part 3

43 3 1
                                        

"တီတီ ...မီးမီးတို့ကျောင်းသွားတော့မယ် ဆံပင်လေးစီးနေကြလို စီးပေးပါဦး " ဟု ကလေးမလေးတွေက မျက်နှာငယ်လေးနဲ့ပြောရှာသောအခါ Jasmineတစ်ယောက် တစ်သတ်နဲ့တကိုယ် ဘယ်သူ့ဆပင်မှမကိုင်ခဲ့ဖူးသော်လည်း အခုကလေးနှစ်ရောက်ကို ဆံပင်စီးပေးရန်ဆုံးဖြတ်လိုက်ဟန်ရှိသည်။
"ဘယ်လိုပုံမျိုးစည်းပေးရမှာလဲ " ဟု ရုပ်တည်ကြီးဖြင့်မေးလိုက်သည်။
" နှစ်ဖတ်ညီညီလေးခွဲစည်းပေးနေကြလေ တီတီကလည်း" ဟု အကြီးမဖြစ်သူ သုသုကပြောလိုက်၏။

"နင်တို့ကျောင်းကဘယ်ချိန်တတ်ရတာလဲ ကျောင်းကားကရောဘယ်ချိန်လာမှာတုန်း နောက်ကျနေဦးမယ်" ဟုဆိုရာ
အငယ်မလေး ယုယုက
" ကျောင်းကတော့ မနက်ကိုးနာရီမှတတ်တာပါ ကျောင်းကားကတော့မစီးဖူး ပုံမှန်ဆိုတီတီပဲကျောင်းထိလိုက်ပို့နေကြလေ " ဟု ခေါင်းစည်းခံနေရာမှ မျက်လုံးလေးပင့်ကာပြောလိုက်၏။
"ကဲ အဲ့တော့ ငါပဲလိုက်ပို့ရမယ်ဆိုပါတော့ ခနတော့စောင့်ကြအေ ငါအလှပြင်လိုက်ဦးမယ် " ဟုပြောပြောဆိုဆိုဖြင့် အခန်းထဲဝင်းသွား၏။

Jasmine တစ်ယောက်အခန်းတွင်းသို့အပြေးဝင်ကာ တစ်စံုတစ်ခုကိုရှာဟန်ပြုနေ၏။
"ယုယနွယ်ဆိုတာ မိန်းခလေးရောဟုတ်ရဲ့လားမသိ သူ့အခန်းထဲမှာ နှုတ်ခမ်းနီတစ်တောင့်တောင်မရှိပါလား   နှုတ်ခန်းနီမဆိုးပဲအပြင်မထွက်တတ်တဲ့ငါနဲ့တော့ ဒုက္ခပါပဲနော် ဟင်းဟင်း " ဟု စိတ်အလိုမကျ၍ သက်ပြင်းထပ်ချမိပြန်လေသည်။

"ဟာ တီတီ ဝင်သွားတာကြာလိုက်တာ လာသုသု တီတီ့ကိုသွားခေါ်ရအောင် " ဟု မငယ်မလေးယုယုကစိတ်မရှည်ဟန်ဖြင့်အမဖြစ်သူလက်ဆွဲကာ အဒေါ်ဖြစ်သူအခန်းထဲသို့ ဝင်လာခဲ့၏။
ထိုစဉ် ကုန်းကုန်းကွကွဖြင့် တစ်စံုတစ်ခုအား သဲကြီးမဲကြီးရှာသော အဒေ့ါ်အား အငယ်မလေးသုသုက
"တီတီ ဘာရှာနေတာတုန်း မီးမီးတို့ကျောင်းနောက်ကျနေပြီလေ လာခဲ့ပါတော့ ကျောင်းနောက်ကျရင် အတန်းပိုင်ဆရာမ ဒဏ်ပေးမှာတီရဲ့ "ဟု နှုတ်ခမ်းလေးဆူ ခါးထောက်ကာလှမ်းပြောလိုက်ရာ jasmine တစ်ယောက်နှုတ်ခမ်းနီရှာ နေရင်
ကလေးနှစ်ယောက်ကို ကြည့်ကာ အကြံတစ်ခုရဟန်ဖြင့်
"သုသုနဲ့ယုယု နင်တို့မှာ market penအနီရောင်ရှိလား "ဟု မျက်နှာချိုသွေးကာမေးလိုက်၏။

Before I go backWhere stories live. Discover now