကိုၿဖိဳးတခုခုထူးျခားေနသည္ကို သတိထားမိသည္။ ဘာမွန္းေတာ့ မသိေပ။ ကိုကို ထူးဆန္းေနသည္ကို ေကာင္း ဘယ္လိုမွ မေတြးတတ္ခဲ့ေပ။
ကိုကိုက မခိုင္တည္းသည့္္အိမ္တြင္ ဝင္ေခၚသည္။ မမခိုင္က ေကာင္းကို ၿပဳံးခ်ိဳစြာႏူတ္ဆက္သည္။ ၿပီးေတာ့ ကိုကို႔ေဘး ကားေရွ႕ခန္းတြင္ ဝင္ထိုင္လိုက္သည္။ ၿပီးေတာ့ ယူလာေသာ မနက္စာ ဗူးကို လွမ္းေပးကာ ခ်ိဳသာစြာ ေျပာလိုက္သည္။
"ေမာင္ႀကိဳက္တတ္တဲ့ နန္းႀကီးသုတ္။"
"ေက်းဇူး သည္းေလး။ ေမာင္ ဘာမွမစားပဲထြက္လာတာ။ "
ေကာင္းကင္လင္းသည္ အေခၚအေဝၚေတြ ေျပာင္းေနေသာ စုံတြဲကို ၾကည့္ကာ သံသယတို႔ တလွိမ့္လွိမ့္ႏွင့္ ဝင္လာခဲ့သည္။ ဟိန္းထက္ကေတာ့ သူတို႔ကိုတခ်က္ၾကည့္ၿပီး သူတို႔ဆက္ဆံေရးက သာမန္သမီးရည္းစားထက္ ပိုသည္ကို သိလိုက္သည္။ ေကာင္းကေတာ့ စကားမေျပာပဲ ျပတင္းအျပင္ကို ေငးကာ နားစြင့္ေနသည္။ ခ်က္ခ်င္း လူစည္ကားသည့္ သႀကၤန္ပြဲက မိမိနွင့္ မသက္ဆုိင္ေတာ့သလို ခံစားလိုက္ရသည္။ အထီးက်န္ျခင္းက ေကာင္းကင္လင္း၏ ရင္ထဲ စိမ့္ကာ ျပန္႕လာခဲ့သည္။
ေဒါက္တာၿဖိဳးသည္ ေနာက္ၾကည့္မွန္မွ တဆင့္ညီ့ပုံကို ၾကည့္ကာ ျဖည္းျဖည္းခ်င္းဖြင့္ေျပာရန္ ဆုံးျဖတ္လိုက္သည္။ ခ်က္ခ်င္းသိသည္ထက္ ႀကိဳသိထားတာ ေကာင္းအတြက္ ပိုၿပီးခံႏိုင္ရည္ရွိလိမ့္မည္။
ၿမိဳ႕ပတ္ကာ ေလွ်ာက္ၾကည့္ၿပီး မမခိုင္၏ အသိ မ႑ပ္မ်ားတြင္ ေရဝင္ပက္သည္။ စတုဒီသာ စားၾကသည္။ ေရာက္ေလရာတြင္ ေကာင္မေလးမ်ားက ကိုကိုႏွင့္ ကိုဟိန္းကို ဝိုင္းကာ ေရပက္ၾကသည္။ တေနရာတြင္ ကိုဟိန္း အိုးမဲ အသုတ္ခံရသည္။ ေကာင္းကင္လင္းသည္ ကိုကိုၿဖိဳးတို႔ကို ေမ့ကာ တဟားဟားရယ္မိသည္။ ကိုဟိန္းပုံကို ဓါတ္ပုံ႐ိုက္ကာ မွတ္တမ္းတင္ထားမိသည္။
ဟိန္းထက္သည္ ေဒါက္တာတို႔စုံတြဲမွ ေကာင္း ကိုအာ႐ုံလႊဲရန္တမင္ပင္ အိုးမဲသုတ္ရန္သြားေျပာထားသည္ကို ေကာင္းမသိပါ။ ကစားေနေသာ ေကာင္မေလးမ်ားကို သြားေတာင္းဆိုကာ ညီေလး ေပ်ာ္ေအာင္လုပ္ေပးခ်င္လို႔ ဝိုင္းၿပီး အိုးမဲသုတ္ေပးၾကပါ။ မိမိက ဟန္ေဆာင္ေျပးရင္း အသုတ္ခံပါ့မည္လို႔သြားေတာင္းဆိုေတာ့ ေကာင္မေလးမ်ားကပင္ သိတ္ခ်စ္တတ္တဲ့ အကိုပဲဟု ခ်ီးက်ဴးခဲ့ၾကၿပီးစိတ္ေရာကိုယ္ပါ ကူညီေပးခဲ့ၾကသည္။
တကယ္လည္းထိေရာက္ပါသည္။ ေကာင္း ေပ်ာ္သြားသည္။ တမနက္လုံး မ်က္ႏွာမေကာင္းရာမွ ၾကည္လင္႐ုံသာ မက ဟက္ဟက္ပက္ပက္ရယ္ေမာသည္အထိကို ေပ်ာ္သြားသည္။
ေဒါက္တာၿဖိဳးသည္ ညီေလး ေပ်ာ္ေနသည္ကို ၿပဳံးကာ ၾကည့္မိေတာ့ ခိုင္ကလွမ္းၾကည့္ကာေျပာသည္။
"ကိုဟိန္းထက္က ေကာင္းကို တကယ့္ကို ခ်စ္တာပဲေနာ္။ အႏြံတာ ခံၿပီးကို ခ်စ္တာ။သူ႔အခ်စ္ကို ရတာ ေကာင္းေလး ကံေကာင္းတယ္ "
ေဒါက္တာၿဖိဳးဆတ္ခနဲျဖစ္သြားသည္။ ခိုင္ကို ငုံ႔ၾကည့္ကာ
"ခိုင္ဆိုလိုတာ..."
"အင္းေလ။ ဆရာ မရိပ္မိဘူးလား။ ေကာင္းေလး မ်က္ႏွာကိုတခ်က္မွ အညႇိဳးမခံဘူး။ ဆရာေတာင္ ကိုယ့္ညီကို အဲ့ေလာက္ က႐ုစိုက္လို႔လား။ "
ေဒါက္တာၿဖိဳး ထိုအခါမွ သတိထားမိသည္။ ဟိန္းထက္က ေကာင္းေလးကို ခ်စ္ေနတာပါလား။ ေကာင္းကေတာ့ ခင္မင္႐ုံထက္ပိုသည့္ပုံမေပၚပါ။ သို႔ေသာ္ ဟိန္းထက္ေၾကာင့္ ေကာင္းေလး ပိုၿပီးရယ္ၿပဳံးလာတာေတာ့ ေသခ်ာသည္။ မိမိက အနာဂါတ္အတြက္ အလုပ္မ်ားေနစဥ္ မိမိ၏ ရတနာေလးကို အနားကပ္ကာ အလစ္သုတ္တာ ခံရေတာ့မလိုိ႕။
မျဖစ္ဘူး။ ဟိန္းထက္ကို ေကာင္းကင္လင္းနား မကပ္ေအာင္ လုပ္မွ။ ဒါေပမယ့္ လူဆိုတာ တားျမစ္မွ ပိုလုပ္ခ်င္ရင္ခက္မည္။ ေကာင္းကင္လင္း က ဆယ္ေက်ာ္သက္ဆိုေတာ့ အႀကမ္းနည္းထက္ အနုနည္းကို သံုးတာ ပိုထိေရာက္လိမ့္မည္။ ေဒါက္တာေဝယံျဖိဳး၏ မ်က္ဝန္းထဲတြင္ ေအးစက္စက္ အရိပ္တို႕ လက္ခနဲျဖစ္သြားျပီး မိမိ ခ်စ္ေသာ ကေလးနားကို ကပ္ေနသည့္ ေကာင္ကို ပညာေပးဖို႕ အကြက္ခ်ေနလိုက္သည္။
===============================
Chapter (17) - ကိုကို သားကို ချစ်သေးရဲ့လား....
ကောင်းသည် အခန်းထဲရောက်သည်အထိ မျက်ရည်ကျနေသေးသည်။ ကိုကိုဖြိုးမလာခင် အထိ တင်းထားသည့် စိတ်များက ကိုကိုဖြိုးကို တွေ့သည်နှင့် အလိုလိုလှိုက်လှိုက်လှဲလှဲကို ဝမ်းနည်းလာမိသည်။ ကိုကို့ကို အားကိုးထား ကာမှ သူ့ချစ်သူနှင့် မေမြို့တက်တာ မခေါ်ပဲထားပစ်ခဲ့သည့်အပြင် တညတာ သူစိမ်းတယောက်နှင့်အတူ အိပ်ရတာ ကို ဝမ်းနည်းလို့မဆုံးတော့ပေ။ အခု မိန်းမ မရသေးတာတောင် မိမိကို ပစ်ထားတာ မိန်းမများရလျှင် မိမိဘေး မည်သူမှ ရှိမည် မဟုတ်တော့သည်ကိုလည်းတွေးမိကာ ပိုပိုဝမ်းနည်းလာခြင်းဖြစ်သည်။
"ကောင်း...မငိုပါနဲ့ကွာ။ကိုကို ပြန်ရောက်လာပြီလေ။ ကလေးလည်း မဟုတ်ပဲနဲ့။"
ဒေါက်တာဖြိုးသည် ကောင်းကင်လင်း၏ မျက်ရည်များကို တွေ့သော် အသာသုတ်ပေးပြီး ချော့လိုက်သည်။ ကောင်းကင်လင်း ဝမ်းနည်းသည်ကိုနားလည်ပါသည်။ အားကိုးရသော အကိုနှင့်တညတာ ခွဲရတာ သူ့အတွက် ဘယ်လောက်ဝမ်းနည်းမည်ကို သိပါသည်။ သူ့ကို ဟိန်းထက် ရေချိုးဖို့လုပ်ပေးတော့ ကောင်းကင်လင်း အနေခက် နေသည်ကို မိမိအသိဆုံးဖြစ်သည်။ သူစိမ်းတစ်ယောက်ရဲ့ အထိအတွေ့က သူ့ကိုစိတ်ရှု့ပ်ပေလိမ့်မည်။ ဖြစ်နိုင်လျှင် သူ့ဘေးတွင် ဘယ်သူ့ကိုမှ မထားချင်ပဲ ကိုယ်တိုင်လုပ်ပေးချင်ပေမယ့် ဒေါက်တာဖြိုးက ရှေ့ဆက် ကောင်းလေးရဲ့ဘဝကို ဘေးကင်းလုံခြုံအောင်ထားနိုင်ဖို့ ရန်သူကို အမြစ်ပြုတ်ရှင်းရမည်ဖြစ်လို့ ရင်နာနာနှင့် သူစိမ်းလက်ထဲ ထားခဲ့လိုက်ရသည်။ တော်သေးသည်။ ဟိန်းထက်ဆိုသည့် ကောင်လေးရဲ့ နောက်ကြောင်းကို မိမိ သေချာစုံစမ်းထားပြီးဖြစ်လို့ တော်သေးသည်။
"ကိုကို မကောင်းတာပါ။ ကောင်းကို ကိုကို တမင်ပစ်ထားတာ မဟုတ်ပါဘူး။ ဒီလို ကားပျက်မယ်မှန်းသိရင် ကိုကို သားကိုပါ ခေါ်သွားတယ်။ ကိုကို မကောင်းတာပါ။ ကိုကို့ကိုခွင့်လွှတ်ပေးပါနော်။ "
ကောင်းသည် ရုန်းကန်သည်ကို လျှော့ပြီး ကိုကို့ကို ရင်ခွင်ထဲတွင် ခေါင်းတိုးကာ ငိုချလိုက်တော့သည်။ ဒေါက်တာဖြိုးက ကလေးလေးကို ချော့သလို ကျောကိုပွတ်ပေးပြီး ချော့သည်။
ကောင်းကင်လင်းက သူ ပြောသည်ကို ဂရုမစိုက်ပဲ ရှိုက်ကာရှိုက်ကာ ငိုနေသဖြင့် ဒေါက်တာ ဖြိုး သူ့ရှေ့တွင် ဒူးထောက်ကာ ချော့လိုက်သည်။
"ကောင်း..လိမ္မာပါတယ်ကွာနော်။ မငိုပါနဲ့တော့။ ကောင်း အခုလို ငိုနေတော့ ကိုကို စိတ်မကောင်းဖြစ်တာပေါ့။ ပြီးတော့ ငိုရင် ကောင်းလေး ရုပ်ဆိုးသွားလိမ့်မည်။ ဒါဆို ကောင်းကို ဘယ်ကောင်မလေးမှ မကြိုက်ပဲ နေလိမ့်မယ်။ "
ကောင်းကင်လင်းသည် ဒေါသနှင့် ဝမ်းနည်းစိတ်ရောကာ ငိုနေကာမှ သူ့စကားကြောင့် ဒေါသအားလုံး သူ့ဘက်ကို ပုံကျ သွား ဒေါသနှင့်ကြည့်ကာ ရန်လုပ်လိုက်သည်။
"ကို...ကို..သားကို ဒေါသထွက်...သေစေချင်...လို့ ရန်စနေတာ...လား.."
ကောင်းကင်လင်း အံကြိတ်ကာ ရှိုက်ရင်းမေးလိုက်သည်။ တကယ့်ကို ကိုကို့ကို ကိုက်ဖဲ့ပစ်လိုက်ချင်သည်။ တညလုံး ပစ်ထားခဲ့ပြီး အခု နာရီဝက်လေး ချော့ရသေးသည်။ စိတ်မရှည်တော့ပေ။ သေချာပါပြီ။ ကိုကိုက မမခိုင်ကိုပဲ အာရုံရောက်ကာ သူ့ကို စွန့်ပစ်ချင်နေပါပြီ။ ကိုကို ... သူ့ကို မလိုချင်တော့ဘူးထင်သည်။
ဒေါက်တာဝေယံဖြိုးသည် ဒေါသတကြီး အော်နေရာမှ ငြိမ်ကျသွားပြီး သူ့ကို စူးနင့်နာကျင်စွာ စိုးထိတ်စွာကြည့်နေသည့် မျက်ဝန်းများကို တွေ့လိုက်ရစဉ် ကောင်းကင်လင်း၏ ရင်ထဲမှာ ကြောက်ရွံ့စိတ်တို့ တဖန်ပြန်ပေါ်လာသည်ကို ရိပ်မိလိုက်ကာ ဘာမှမပြောတော့ပဲ ကောင်းကင်လင်းကို ချက်ချင်းပွေ့ချီကာ ဟော်တယ်ခန်းထဲကို ခေါ်လာခဲ့တော့သည်။
" ရ...ရတယ်...ကိုကို.... သား... အဆင်ပြေတယ်... မမ... မမခိုင်...ကိုကိုဖြိုးကို ...စောင့် ..နေ...ပါ့..မယ် "
ထိုစကားကို ပြောနေရင်း ကောင်းကင်လင်း မအောင့်နိုင်ပဲ ရှိုက်လာခဲ့သည်။ ကောင်းကင်လင်းကို ပွေ့ချီရင်း ဒေါက်တာဝေယံဖြိုး ဓါတ်လှေကားထဲ ဝင်လာရင်း တီးတိုးရယ်ကာ ပြောလိုက်သည်။
" ခိုင်စောင့်နေရုံမကလို့ ဘာဖြစ်ဖြစ်... ကိုကို့ညီလေးလောက် ဘယ်သူက ပိုအရေးကြီးဦးမှာလဲ... အရူးလေး... မင်း ခုထိ ကိုကို့ စိတ်ကို မသိသေးဘူးလား.. "
ကောင်းကင်လင်း ဘာမှဆက်မပြောတော့ပါ။ ကိုကို့စကားကြောင့် ရှိုက်ကြီးတငင်ငိုချလိုက်ချင်ပေမယ့် ဓါတ်လှေကားထဲ အခြားဧည့်သည်များလည်း ရှိသဖြင့် ပါးစပ်ကို လက်နှင့် အုပ်ကာ တီးတိုးရှိုက်နေမိသည်။
ဒေါက်တာဝေယံဖြိုးက ခုနှစ်ထပ်မြှောက်ကိုရောက်တော့ ဓါတ်လှေကားထဲက ထွက်ပြီး ကောင်းကင်လင်း၏ အခန်းသို့ တန်းလာခဲ့သည်။ ဟိန်းထက်က သူ့အခန်းက အထွက် ဒေါက်တာဝေယံဖြိုးတို့ ညီအစ်ကိုနှင့်တိုးသောကြောင့် အခန်းတံခါးကို ကူဖွင့်ပေးလိုက်သည်။
" ကျေးဇူးပဲ မောင်ဟိန်းထက်... ကိုယ် ညီလေးကို ချော့လိုက်ဦးမယ်။ မင်း သွားစရာရှိတာ အရင်သွားထားနှင့်လိုက်။ ကိုယ့်ကားသော့ကို ခိုင့်ဆီမှာ တောင်းသွားလိုက်နော်။ ကိုယ်တို့ ညနေ ကျုံးကို ခဏပတ်ရင်း ရွှေဘဲမှာ ညစာသွားစားကြမယ်... အဆင်ပြေလား "
"ရပါတယ် ဒေါက်တာ... ကျွန်တော် ဘယ်မှ သွားစရာမရှိပါဘူး။ ဒီနား ခဏလမ်းလျှောက်ကြည့်ရုံပါ... "
ဟိန်းထက်က ဒေါက်တာဝေယံဖြိုးရင်ခွင်ထဲက ငိုနေသည့် ကောင်းကင်လင်းကို တချက်ကြည့်ကာ စိတ်မကောင်းစွာဖြင့် ထွက်လာခဲ့ရသည်။
" ကောင်းလေးရေ... မင်းလေး မငိုပါနဲ့ကွယ်။ မင်းလေးပျော်အောင် ကိုယ် ဘာမဆို လုပ်ပေးချင်ပါရဲ့။ ကိုယ့်ကို တခွန်းသာပြောလိုက်၊ ဓူဝံကြယ်တောင် ဆွတ်ပေးလိုက်ချင်ပါရဲ့ကွာ "
ဟိန်းထက်က သက်ပြင်းရှိုက်ကာ ပိတ်သွားသော တံခါးလေးကို ကြည့်ပြီး အောက်ကို ဆင်းလာခဲ့သည်။ ပထမ ကောင်းကင်လင်းကိုခေါ်ပြီး မန်းလေးတောင်ဘက် အေးဆေးသွားမလို့ကြံထားပေမယ့် သူ့အစ်ကိုရောက်လာတော့ တောက်တဲ့လေးလုပ်နေသဖြင့် မိမိမှာ တကိုယ်တည်း ထွက်လာရတော့သည်။
ဟိုတယ်ခန်းထဲသို့ရောက်သော် ဒေါက်တာဝေယံဖြိုးက ကောင်းလေးကို အိပ်ယာထက်တွင် တင်ပေးပြီး အဲယားကွန်းကို ဖွင့်ပေးလိုက်သည်။ ပြီးတော့ ကောင်းလေး၏ ဘေးတွင်ကပ်လျက်လှဲအိပ်ကာ အနောက်မှ သိုင်းဖက်ထားလိုက်သည်။ ဒေါက်တာဖြိုး၏ ရင်ဘတ်နှင့် ကောင်းကင်လင်း၏ ကျောတို့ ထိကပ်နေပြီး ကိုကိုဖြိုးဆီက ယောကျာ်းပီသသည့် ရနံ့ဖျော့ဖျော့ကို ရလိုက်ကာ ကောင်းကင်လင်း စိုးရိမ်ပူပန်မှုများ ပျောက်သွားသလို ခံစားလိုက်ရသည်။
" ကောင်းလေး... ကိုကိုတောင်းပန်ပါတယ်ကွယ်။ နောက်တခါ ဘယ်တော့မှ မဖြစ်စေရဘူး။ ဟုတ်ပြီလား။ ကိုကို ကောင်းလေးကို ထားပြီး ဘယ်မှမသွားတော့ဘူး "
" အဲ့လိုပြောပြီး အမြဲ မမခိုင်နဲ့ထွက်သွားတာချည်းပါပဲ... "
ကောင်းကင်လင်း ရှိုက်ငင်ရင်း တိုးတိုးပြောလိုက်သည်။
" မလွဲသာလို့ပါကွယ်။ ကိုကို ကလေးနားမှာပဲ အချိန်ပိုပေးပြီးနေတော့မယ်နော်.. ဟုတ်ပြီလား "
" ဟင့်အင်း... မဖြစ်ဘူး "
ဒေါက်တာဝေယံဖြိုးက ကောင်းကင်လင်း၏ အငြင်းစကားကြောင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
" ဘာကြောင့်လဲ... ဘာကြောင့် ကိုကို့ကို ကောင်းလေးရဲ့နားမှာ မနေစေချင်တာလဲ... ဘာလဲ.. ကောင်းလေးက ဟိန်းထက်ကို နေစေချင်လို့လား "
ဒေါသတရားတို့က ရင်ထဲ ပျံ့လာပြီး ဒေါက်တာဝေယံဖြိုး မေးလိုက်သည်။
ကောင်းကင်လင်းက အံကြိတ်ကာ ပြောလိုက်သည်။
" ကိုကို့ဆီမှာ မမခိုင်ရှိနေပြီပဲ။ သားရဲ့ဘေးမှာလည်း တယောက်ယောက် ရှိသင့်ပြီ ထင်ပါရဲ့... "
ထိုစကားကိုကြားလိုက်သည်နှင့် ဒေါက်တာဝေယံဖြိုးက စိတ်မထိန်းနိုင်တော့ပဲ ကောင်းကင်လင်းကို သူ့ဘက်ဆွဲလှည့်ကာ အပေါ်မှ စီးမိုးကာ ကြည့်လိုက်ပြီး ထပ်မေးလိုက်သည်။
" ခုနက စကားကို ပြန်ပြောလိုက်စမ်း... မင်းရဲ့ဘေးမှာ ဘယ်သူ့ကို ရှိစေချင်တာလဲ... "
ကောင်းကင်လင်းသည် ကိုကိုဖြိုး၏ ဒေါသမထွက်စဖူး အထွက်ထူးသည့် ပုံကြောင့် ကြောင်အ သွားပြီး မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။ ကိုကိုဖြိုး ဒေါသထွက်လျှင် ကောင်း အလိုလို ငိုချင်လာသည်။ ကိုကို့ဒေါသကို ရင်မဆိုင်ဝံ့ပေ။
" ကိုကို့...မှာ... မမခိုင် ရှိနေပြီ။ နောင်ဆို သားက ကိုကို့နားမှာ အမြဲတွယ်ကပ်နေလို့ မရတော့ဘူး... ဒါ..ဒါကြောင့်.... "
" တော်တော့။ ပေါက်ကရ လျှောက်မပြောနဲ့... ကိုကိုက သားရဲ့ဘေးမှာ တစ်သက်လုံးနေသွားမယ်လို့ ကတိပေးထားတယ်လေ။ မေ့သွားပြီလား "
ကောင်းကင်လင်းသည် နဖူးပေါ်ကျလာသည့် အနမ်းနွေးနွေးကြောင့် ငိုသွားချင်သည်။
" ဒါပေမယ့်... ကိုကိုက အိမ်ထောင်ပြုမှာပဲ မလား။ သား... သားက လူပိုဖြစ်... "
" ဆက်မပြောနဲ့။ ကောင်းလေးက ဘယ်တော့မှ လူပိုမဟုတ်ဘူး။ ကောင်းက ကိုကို့အတွက် အရေးအကြီးဆုံးလူသား။ ကိုကို့နားမှာတသက်လုံး ခေါ်ထားမှာ... ကောင်းရော..ကိုကို့နားမှာ နေချင်ရဲ့လား "
ထိုစကားကိုကြားတော့ ကောင်းကင်လင်း မအောင့်နိုင်တော့ပဲ ကိုကိုဖြိုး၏ အင်္ကျီရင်ဘတ်စကို ဆုပ်ကိုင်ကာ ငိုချလိုက်တော့သည်။
" သား ကြောက်တယ်။ သားကို ကိုကို ထားသွားမှာ အရမ်းကြောက်တယ်။ သားကြောင့် ကိုကို အနှောက်ယှက်ဖြစ်မိမှာလည်း ကြောက်တယ်။ ကိုကို သားကို မချစ်တော့မှာကိုလည်း ကြောက်တယ်။ "
ကောင်းကင်လင်းက တကယ့်ကလေးလေးလို ငိုကြွေးနေသဖြင့် ဒေါက်တာဝေယံဖြိုးက ကောင်းလေး၏ မျက်ရည်များကို အနမ်းဖြင့် သုတ်ပေးကာ ပြောလိုက်သည်။
" ကိုကို ကောင်းလေးကို ဘယ်တော့မှ ထားမသွားဘူး။ ဟုတ်ပြီလား။ ကိုကို့အချစ်ဆုံးက ကောင်းလေးပဲ... ဒါကို မြဲမြဲမှတ်ထားနော် "
ကောင်းကင်လင်း ပျော်လွန်းလို့ထပ်ပြီး ငိုမိပြန်သည်။ ကိုကိုဖြိုး အိမ်ထောင်ပြုကာ ခွဲကာမှ ခွဲသွားပါစေ။ လောလောဆည် ကိုကို့ဆီက ခုလို အပြောလေးတွေကြား ကောင်း ပျော်မွေ့ချင်ပါသေးသည်။
" ကိုကို သားကို ချစ်သေးရဲ့လားဟင်..."
" ချစ်တယ်။ အခုရော နောင်ရော အမြဲတမ်းချစ်သွားမယ်.... "
ဒီစကားလေးတွေကြောင့် ကောင်းကင်လင်း၏ သောကများ လုံးလုံးပျောက်သွားခဲ့ရလေပြီ။
ဒေါက်တာဖြိုးသည် ကောင်းကို ချော့ကာ အငိုတိတ်သွားတော့မှ မိမိဝယ်လာသည့် လက်ဆောင်များကို ပေးသည်။ ကောင်းသည် ကိုကိုဝယ်ပေးသည့်လက်ဆောင်ဆွယ်တာကို သဘောကျနေသည်။ မန်းလေးက အရမ်းပူနေသော ကြောင့်ဝတ်လို့မရသည်ကို စိတ်တိုနေသည်။ ပြီးတော့ ကိုကိုဖြိုးဝယ်လာသည့် မလိုင်မုန့်ကိုနည်းနည်းမြည်းကြည့်ကာ ပြုံးနေသည်။ ခဏက ငိုထားတာ သူမဟုတ်သည့်အတိုင်းပင်။
ငိုပြီးစ မိန်းကလေးတွေက အင်မတန်ကိုစွဲဆောင်မှုရှိသည်ဟု စာထဲတွင် ဖတ်ဖူးသော်လည်း အငိုတိတ်ပြီး မျက်တောင် များတွင် မျက်ရည်စ မခြောက်တခြောက်နှင့် ကောင်းလေး၏ အပြုံးကတော့ ဒေါက်တာဝေယံဖြိုးကို အကြည့်မလွဲအောင် ဆွဲဆောင် နိုင်တာတော့ သေချာသည်။
ဟိန်းထက်သည် အွန်လိုင်းပေါ်ရော၊ အပြင်တွင်ရော တင်းမာချင်ယောင်ဆောင်နေသော ကောင်းကင်လင်း၏ နူးညံ့ကာ အားငယ်တတ်သော အတွင်းစိတ်လေးကို တွေ့ကာ ပိုလို့သနားသွားသည်။ ပြီးတော့ ပိုလို့ချစ်မိသွားသည်။
ကောင်း၏ မျက်ရည်တစ်စက်က ဟိန်းထက်၏ ရင်ကို ဆတ်ဆတ်ခါအောင်နာစေတာ ဘာကြောင့်ပါလဲဟု ဟိန်းထက် လေးလေးနက်နက်မတွေးမိလိုက်ပေ။ သေချာတာကတော့ ကောင်းကို မိမိအရင်ကထက် ငြိတွယ်သွားလေပြီ။ ကောင်းက မိမိအသက်။ မိမိအသက်ထက်ကို ကောင်းကို ပိုအလေးထားမိသွားလေပြီ။ ကောင်းကို နောက်တခါ မငိုအောင် မိမိအစွမ်းကုန်လုပ်ပေးမည်ဟု ဆုံးဖြတ်လိုက်မိသည်။
ညနေစာစားဖို့ ထွက်လာစဉ် ကောင်းကင်လင်း၏ အပြုံးကို တွေ့တော့ ဟိန်းထက် မခံနိုင်တော့သဖြင့် မျက်နှာလွှဲကာ လက်သီးကို ကျစ်ကျစ်ပါ အောင် ဆုပ်ထားမိတော့သည်။ ရင်ခုန်သံမြန်ကာ မိမိမျက်နှာပါ ပူလာသည်ကို ခံစားမိတော့ ဒေါက်တာဖြိုး ရိပ်မိ မည်စိုးသဖြင့် ကောင်းကင်လင်းကိုပင် သိပ်မကြည့်ဝံ့ပေ။ညစာစားပြီး ပြန်လာတော့
ဒေါက်တာဖြိုးသည် ညီဖြစ်သူကို ပြောပြီးတော့ ကိုဟိန်းထက် အခန်းကို ကူးလာခဲ့သည်။ ဟိန်းထက်က အခန်း ပြတင်းပေါက်တွင်ရပ်ကာ အရှေ့မှ မြင်နေရသည့် ရှမ်းရိုးမတောင်တန်းကို ငေးကြည့်နေသည်ကိုတွေ့တော့ အသံပြုလိုက်ည်။
"ကိုဟိန်းထက်..ကျွန်တော် ဝင်လာပြီနော်။"
"ဟုတ်ကဲ့ ဒေါက်တာ။ "
"ဒါ ကိုဟိန်းထက်အတွက် လက်ဆောင်။ ဆွယ်တာ.."
"ဟာ မဟုတ်တာ ဒေါက်တာရယ်။ ရပါတယ်။ "
"ကျွန်တော့်ညီလေးကို ကူထိန်းပေးတာ ကျေးဇူးဗျာ။ ကိုဟိန်းပါလာလို့ပေါ့။ မဟုတ်ရင်ကျွန်တော် ပူနေရမှာ။ အင်း..ကလေးက ကျွန်တေ်ာ့ကို အရမ်းခင်တွယ်လွန်းလို့ ကိုဟိန်းအပေါ် ဒေါသတွေ ဖောက်ခွဲလိုက်တာ တောင်းပန်ပါတယ်ဗျ။ ကောင်းလေးက လူဆိုးလေးတော့မဟုတ်ပါဘူး။"
"ကျွန်တော် သိပါတယ် ဒေါက်တာ။ သူက လူကောင်းလေးပါ။ "
ဟိန်းထက်သည် ဒေါက်တာကမ်းပေးသည့်လက်ဆောင်ကို လှမ်းယူရင်း တိုးတိုးလှမ်းပြောလိုက်မိသည်။ ဒေါက်တာဖြိုးသည် ဟိန်းထက်၏ လေသံမှ စေတနာတချို့ကိုလှမ်းတွေ့လိုက်ရသဖြင့် စိတ်အေးသွားသည်။
"တော်သေးတယ်ဗျ။ ကောင်းလေးကို အဖော်လုပ်ပေးတာ။ ကောင်းလေး ပြောပြတယ်။ သူသွားချင်တဲ့နေရာအားလုံး စိတ်ရှည်လက်ရှည်လိုက်ပို့ပေးတယ်တဲ့။ ကောင်းလေးဒဏ် ဘယ်လောက်ခံလိုက်ရမလဲ သိပါတယ် ဗျာ။ ကောင်းလေး ရဲ့ ချီးကျူးစကားကြားရခဲတယ်။ သူက ပြောသေးတယ်။ ကျွန်တော့်ထက်ကို စိတ်ရှည်တယ်တဲ့။ ကဲ ခင်ဗျားတော့ မလွယ်တော့ဘူး ကိုဟိန်း။ ထန်းပင်တက် လက်မှတ်ရသွားပြီ။ သူ ခင်ဗျားကို နှိပ်စက်တော့မယ်။"
ဟိန်းထက် ဝမ်းသာသွားသည်။ ပျော်သည်။ ရင်ထဲတွင် ကောင်းလေး၏ ချီးကျူးစကားတို့ကာ လှည့်လည်ကာ ထခုန်ချင် သလို ဘာလိုလိုဖြစ်လာမိသည်။ ဟိန်းထက်၏ မျက်နှာက ပြုံးလာပြီး ဒေါက်တာဖြိုးကို ပြောလိုက်သည်။
"ကောင်းလေး ပျော်မယ်ဆိုရင် ကျွန်တော် ကျေနပ်ပါတယ် ဒေါက်တာ။ "
ဒေါက်တာဖြိုးသည် ဟိန်းထက်ကို သဘောကျကာ ပုခုံးကိုပုတ်ကာ အသောလေးနှင့်ပြောလိုက်သည်။
"အင်း..သင်္ကြန်ရက် အတွက် ဘုရားသာ တ ထားပေတော့ဗျို့။"
ဟိန်းထက် ပြုံးရုံပြုံးမိသည်။ လှပသော နေ့ရက်များအတွက် ကံတရားကို ဟိန်းထက် ကျေးဇူးတင်မိသည်။
"မင်းပျော်မယ်ဆိုရင် ကိုယ့်အသည်းနှလုံးကိုထုတ်ပြီး မင်းခြေရင်းကို ချပေးဝံ့ပါတယ် ကောင်းကင်ကေလေးရယ်။"
ဟိန်းထက်သည် ဒေါက်တာဖြိုး၏ စကားကြောင့် ကျေနပ်ကာ ပြုံးပြုံးကြီးလုပ်နေမိသည်။ မိမိအပေါ် ကောင်းကင်လင်း ဆိုးနွဲ့မည်ဆိုလျှင် ကြိုက်သလောက်ဆိုးနွဲ့ပါစေ ခံမည်။ ဒါက ဝဋ်ကြွေးဆိုလည်း မိမိအတွက် ချိုမြိန်တဲ့ ဝဋ်ကြွေးလေးပဲ ပေါ့။ မိမိကိုယ်တိုင်က လိုလိုလားလားနှင့်လက်ခံချင်သော ဝဋ်ကြွေးလေးပဲဖြစ်ပါသည်။
-----------------------
မြန်မာ့ယဉ်ကျေးမှုနှင့်အညီလုပ်ဆောင်သော ၂၀၁၇ မန္တလေးမြို့၏ ပထမဆုံး လမ်းလျှောက်သင်္ကြန်ကို ကောင်းကင်လင်း နှင့် အတူဆင်နွဲရမည် ဆိုသောကြောင့် ဟိန်းထက် အရမ်းကို တက်ကြွနေမိသည်။ ဟိုတယ်ဧည့်ကြို ကောင်တာမှ ဝန်ထမ်းမလေးများကိုမေးပြီး ကားနှင့် ၆၆ လမ်းနှင့် ၂၆ ထောင့်သို့လာခဲ့ပြီး ပါကင်ထိုးကာ ကောင်းကို ဘီးတပ်ကုလားထိုင်ပေါ်တွင် တင်ကာ တွန်းလာခဲ့သည်။ ဒေါက်တာဖြိုးက သူတွန်းမည်လုပ်သော်လည်း ဟိန်းထက်က သူတွန်းပါရစေဟု တောင်းဆိုသောကြောင့် ဒေါက်တာဖြိုးခေါင်းငြိမ့်လိုက်ရသည်။
ကောင်းကင်လင်းသည် နံနက် ၈ နာရီကတည်းက ကျုံးဘေးတွင် စည်ကားစပြုလာသော လူအုပ်ကြီးကို ကြည့်ကာ ပျော်နေသည်။ လက်ထဲမှ ရေသနတ်ဖြင့် တွေ့သည့် သူကိုရေပက်သည်။ တချို့ကလည်း ကောင်းကို ရေပြန်ပက်သွား ကြသည်။ ကောင်းကင်လင်းသည် အူလှိုက်သည်းလှိုက်ကို ပျော်နေသည်။ မျက်နှာတွင် သောကအရိပ်တို့ စိုးစဉ်းမျှ မထင်ပဲ တိမ်ကင်းသောလမင်းလို ပြုံးနေသည်။ ဟိန်းထက်သည် ကောင်း၏ အပြုံးကိုငေးကြည့်ရင်း ရင်ဝယ် နက်ရှိုင်းစွာ မှတ်မိအောင်မှတ်နေသည်။
အသက်ကယ်ဆေးကို စားနေသလို ကောင်းကင်လင်းရဲ့ အပြုံးကို စားသုံးနေမိသည်။ ကောင်းက ဆီဒိုးနား ဟိုတယ်ရှေ့ရှိ ပင်လုံးကျွတ်ပွင့်သည့် ငုပင်ကို တွေ့သောအခါ ရပ်ခိုင်းပြီး ဓါတ်ပုံရိုက်ခိုင်းသည်။
"ကိုကိြုဖိုးလာလေ။ သားနဲ့ အတူဓါတ်ပုံရိုက်မယ်။ ကိုဟိန်း ကျွန်တော်တို့ကို ဓါတ်ပုံရိုက်ပေးပါဦး။"
ဟိန်းထက်သည် သူကမ်းပေးသော ဖုန်းကိုယူကာ ညီအစ်ကို နှစ်ယောက်ကို ဓါတ်ပုံရိုက်ပေးသည်။ အရွယ်ကွာပေမယ့် အချောအလှချင်း တူညီသော ညီအစ်ကိုနှစ်ယောက်၏ အပြုံးတွင် ကောင်းလေး၏ အပြုံးက ပိုလှသည်ဟု ဟိန်းထက် ကိုယ့်ဘက်ကိုယ်ယက်ကာ တွေးလိုက်သည်။ ချစ်တာကိုး။ မိမိက ချစ်နေတော့ ကောင်းလေးက ပိုလှတာပေ့ါ။ ဟိန်းထက် ကိုယ့်ဖာသာတွေးပြီး ရယ်ချင်သွားမိသည်။
ကောင်းလေး စိတ်တိုင်းကျ ရိုက်ပေးပြီးဖုန်းကို ပြန်ပေးလိုက်သည်။ သူက ကလေးလေးလို ဖုန်းကို ပြန်ကြည့်ပြီး ကျေနပ်စွာ ပြုံးနေသည်။ ထို့နောက် ဟိန်းထက် မထင်သော အပြုအမူကို လုပ်လိုက်သည်။
"ကိုဟိန်းထက် အတူတူအမှတ်တရ ဓါတ်ပုံရိုက်ရအောင်ဗျာ။"
ကောင်းကင်လင်းက လှမ်းခေါ်လိုက်သောအခါ ဟိန်းထက် ဟန်ပင်မဆောင်နိုင်အောင်ဖြစ်သွားမိသည်။ ချက်ချင်း သူ့အနားကို တိုးသွားမိသည်။ ဒေါက်တာဖြိုးက ဖုန်းခေါ်နေရာမှ လှမ်းကြည့်ပြီး ပြောသည်။
"ကိုကိုရိုက်ပေးမယ်လေ..လာ .."
ကောင်းလေးက မျက်နှာစူပုတ်သွားပြီးပြောသည်။
"မရဘူး။ ကိုကိုလည်း လာရမယ်။ သုံးယောက်ပုံရိုက်မယ်။"
"အေးပါကွာ။"
ဒေါက်တာဖြိုးသည် ခေါ်လက်စဖုန်းကို ရပ်ကာ ကောင်းလေး၏ ဖုန်းကို လှမ်းယူပြီး အနီးမှ သင်္ကြန်လည်သည့်လူကို လှမ်းအကူအညီတောင်းလိုက်သည်။
"ကဲ....ပြုံးပြုံးလေး နေမယ်.... "
ဓါတ်ပုံရိုက်ပေးသည့်လူ၏ စကားသံအဆုံးတွင် ဟိန်းထက်ကောင်းလေး၏ ပုခုံးကို အသာလေး လက်တင်လိုက် မိသည်။ ကောင်းကင်လင်းက ပုတ်မချသဖြင့် တော်သေးသည်။ တစ်ပုံရိုက်ပြီးသည်နှင့် ဒေါက်တာဖြိုးထံ ဖုန်းဝင်လာ သဖြင့် ကောင်းကို ခွင့်တောင်းကာ ခပ်လှမ်းလှမ်းတွင် ဖုန်းသွားပြောနေသည်။
"ကျေးဇူးပဲ ခင်ဗျ။"
ဟိန်းထက်သည် ဓါတ်ပုံရိုက်ပေးသူကို ကျေးဇူးတင်စကားပြောကာ ဖုန်းကိုလှမ်းယူလိုက်သည်။ ဟိန်းထက်သည် မိမိဖုန်းကို ထုတ်ကာ ကောင်းကိုပြောလိုက်သည်။
"ကိုယ်တို့ နှစ်ယောက် အမှတ်တရ ဓါတ်ပုံရိုက်ရအောင်။ သင်္ကြန်လူအုပ်နောက်ခံနဲ့ ပြီးတော့ ဟိုမှ စတုဒီသာ ကျွေးနေတဲ့ရှုခင်း။ ကြည့်စမ်း။ ဘယ်လောက် မြန်မာဆန်လိုက်သလဲ။ တကယ့် မြန်မာ့ယဉ်ကျေးမှုရှုခင်းပဲကွ။ ဟိုးမှာကြည့်စမ်း။ ဒေါ်သီ သနပ်ခါးက သင်္ကြန်လည်တဲ့သူ မှန်သမျှကို သနပ်ခါးလိမ်းပေးနေတယ်။"
ဟိန်းထက်သည် သူ့အကိုဖုန်းပြောနေသည်ကို မျက်နှာစူပုတ်ကာ အလိုမကျသလိုကြည့်နေသော ကောင်းကင်လင်းကို အာရုံလွှဲပေးလိုက်သည်။ ကောင်းကင်လင်း က ထိုအခါမှ ကိုဟိန်းပြောသည်များကို ကြည့်ကာ ကိုကိုဖြိုးကို စိတ်ဆိုးသည်များ လျော့သွားသည်။ မိမိဖုန်းနှင့် ဓါတ်ပုံ တဖြတ်ဖြတ်ရိုက်ကာ အားလုံးကို မှတ်တမ်းတင်နေလိုက်သည်။ ပြီးလျှင် ပို့စ်တင်မည်။ ထူးခြားသည့် မြန်မာ့ယဉ်ကျေးမှုကို ဖော်ကြူးသည့် သင်္ကြန်ကို မိမိပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
မိသားစုလိုက် ခြေကျင်လည်သည့် လူများကိုကြည့်ကာ ကောင်းကင်လင်း အပျော်လေးများကူးစက်သွားသည်။ မိသားစုများ၊သူငယ်ချင်းများ သူ့အုပ်စုနှင့်သူ သွားနေသည်။ လွတ်လပ်သည်။ ပေါ့ပါးသည်။ လူစည်သည်။ သို့သော် မူးယစ်ရမ်းကားခြင်းမရှိ။ အေးဆေးစွာသွားလာနေသည်။ ကျုံးဘေးတစ်လျှောက်ရေပန်းများထားပေးထားသဖြင့် ရေမှုန်ရေမွှားလေးများက စိုရုံပက်ဖြန်းပေးနေသည်။
ကိုကိုဖြိုးဖုန်းပြောပြီးသည့်နှင့် ကောင်းကင်လင်းနှင့် ဟိန်းထက်အနားတွင်ပြန်လာပြီး ပြောသည်။
"လာ.... ဟိုတယ်နဲ့ ခရီးသွားလာရေး မှာ ကိုကို့သူငယ်ချင်းစောင့်နေတယ်။ သူတို့ဆီ သွားကြည့်ရအောင်။"
ဟိန်းထက်သည် ကောင်းကို တွန်းပေးပြီး အတူထွက်လာခဲ့သည်။ ကောင်မလေးများက ချစ်စရာအသားဖြူဖြူ ကောင်လေး နှင့် ဘီးတပ်ကုလားထိုင်ကို တွန်းပေးနေသော အသားလတ်လတ်နှင့် ကောင်လေးကို ငေးကြည့်ကာ တီးတိုးတီးတိုးပြောသွားကြသည်။
မိမိတို့နှစ်ယောက်ကို ကြည့်ပြီး ဘာလားဟု ထင်နေပုံရသည်။ အံမယ်။ ခပ်ရဲရဲကောင်မလေး တချို့က သူတို့ဖာသာ ဓါတ်ပုံရိုက်သလိုနှင့် မိမိတို့ကိုခိုးပြီး ဓါတ်ပုံရိုက်နေကြသေးသည်။ ကောင်းကင်လင်းက facebook ပေါ်တွင် Yaoi ဇာတ်လမ်း အဖတ်များသဖြင့် အကြားအမြင်ဗဟုသုတ များနေသော သူမှန်းသိကာ ရယ်ချင်သွားသည်။ ကိုဟိန်းကို မသိမသာ ငဲ့ကြည့်တော့ မိမိကို ကြည့်နေသည်နှင့် အကြည့်ခြင်းဆုံသွားပြီး ကောင်း ကြည်နူးသလို၊ ရင်ထဲ နွေးခနဲဖြစ် သွားသည်။
ကိုကိုဖြိုးဖုန်းဆက်လိုက်သည်နှင့် ကိုကို့သူငယ်ချင်း ရောက်လာပြီး စင်ပေါ်မှ သီချင်းဆိုသည်များကို ကြည့်ရင်းသူတို့ ဧည့်ခံသော ရွှေရင်အေးကို သောက်ကြသည်။ စင်ပေါ်မှနေပြီး များပြားစည်ကားလှသည့် ရောင်စုံလူများကို ငေးကြည့်ကာ ကောင်းအတွေးပွားနေမိသည်။
သြော်...ခြေထောက်ကောင်းသူများကတော့ လွတ်လပ်စွာ သွားလာနေကြသည်။ လူငယ်အုပ်စုများက သီချင်းတီးလုံးအလိုက် ခုန်ပေါက်ကနေကြသည်။ လူငယ်မိန်းကလေးများက လွတ်လပ်စွာရယ်မောနေကြသည်။ မိသားစုဝင်လိုက် လည်ကြသည်ကိုလည်းတွေ့ရသည်။ ဖေဖေ၊ ဖေဖေ၊ အကို၊ အမ သြော်၊ အဖိုးအဖွားပင် ပါသေးသည်။ ပျော်စရာကောင်းလှသည့် မိသားစုလိုက် ဆင်နွဲလို့ရသည့် မြန်မာ့ရိုးရာသင်္ကြန်ကို ငေးကြည့်ရင်း မိသားစု ဆိုတာကို ကောင်းကင်လင်း အတွေးပွားနေမိသည်။
ဘယ်လောက်တောင် ငေးနေမိသည် မသိတော့ မိမိကိုယ်ပေါ် ကျဆင်းလာသော ရေအေးအေးများကြောင့်မော့ကြည့်လိုက်တော့ ကိုဟိန်းထက်က ရေဖလားနှင့်မိမိကို လောင်းနေသည် မဟုတ်လား။
ကောင်း မျက်မှောင်တွန့်ကာသူ့ကိုမော့ကြည့်လိုက်သော အခါ သူက ရယ်ကျဲကျဲပြုံးကာ ကောင်းကို ချော့သည်။
"သင်္ကြန်တွင်းရေလောင်းလို့စိတ်ဆိုးရင် သိကြားမင်းက မှတ်သွားလိမ့်မယ်နော်။ ရော့ မကျေနပ်ရင် ပြန်လောင်း။"
ကောင်းကင်လင်းသည် ကိုဟိန်းကို ဒီလောက်တွေ့ဖူးတာ သူ့အပြုံးဒီလောက်ဆွဲဆောင်မှုရှိတာကို ယခုမှ သိလိုက်ရသည်။ သွားစွယ်ချွန်ချွန်လေးနှင့် အရမ်းကို ချိုသာသည့် အပြုံးကိုပိုင်ဆိုင်ထားသည့် ကိုဟိန်းထက်သည် ကောင်းကို ရေလောင်းနေသည်။ ကောင်းကင်လင်းသည် သူ့အပြုံးမှ မျက်နှာလွှွဲကာ နူတ်ခမ်းစူလိုက်ပြီး ပြန်ပြောလိုက်သည်။
"လောင်းမှာ။ ရေခပ်ပေး။ရေခဲရေနော်။"
ဟိန်းထက်သည် ကောင်းလေးကို ရယ်ဟဟနှင့်ကြည့်ကာ ချိုသာစွာပြောလိုက်သည်။
"ရတယ်။ အအေးဆုံး ရေတွေဖြစ်ရစေမယ် ကောင်းလေး။"
တကယ်ပင် ရေခဲတုံးနှင့် ရေခဲရေကို ခပ်လာပေးသည်။ ပြီးတော့ ကောင်းလေးလက်ထဲ ဖလားထည့်ပေးတော့ ကောင်းကင်လင်းက မော့ကြည့်ကာ
"ဒူးထောက်လေ။ ခင်ဗျားအရပ်က မိုးထိုးနေတာ။ မမှီဘူး။"
ဟိန်းထက် ရယ်လိုက်ကာ သူ့ရှေ့တွင် ဒူးထောက်ပေးလိုက်သည်။ ကောင်း ဘာလုပ်မည်ကို မိမိ ကြိုတွက်မိပြီးသားဖြစ်သည်။ ထင်သည့်အတိုင်း ရေခဲရေကို ခေါင်းမှာလောင်းချလိုက်သည်။ ဟိန်းထက် အပြုံးမပျက်ပါ။ ဂျစ်ကန်ကန်ကောင်လေးက သူလုပ်ချင်တာ လုပ်လိုက်ရလို့ ပျော်သွားသည်ကို သာ လိုချင်မိသည်။ နွားကျသည်ပဲ ဆိုဆို သူပျော်သည်ကို ပဲ လိုချင်မိတာ ဟိန်းထက်ရဲ့ လောဘပါ။ အခြားဘာမှ မလိုချင်ပါ။ ကောင်းကင်ရဲ့ အပြုံးက လွဲလို့ပေ့ါ။
"ကောင်း..ဘယ့်နှယ့် ကိုဟိန်းကို ရေခဲရေနဲ့ ခေါင်းလောင်းရသလား ဒီကလေးတော့လေ။"
ဒေါက်တာဖြိုးသည် သူငယ်ချင်းနှင့် စကားပြောနေရာမှ သူငယ်ချင်းက မိမိနောက်ကျကို ကြည့်ကာ ပြုံးလိုက်သဖြင့် လှည့်ကြည့်လိုက်စဉ် မိမိ၏ ချစ်လှစွာသော ညီတော်မောင်က ဟိန်းထက်ကို အနိုင်ကျင့်နေသည်ကို တည့်တည့်တိုးတော့သည်။
"အဟား...မင်းညီက တကယ့် ငဂျစ်လေးပဲကွ။ ချစ်တော့ချစ်စရာလေးကွ။ ငါ့မှာ ဒီလိုညီလေးတစ်ယောက်ရှိရင် အပျင်းပြေမှာပဲ။"
သူငယ်ချင်း သက်လွင်က ရယ်ရင်းပြောတာကို မချေပအားပဲ ကောင်းကင်လင်းအနားကို တိုးကပ်လာခဲ့သည်။
"ကိုဟိန်းက သားကို ရေအရင်လာလောင်းတာနော် ကိုကို။ သားကို လာမဆူနဲ့။"
ကောင်းက နူတ်ခမ်းဆူက ကြိုပြီးပြောလိုက်သည်။ အကို့မျက်နှာကြည့်ရတာ ကိုဟိန်းကို အားနာကာ မိမိကို ဆူရန် ဟန်ပြင်နေပုံရသည် မဟုတ်လား။
"ကောင်း မင်း လူကြိးကို ဒူးထောက်ခိုင်းပြီး ဘာလို့ ခေါင်းကနေ လောင်းရတာလဲ။"
"ကိုကိုနော်...သားကို ပဲ အပြစ်တင်နေတယ်။ "
ကောင်းကင်လင်း စိတ်တိုလာသည်။ ကိုကိုဖြိုးက မိမိကို ပစ်ထားပြီး ငေါက်ချင်မှ အနားလာသည် မဟုတ်လား။
"ကျွန်တော်က ကောင်းကို အရင်လောင်းတာပါ ဒေါက်တာ။ အခုကလည်း ကောင်းကို တမင်လောင်းခိုင်းတာပါ။ အိုက်နေလို့။"
ဟိန်းထက်က ရယ်ကျဲကျဲနှင့် ဒေါက်တာကို ပြောလိုက်သည်။ တော်ကြာ ကောင်းလေး စိတ်မကောင်းဖြစ်နေဦးမည်။ အခုတောင် သူလေး မျက်နှာပျက်ချင်နေပြီလေ။
ဒေါက်တာဖြိုးသည် ကောင်းကို တလှည့်၊ ဟိန်းထက်ကို တလှည့်ကြည့်ကာ ဆွဲထူ လိုက်ပြီး တိုးတိုးပြောလိုက်သည်။
"ကိုဟိန်းထက် ကောင်းကို အရမ်းအလိုမလိုက်နဲ့။ ခင်ဗျားသည်းခံရင် သူက ပိုဆိုးလာမယ်။"
"ရပါတယ် ဒေါက်တာ။ ကျွန်တော်က ညီလေး တစ်ယောက်လိုချင်နေတာ ကြာပြီ။ ကောင်းက လိမ်မာပါတယ် ဗျာ။ "
ဒေါက်တာဖြိုးသက်ပြင်းသာချမိသည်။ ကောင်းကို ခပ်ကြိတ်ကြိတ် ကျိမ်းလိုက်သည်။
"ကောင်း နောက်တခါ ကိုဟိန်းကို နှိပ်စက်ရင် မင်းကို မာမီနဲ့တိုင်ပြောမယ်။"
ကောင်းက သူ့ကို မပြောသလို မကြားချင်ယောင်ဆောင်နေလိုက်သည်။ ကိုကိုဖြိုးက လက်လျှော့လိုက်တော့သည်။
ဟိန်းထက်ဘက်ကိုလှည့်ကာ မှာသည်။
"ကိုဟိန်း..မှာထားတယ်နော်။ ခင်ဗျားကိုနှိပ်စက်ရင် ငြိမ်မခံနဲ့။ ပြန်အော်လိုက်။"
ဟိန်းထက် က ရယ်ကျဲကျဲနှင့်ကတိပေးလိုက်တော့သည်။
"ဟုတ်ကဲ့ပါ ဒေါက်တာ ။စိတ်ချပါ။ ဟိုမှာ ဒေါက်တာ သူငယ်ချင်းခေါ်နေပြီ။"
ဒေါက်တာဝေယံဖြိုးသည် သူငယ်ချင်းသက်လွင် ခေါ်နေသောကြောင့် စိတ်မချလက်မချနှင့် ပြန်သွားတော့သည်။
သက်လွင်က လှည့်ကြည့်လှည့်ကြည့်နှင့် ပြန်လာသော သူငယ်ချင်းကိုခေါ်ကာ အခြားသူငယ်ချင်းများနှင့် မိတ်ဆက်ပေးရန် ခေါ်သွားတော့သည်။
"ခင်ဗျားကြောင့် အဆူခံရတာ။"
ကောင်းကင်လင်းက သူ့ကို မော့ကြည့်ကာ ရန်တွေ့သည်။ ဟိန်းထက်သည် ကောင်းကို ငေးကြည့်ကာ တောင်းပန်လိုက်သည်။
"ဆောရီးပါ ကောင်း။ ကိုဟိန်း မကောင်းတာပါ။"
ဘာရယ်မသိ။ ကိုဟိန်းထက်၏ တောင်းပန်စကားကို ကြားတော့ ဒေါသတို့ လွင့်ပျယ်သွားသည်။ ပြီးတော့ တိုးတိုးလေးပြန်ပြောလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ် ကိုဟိန်း။ ခေါင်းကနေ မလောင်းသင့်ပါဘူး။ ဆောရီးပါ။"
ဟိန်းထက်သည် ကောင်းကင်လင်း၏ တောင်းပန်စကား တိုးတိုးကို ကြားသောအခါ ကျေနပ်စွာပြုံးလိုက်သည်။ သူလေးက မိမိအထင်ကို မှန်စေသည်။ ကောင်းကင်ကေလေး ဆိုတာ လူဆိုး၊ လူပွေ မဟုတ်ပါ။ မချစ်ငတ်နေသော ကလေးလေးတစ်ဦးသာ ဖြစ်သည်။ အချစ်ကို မရလို့ အသည်းတွေ မာကြောလာပြီး အရွဲ့တိုက်ရင်း အွန်လိုင်းပေါ်တက်သောင်းကျန်းနေမိသူလေးပါ။ ယခုလို သူချစ်သော အစ်ကိုနှင့်အနီးကပ်နေရတော့ ကောင်းလေးက မဟုတ်က ဟုတ်က ပို့စ်များကို မတင်တော့ပဲ ငြိမ်နေပြီ မဟုတ်လား။
"လိမ်မာတယ် ကောင်းလေး။ ကိုဟိန်းဆုချမယ်။ ဘာစားချင်လဲ။"
ကောင်းကင်လင်းက သူ့ကို မျက်စောင်းဒိုင်းခနဲ ထိုးလိုက်မိသည်။ သူက အထက်စီးကြိးနှင့် မုန့်ဝယ်ကျွေးမည်တဲ့။ မိမိကိုများ သူငယ်နှပ်စားလေးများထင်နေလားမသိ။
"မစားချင်ဘူး။ အခြားနေရာကို လျှောက်ကြည့်ချင်တယ်။ လိုက်ပို့ပေး။."
"ဒေါက်တာ မအားသေးဘူး။"
"ထားခဲ့လိုက်။သူ့သူငယ်ချင်းတွေနဲ့ တွေ့နေတာ သတိမရတော့ဘူး။ လိုက်ပို့ဗျာ။"
ကောင်း သူ့ကို ဂျီတိုက်လိုက်သည်။ ဟိန်းထက် ခေါင်းကို တချက်ကုတ်လိုက်ပြီး ပြောလိုက်သည်။
"အင်း။ သွားပြောလိုက်ဦးမယ်။"
"ရအောင်ပြောနော်။ မရရင်ပြန်မလာနဲ့။"
ကောင်းလေးက ခပ်တင်းတင်းမှာလိုက်သည်။ သူ့အမူအယာလေးကို ကြည့်ကာ ဟိန်းထက် ရယ်ချင်သွားသည်။
ဟိန်းထက် သည်ဒေါက်တာ့ကို သွားခွင့်တောင်းလိုက်သည်။ ဒေါက်တာ ကခွင့်မပြုချင်ပေ။ သို့သော် ဟိန်းထက်က အထပ်ထပ်တောင်းဆိုသောကြောင့် သက်ပြင်းချကာ ခွင့်ပြုလိုက်သည်။
"ခင်ဗျားထိန်းမရရင် ဖုန်းဆက်လိုက်နော် ကိုဟိန်း။ ကောင်းလေးခိုင်းတိုင်း လျှောက်မပို့နဲ့။"
ဟိန်းထက် ခေါင်းသာငြိမ့်လိုက်မိသည်။ ကောင်းလေး ဘာတောင်းဆိုသည်ဖြစ်စေ မိမိလိုက်လျောပေးမည်ကို ဒေါက်တာကို မပြောပြတော့ပါ။
"ဟုတ်ကဲ့ စိတ်ချပါဒေါက်တာ။သွားတော့မယ်နော်။ "
ဟိန်းထက်သည် ကောင်း၏ ဘီးတပ်ကုလားထိုင်ကို တွန်းကာ လူအုပ်ကြားထဲမှတိုးထွက်လာခဲ့သည်။ အခြားနေရာများတွင် ကောင်းကြည့်ချင်သည့်နေရာတိုင်းတွင် ရပ်ပေးကာ ငေးကြည့်သည်။ ကောင်းကင်လင်းက ဓါတ်ပုံ တဖြတ်ဖြတ်ရိုက်ကာ မှတ်တမ်းတင်နေတာများသည်။
တိုင်းရင်းသာ လူမျိုးစုံ မဏ္ဍပ်တွင် ပလောင်မလေးများ၏ လက်ဖက်ခူးအကကို ကြည့်ကြသည်။ အခြားလူများလည်း ခပ်လှမ်းလှမ်းမှ ကြည့်သူရှိသလို စင်အောက် တည့်တည့်တွင် ကခုန်နေသူများလည်း အများကြီးရှိသည်။
ကောင်းကို လှမ်းကြည့်တော့ ကခုန်နေသည့်လူငယ်များကို ကြည့်ရင်းမျက်နှာသိပ်မကောင်းတော့ ဟိန်းထက်သည် သူ့ကို လှမ်းပြောလိုက်သည်။
"ပျင်းစရာကြိးကွာ။ မြို့တော်ဝန် မဏ္ဍပ် မှာ အဆိုတော် သျှီနဲ့ ချစ်သူ့ေ၀ လာမယ်တဲ့ကွ။ သွားရအောင်။ "
"အင်း။သွားကြတာပေါ့။ ကျွန်တော်လည်း နားညည်းနေပြီ။"
ဟိန်းထက်သည် ကောင်းလေးကို ခေါ်ပြီးဆက်ထွက်လာခဲ့သည်။ ကောင်းလေး က ကနေသည့်လူငယ်များကို ငေးနေစဉ် မိမိက မှတ်တမ်းတင်ဓါတ်ပုံများစွာနင့်အတူ ကောင်းလေး၏ပုံများစွာကို တိတ်တိတ်လေးမှတ်တမ်းတင်နေ မိသည်။
မြို့တော်ဝန် မဏ္ဍပ် မှပြန်လာတော့ တိုင်းရင်းသားလူမျိုးစု မဏ္ဍပ် မှဆင်းလာဟန်တူုသည့် ရှမ်းရိုးရာ ဝတ်စုံဝတ်ထားသည့် ကောင်လေး ကောင်မလေး တစ်စုကိုတွေ့တော့ ကောင်းကင်လင်းက တောင်းဆိုလိုက်သည်။
"ကိုဟိန်း။ ကျွန်တော် သူတို့နဲ့ ဓါတ်ပုံတွဲရိုက်ချင်တယ်။ ပြောပေးဗျာ"
ဟိန်းထက် တစ်ချက်မတွန့်ပါ။ ချက်ချင်းပင် ထိုအဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသော ကောင်လေးနားချည်းကပ်ကာ ခွင့်တောင်းလိုက်သည်။ ရိုးရာဝတ်စုံများကို သဘောကျလို့ ဓါတ်ပုံရိုက်ပါရစေဆိုတော့ အသာတကြည်ခွင့်ပြုခဲ့သည်။ ကောင်းကင်လင်းကို ခြုံရံကာ ဟိန်းထက် အမှတ်တရ ပုံများစွာရိုက်ပေးခဲ့သည်။
ထိုနေ့တနေ့လုံး ဟိန်းထက်သည်။ ကောင်းကင်လင်း ခိုင်းသမျှ မညည်းမညူလုပ်ပေးကာ မိုးမမြင် လေမမြင် ပျော်နေမိသည်။ ကောင်းကင်လင်းကို ပြုံးအောင်လုပ်ပေးနိုင်လို့ ကိုယ့်ဖာသာ ကျေနပ်နေမိသည်။
"ကိုဟိန်း...ခင်ဗျားကို ကျွန်တော် တကယ်ချီးကျူးတယ်။ ကျွန်တော့်ညီ လူဆိုးလေးဒဏ်ကို ခံနိုင်တာ ခင်ဗျား တစ်ယောက်တည်း ရှိတယ်။"
ဒေါက်တာဖြိုးပြောသည်ကို ဟိန်းထက် ပြုံးရုံသာပြုံးနေမိသည်။ တကယ်ချစ်လျှင် မဖြစ်နိုင်ဆိုတာ ဘာမှမရှိဘူး ဟု ရင်ထဲမှ ကြိတ်ပြောနေမိသည်။
------------------------------------
သင်္ကြန် ဒုတိယရက်။
ကောင်းကင်လင်းသည် သင်္ကြန်ပထမရက်လည်ပြီးနောက် နောက်တနေ့လည်ရန် စိတ်အားတက်ကြွနေသည်။ ညကလည်း သင်္ကြန်ပုံရိပ်တွေကိုတင်လိုက်ပြီး ပို့စ်တင်လိုက်သည်။
"ချစ်သူနှင့်အတူ ဆင်နွဲရတဲ့ တန်ကူး အတာသင်္ကြန်ပွဲတော်"
ထိုခေါင်းစဉ်ကို တင်ပြီး မိသားစုများ၊ သူငယ်ချင်းများ၊ လူငယ်များ ပျော်မြူးနေသော အပျော်မျက်နှာများနှင့် သင်္ကြန်ပုံရိပ် များကိုရွေးတင်လိုက်သည်။ ထိုပုံများကို ကြည့်ပြီး ကောင်း ကိုယ်တိုင်အပျော်များကူးစက်လာသလို ခံစားရသည်။ နောင်တွင် ကောင်းကင် ကေလေးသည် ပျော်စရာများကို မိမိပရိတ်သတ်သို့ မျှဝေပေးသွားမည် ဟုဆုံးဖြတ်လိုက်သည်။
ပေါက်ကရပို့စ်တွေ မတင်တော့ဘူးဟုလည်းဆုံးဖြတ်လိုက်သည်။ မိမိဘာလို့ စိတ်ပြောင်းသွားသည်ကို မသိတော့ပေ။ သေချာတာကတော့ ကောင်း ယခင်လို ပူလောင်မနေတော့ပေ။ ကိုဟိန်းလောင်းသည့် သင်္ကြန်ရေကြောင့်ပဲလား၊ ဒါမှမဟုတ် မာမီတို့နှင့် ဝေးရာတွင်နေရလို့ပဲလားမသိတော့။
"ကောင်း မပြီးသေးဘူးလား။ စာရိုက်နေသေးတယ်။ သွားရအောင်။ မနက်စာအတွက် ကိုဟိန်းစောင့်နေပြီ။ "
ကိုကိုဖြိုးက ပြောရင်း အနားရောက်လာသဖြင့် ကောင်း ကွန်ပျူတာကို ပိတ်ကာ လက်စသတ်လိုက်သည်။ ကိုကိုဖြိုးက ပို့စ်ကို ကြည့်ကာ ရယ်ဟဟနှင့်ပြောသည်။
"ကောင်း ချစ်သူတွေ အူတိုကုန်တော့မယ်ကွာ။ ကိုကို့ကို အစ်ကိုမှန်းမသိပဲ ကောင်းကို ကြွေနေတဲ့သူတွေ ဝိုင်းဆဲတာ ခံရတော့မှာပဲ။"
"ဘယ်သူမှ ကိုကိုမှန်းမသိပါဘူးနော်။ သူတို့က အားကျနေကြတာ။ ကောင်းနေရာကို လိုချင်လွန်းလို့။ ကိုကို့လို အမြဲချစ်ပေးနိုင်တဲ့ အကိုမျိုးသူတို့မှာ မရှိဘူးလေ။"
ကောင်းကင်လင်း ကိုကို့ကိုလှမ်းပြောလိုက်တော့ ကိုကိုက သက်ပြင်းချလိုက်သည်ကို တွေ့တော့ စိတ်ထဲ တမျိုးဖြစ်သွားသည်။
"ဘာလဲ ။ ကိုကိုက ကောင်းကိုလုပ်ပေးရတာကို စိတ်ညစ်လာတာလား။ မလုပ်ပေးချင်ရင်ပြောနော်။ ကောင်း ချက်ချင်း ရန်ကုန်ပြန်သွားမှာ။"
ကောင်း ကိုကို့ကို ရန်လုပ်လိုက်သည်။ ဒေါက်တာဖြိုးကာ ကောင်းကို ပြုံးကြည့်ကာ
"ကဲ ကိုယ်တော်လေး။ ပြီးရင်သွားစို့။ ကိုကို့ကို လာမရစ်နဲ့။ ကောင်းကို လုပ်ပေးရလို့ ကိုကိုစိတ်ညစ်တာမြင်ရင် အဲ့နေရာ ကိုကို့ကို ထိုးသွားလိုက်၊ ကိုယ့်ညီလေးကို ကိုကို လုပ်ပေးရတာ ဝမ်းသာနေတာ။ လာ သွားစို့နော်။"
ကောင်း မယုံတယုံနှင့် ကိုကို့ကို အကဲခတ်လိုက်တော့ တကယ်ပြောနေတာ တွေ့ရမှ စိတ်လျှော့လိုက်သည်။
"အင်းပါ။ ကောင်းက ကိုကို ကောင်းကို အမြဲ အစစအရာရာ လိုက်လုပ်ပေးနေရလို့စိတ်ညစ်သွားမှာကို အမြဲစိုးရိမ် နေရလို့ပါ။ တောင်းပန်ပါတယ် ကိုကို။ စောစောစီးစီး ကိုကို့ကို ရစ်မိတာ။"
ဒေါက်တာဖြိုးသည် ပြောမည့်စကားကို မြိုသိပ်ကာ ကောင်းကို ခေါ်ကာ အခန်းအပြင်ကိုထွက်လာရင်းပြောသည်။
"ကောင်းရယ်။ ကိုကိုက ဘာရယ်မဟုတ်ပြောမိတာ။စိတ်ထဲ မထားနဲ့။ ဒီနေ့ ကားနဲ့ပတ်ကြည့်ကြမယ်လေ။"
ကောင်းကင်လင်း ဘာမှဆက်မပြောတော့ပေ။ အခန်းအပြင်ဘက်တွင် ကိုဟိန်းက သွားစွယ်တန်းများပေါ်အောင်ကို ပြုံးရယ်ကာ နူတ်ဆက်နေသည်မဟုတ်လား။ သူ့အပြုံးကို ကောင်းတစ်ချက်ငေးခနဲဖြစ်သွားပြီး မှနူတ်ဆက်လိုက်သည်။
"ခင်ဗျား စောလှချည်လား အင်ကြီး။ ဗိုက်ဆာနေလို့လား။"
ကောင်းကင်လင်း သူ့အပြုံး၏ ဆွဲငင်မှုမှ ကင်းလွတ်အောင်ရုန်းချင်သောကြောင့် ဘုပြောကာ နူတ်ဆက်လိုက်သည်။ မိမိကို တမျိုးတမြည်ဖြစ်စေနိုင်သော ထိုအပြုံးကို မုန်းသည်။ မိမိကို ကြည့်ပြီးပြုံးမနေစေချင်ပါ။ ထို့ကြောင့် သူ့အပြုံး ပျောက်အောင် ဘုပြောခြင်းဖြစ်သည်။
"အာ..ကောင်းကင်လင်း ဒီနေ့ ဘာဖြစ်နေတာလဲ။ ဆောရီး ကိုဟိန်း၊ ကောင်း ကျွန်တော့်ကို စိတ်တိုလို့ ဘုပြောတာ။ ကောင်း မင်း ကိုကို့ကို ဆိုးလို့ရတယ်။ သူူများတွေကို မဆိုးရဘူးလို့ပြောထားတယ်လေ။"
ဒေါက်တာဖြိုး ကောင်းကို ဟန့်ပြီး ဟိန်းထက်ကို တောင်းပန်လိုက်သည်။ ကောင်းက ကိုဟိန်းကို မျက်စောင်းထိုးကာ အကိုကို ခံပက်လိုက်သေးသည်။
"အင်ကြီးက သူများမှ မဟုတ်တာ။ ကိုကိုက စောစောစီးစီး သားကို ဆူနေပြီနော်။ ငိုလိုက်မှာ။"
ဟိန်းထက် ရယ်ချင်သွားသည်။ ကောင်းကင်လင်းက မိမိနဲ့ဆို လူကြီးပုံဖမ်းသော်လည်း သူ့အကိုနှင့်ဆိုလျှင် တကယ့်ကို ကလေးလေးလိုဖြစ်သွားသည်။ ဒါကို ဟိန်းထက်က ချစ်ရခြင်းဖြစ်သည်။ ပြီးတော့ မိမိကို သူများ မဟုတ်ဟု ဆိုသည့် စကားက ရင်ထဲကို အပျော်တွေနှင့် လှည့်လည်သွားစေသည်။ မိမိကို သူက လူရင်းလို သဘောထားနေသည် ဆိုသည့် အသိက ဟိန်းထက်ကို အပျော်တွေတိုးစေသည်။
"ကျွန်တော့်ကို ဘာပြောပြော ကိစ္စမရှိပါဘူး ဒေါက်တာ။ ရပါတယ်။ ကောင်းက ကျွန်တော့်ညီလေးလိုပါပဲ။"
ဟိန်းထက် ပျော်လွန်းသည့်စိတ်ကို ဖုံးဖိကာ ဒေါက်တာကို ပြောလိုက်သည်။ ဒေါက်တာဖြိုးက ပြန်လည်ပြောမည်အပြု ဖုန်းဝင်လာသည်။ ဖုန်းနံပတ်ကို ကြည့်ကာ ဟိန်းထက်ကို အကူအညီလှမ်းတောင်းလိုက်သည်။
"ကိုဟိန်း..ကောင်းလေးနဲ့ စားသောက်ခန်းကို သွားနှင့်ကြတော့ဗျ။ စားနှင့် မစောင့်ကြနဲ့။ အရေးကြီး ဖုန်းပြောစရာရှိလို့။ ခဏနော်။ ကောင်းလေး သွားစားနှင့်နော်။ "
ဒေါက်တာဖြိုးပြောပြီး အခန်းထဲပြန်ဝင်သွားတော့သည်။ ကောင်းကင်လင်းက သူ့ချစ်ချစ်စီက ဖုန်းမှန်းသိလို့ ဒေါသထွက်သွားသည်။ မိမိခိုင် နှင့်ခုတလော မပြီးနိုင်မစီးနိုင် ဖုန်းပြောနေသည်ကို မြင်ပြင်ကတ်လာသည်။ တကတည်း ချစ်လို့ကို မဝကြဘူး။
ကိုကိုဖြိုး၏ ချစ်သူကို မိမိလည်း လိုက်ချစ်ရမည်ကို သိပေမယ့် ရင်ထဲမှာ ဆို့နင့်နင့်ဖြစ်သည်ကိုတော့ ဖျောက်မရတာ ခက်သည်။ ကိုကို့ကို ဘယ်သူ့လက်ထဲမှ ကောင်းမထည့်ပေးချင်ပါ။ ဖြစ်နိုင်ရင် ကိုကို့ကို ကောင်းဘေးမှာပဲ တသက်လုံး ထားချင်သည်။ ဒါပေမယ့် ဒီလိုလုပ်တာ ကိုကို့အတွက် မတရားရာကျသဖြင့် ကောင်းကင်လင်း ဝမ်းနည်းစိတ်ကို မြိုသိပ်ကာ ကြည့်နေလိုက်ရသည်။
ဟိန်းထက်သည် ကောင်းကင်လင်း မျက်နှာညိုနေသည်ကို တွေ့တော့ ကုလားထိုင်ကို တွန်းပေးပြီး ခေါ်လာရင်း အာရုံပြောင်းကာ စကားပြောလိုက်သည်။
"ကောင်းလေး။ ဒီနေ့ ကားနဲ့ပတ်ကြမယ်ဆို၊ ပျော်စရာကြီး။ ကန်တော်ကြီး၊ မနော်ယမန်ကစားကွင်းဘက်၊ မြို့ထဲ မဏ္ဍပ်တွေမှ အများကြီး လျှောက်ကြည့်ကြတာပေ့ါ။ သင်္ကြန်အကတွေ တစ်ဝကြီးကြည့်ကြမယ်လေ။"
"စိတ်ဝင်စားစရာ မကောင်းဘူး။"
ကောင်းကင်လင်းက စူပုတ်ကာပြောသည်။ ကိုကို့ကို မကျေနပ်သည်ကပဲ များနေသည်။
"ဟာ ကောင်းကလည်း။ မကြည့်သေးပဲ စိတ်ဝင်စားစရာ မရှိပြောလို့မရဘူးလေ။ စာရေးဆရာ တစ်ယောက်အနေနဲ့ သဘောထားကျဉ်းရာကျမှာပေါ့။ "
ဟိန်းထက် သူ့ကို ချော့ရင်း အမှတ်တမဲ့ စကားကျွံသွားမိသည်။ သတိရသည်နှင့် ချက်ချင်းရပ်လိုက်သည်။
ကောင်းကင်လင်းလည်းသတိထားမိလိုက်သည်။ သို့သော် ဘာမှမပြောသေးပေ။ သူ မိမိစာရေးတာကို ဘယ်လိုသိတာလဲ။ အစကတည်းက ကောင်းကင် K Lay မှန်းသိနေတာလား။ မိမိသူ့ကို သိသလို သူ မိမိကို သိနေတာလားဟု အတွေးပွားကာ ငြိမ်သွားကြသည်။
ဂျစ်တူးလည်း စကားလွန်ပြီး ရင်ထိတ်ကာ စကားစဖြတ်လိုက်သည်။ ကောင်းကင်လင်း ငြိမ်သွားပြီး ဘာမှမမေးသဖြင့် နည်းနည်းတော့စိတ်သက်သာရာရသွားသည်။ ကောင်းလေး မရိပ်မိပါစေနှင့်ဟု ကြိတ်ပြီးဆုတောင်းနေမိသည်။
စားသောက်ခန်းရောက်သောအခါ ကိုဟိန်းက ကောင်းကို စားပွဲတွင်နေရာချပေးပြီး စားစရာသွားယူပေးသည်။ မနေ့က မိမိစားချင်သည် ပြောမိသည်များကို ယူလာပေးသည်။ ကောင်းကင်လင်း သေချာသည်ထက်သေချာ သွားလေပြီ။ ကိုဟိန်းထက်က ဂျစ်တူး ဖြစ်နေသည် မဟုတ်လား။
ကောင်း သူမှန်းသေချာသွားတော့ ဦးစီဘယ်လို အရောက်သွားရမည်ကို တွေးစပြုလာသည်။ သူက ဦး တန်ဖိုးအထားရဆုံး၊ အချစ်ရဆုံးညီမဟုတ်လား။ မိမိတောင် သူနှင့် လာမပတ်သတ်ရန် ဦးက block ထားတာ ဖြေပြီး messenger တွင် ပြင်းထန်စွာ သတိလာပေးဖူးသော သူ့အချစ်ဆုံး ညီ ဂျစ်တူး မိမိနံဘေးတွင် ရောက်နေလေပြီ။ ကောင်းကင်လင်း ပြုံးလိုက်မိသည်။ ဦးကို ပြန်ဖမ်းဖို့ ငါးစာတော့မိပြီ။
"ကောင်းလေး။ ဘာထပ်လိုချင်သေးလဲ။ ကိုဟိန်းယူပေးမယ်။"
ဟိန်းထက်သည် မိမိစားစရာ ပန်းကန်ကို ချပြီး စားပင်မစားရသေး ကောင်းကို ကရုတစိုက်နှင့် ကြည့်ကာ မေးလိုက်သည်။
"ရပြီ ကိုဟိန်း။ စားတော့လေ။ ကျွန်တော် တောင်ဝတော့မှာ"
ထိုအခါမှ ဟိန်းထက် သူ့မနက်စာကိုစားသည်။ ဟိန်းထက် စားပြီးတော့မှ ဒေါက်တာ ဖြိုးဆင်းလာခဲ့သည်။
"သွားရအောင်လေ။"
"ကိုကိုမစားတော့ဘူးလား။"
"ဟင့်အင်း။ ခိုင်က မနက်စာ ဝယ်လာမယ်တဲ့။ သွားရအောင်။ နေမြင့်ရင် လမ်းကြပ်တယ်။"
"မခိုင်လည်း လိုက်မှာလား။"
"အင်း။ လူစုံတော့ ပျော်စရာကောင်းတာပေ့ါ။ ကိုကိုခေါ်ထားတာ ကောင်းလေး။ မင်း မမခိုင်းကို ကောင်းကောင်းဆက်ဆံနော်။ "
ကောင်းကင်လင်း မျက်မှောင်ကုတ်ကာ ပြန်ပြောလိုက်သည်။ ရင်ထဲမှာတော့ ဆို့နင့်မှုက ပိုဆိုးလာခဲ့သည်။ ဒါပေမယ့် ကိုကိုဖြိုး စိတ်မကောင်းဖြစ်မှာစိုးလို့ အတင်းဟန်ဆောင်နေရသည်။
"ဘယ်တုန်းက ကောင်းကောင်း မဆက်ဆံလို့လဲ။ အပိုတွေ။ အခုမှ လာမှာနေတယ်။"
ဒေါက်တာဖြိုးက ရယ်ကာ ကောင်း၏ ဆံပင်ကို အသာထိုးဖွပြီးပြောသည်။
"အေးပါကွာ။ ကောင်းလေး ကောင်းကောင်းဆက်ဆံတာ သိပါတယ်။ ကိုကို စိတ်ပူပြီးထပ်မှာမိတာပါ။ ကဲ မျက်နှာပုတ်မနေနဲ့တော့။ သွားကြစို့။"
ကောင်းကင်လင်းသည် ကိုကိုဖြိုးတခုခုထူးခြားနေသည်ကို သတိထားမိသည်။ ဘာမှန်းတော့ မသိပေ။ ကိုကို ထူးဆန်းနေသည်ကို ကောင်း ဘယ်လိုမှ မတွေးတတ်ခဲ့ပေ။
ကိုကိုက မခိုင်တည်းသည့်အိမ်တွင် ဝင်ခေါ်သည်။ မမခိုင်က ကောင်းကို ပြုံးချိုစွာနူတ်ဆက်သည်။ ပြီးတော့ ကိုကို့ဘေး ကားရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။ ပြီးတော့ ယူလာသော မနက်စာ ဗူးကို လှမ်းပေးကာ ချိုသာစွာ ပြောလိုက်သည်။
"မောင်ကြိုက်တတ်တဲ့ နန်းကြီးသုတ်။"
"ကျေးဇူး သည်းလေး။ မောင် ဘာမှမစားပဲထွက်လာတာ။ "
ကောင်းကင်လင်းသည် အခေါ်အဝေါ်တွေ ပြောင်းနေသော စုံတွဲကို ကြည့်ကာ သံသယတို့ တလှိမ့်လှိမ့်နှင့် ဝင်လာခဲ့သည်။ ဟိန်းထက်ကတော့ သူတို့ကိုတချက်ကြည့်ပြီး သူတို့ဆက်ဆံရေးက သာမန်သမီးရည်းစားထက် ပိုသည်ကို သိလိုက်သည်။ ကောင်းကတော့ စကားမပြောပဲ ပြတင်းအပြင်ကို ငေးကာ နားစွင့်နေသည်။ ချက်ချင်း လူစည်ကားသည့် သင်္ကြန်ပွဲက မိမိနှင့် မသက်ဆိုင်တော့သလို ခံစားလိုက်ရသည်။ အထီးကျန်ခြင်းက ကောင်းကင်လင်း၏ ရင်ထဲ စိမ့်ကာ ပြန့်လာခဲ့သည်။
ဒေါက်တာဖြိုးသည် နောက်ကြည့်မှန်မှ တဆင့်ညီ့ပုံကို ကြည့်ကာ ဖြည်းဖြည်းချင်းဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။ ချက်ချင်းသိသည်ထက် ကြိုသိထားတာ ကောင်းအတွက် ပိုပြီးခံနိုင်ရည်ရှိလိမ့်မည်။
မြို့ပတ်ကာ လျှောက်ကြည့်ပြီး မမခိုင်၏ အသိ မဏ္ဍပ်များတွင် ရေဝင်ပက်သည်။ စတုဒီသာ စားကြသည်။ ရောက်လေရာတွင် ကောင်မလေးများက ကိုကိုနှင့် ကိုဟိန်းကို ဝိုင်းကာ ရေပက်ကြသည်။ တနေရာတွင် ကိုဟိန်း အိုးမဲ အသုတ်ခံရသည်။ ကောင်းကင်လင်းသည် ကိုကိုဖြိုးတို့ကို မေ့ကာ တဟားဟားရယ်မိသည်။ ကိုဟိန်းပုံကို ဓါတ်ပုံရိုက်ကာ မှတ်တမ်းတင်ထားမိသည်။
ဟိန်းထက်သည် ဒေါက်တာတို့စုံတွဲမှ ကောင်း ကိုအာရုံလွှဲရန်တမင်ပင် အိုးမဲသုတ်ရန်သွားပြောထားသည်ကို ကောင်းမသိပါ။ ကစားနေသော ကောင်မလေးများကို သွားတောင်းဆိုကာ ညီလေး ပျော်အောင်လုပ်ပေးချင်လို့ ဝိုင်းပြီး အိုးမဲသုတ်ပေးကြပါ။ မိမိက ဟန်ဆောင်ပြေးရင်း အသုတ်ခံပါ့မည်လို့သွားတောင်းဆိုတော့ ကောင်မလေးများကပင် သိတ်ချစ်တတ်တဲ့ အကိုပဲဟု ချီးကျူးခဲ့ကြပြီးစိတ်ရောကိုယ်ပါ ကူညီပေးခဲ့ကြသည်။
တကယ်လည်းထိရောက်ပါသည်။ ကောင်း ပျော်သွားသည်။ တမနက်လုံး မျက်နှာမကောင်းရာမှ ကြည်လင်ရုံသာ မက ဟက်ဟက်ပက်ပက်ရယ်မောသည်အထိကို ပျော်သွားသည်။
ဒေါက်တာဖြိုးသည် ညီလေး ပျော်နေသည်ကို ပြုံးကာ ကြည့်မိတော့ ခိုင်ကလှမ်းကြည့်ကာပြောသည်။
"ကိုဟိန်းထက်က ကောင်းကို တကယ့်ကို ချစ်တာပဲနော်။ အနွံတာ ခံပြီးကို ချစ်တာ။သူ့အချစ်ကို ရတာ ကောင်းလေး ကံကောင်းတယ် "
ဒေါက်တာဖြိုးဆတ်ခနဲဖြစ်သွားသည်။ ခိုင်ကို ငုံ့ကြည့်ကာ
"ခိုင်ဆိုလိုတာ..."
"အင်းလေ။ ဆရာ မရိပ်မိဘူးလား။ ကောင်းလေး မျက်နှာကိုတချက်မှ အညှိုးမခံဘူး။ ဆရာတောင် ကိုယ့်ညီကို အဲ့လောက် ကရုစိုက်လို့လား။ "
ဒေါက်တာဖြိုး ထိုအခါမှ သတိထားမိသည်။ ဟိန်းထက်က ကောင်းလေးကို ချစ်နေတာပါလား။ ကောင်းကတော့ ခင်မင်ရုံထက်ပိုသည့်ပုံမပေါ်ပါ။ သို့သော် ဟိန်းထက်ကြောင့် ကောင်းလေး ပိုပြီးရယ်ပြုံးလာတာတော့ သေချာသည်။ မိမိက အနာဂါတ်အတွက် အလုပ်များနေစဉ် မိမိ၏ ရတနာလေးကို အနားကပ်ကာ အလစ်သုတ်တာ ခံရတော့မလို့။
မဖြစ်ဘူး။ ဟိန်းထက်ကို ကောင်းကင်လင်းနား မကပ်အောင် လုပ်မှ။ ဒါပေမယ့် လူဆိုတာ တားမြစ်မှ ပိုလုပ်ချင်ရင်ခက်မည်။ ကောင်းကင်လင်း က ဆယ်ကျော်သက်ဆိုတော့ အကြမ်းနည်းထက် အနုနည်းကို သုံးတာ ပိုထိရောက်လိမ့်မည်။ ဒေါက်တာဝေယံဖြိုး၏ မျက်ဝန်းထဲတွင် အေးစက်စက် အရိပ်တို့ လက်ခနဲဖြစ်သွားပြီး မိမိ ချစ်သော ကလေးနားကို ကပ်နေသည့် ကောင်ကို ပညာပေးဖို့ အကွက်ချနေလိုက်သည်။
===============================
YOU ARE READING
The Prince from the Dream Land (Completed) (အိပ္မက္တုိင္းျပည္မွ မင္းသားေလး)
Romanceလူဆိုတာ ေမြးဖြားႀကီးျပင္းသည့္ေနရာကို ေရြးခ်ယ္ခြင့္မရႀကေပ။ တခ်ိဳ႕က ကိုယ့္ေျခေထာက္ေပၚ ရပ္တည္နုိင္သည္နွင့္ ကိုယ္ျဖစ္ခ်င္သည့္ အေနထားကို ရေအာင္ ႀကိဳးစားခြင့္ရေပမယ့္ ကံဆိုးျပီး ထိုသို႕ႀကိဳးစားခြင့္မရေသာ လူတခ်ိဳ႕သည္ မိမိကိုယ္ကို လွည့္စားျပီး စိတ္ကူးယဥ္ေလာက...