Parte-2

63 4 0
                                    

တောက်ပစူးရှသောမီးရောင်ကြောင့်ဘာကိုမှမမြင်နိုင်အောင် သူမ၏မျက် လုံးများကျိန်းစပ်သွားသည်။
မြင်မြင်သမျှက အဖြူရောင်သာ။
"ဟမ် ငါဘယ်ရောက်နေတာပါလိမ့် ဒါဘယ်လိုနေရာကြီးလဲ "ဟုတစ်ယောက်တည်းရေရွတ်ပြောဆိုသည်။

"မိန်းကလေး မင်းရောက်နေတာ လူ့ဘုံနဲ့ နတ်ဘုံကြားက အလွှာလွတ်တစ်ခုကိုပဲ " ဟုအသံသာကြားရ၍ ရုပ်မမြင်ရသော အသံတစ်ခုကိုသူမကြားလိုက်၏။

"ဟမ် ဘာတွေလာပြောနေတာလဲ ကျမကိုအကြောင်လာမရိုက်နဲ့နော် ထောင်ထဲရောက်သွားချင်လား ကျ ကျ ကျမပစ္စည်းတွေရော ...ရှင်တို့ငွေဘယ်လောက်လိုချင်လို့လဲ "ဟု မာနခဲJasmineတစ်ယောက် ဝိညည်ဘဝရောက်နေသည့်တိုင် ငွေဂုဏ်မောက်၍ ခပ်ထန်ထန်လေသံဖြင့်ပြောလိုက်၏။

"ဟား ဟား ဟား ဟား မင်းကတော်တော်မောက်မာတဲ့မိန်းကလေးပဲ မင်းရောက်နေတာဘယ်နေရာလဲဆိုတာမေ့သွားပြီလား ဒါလူ့ပြည်မဟုတ်ဘူးကွ မင်းပိုင်ဆိုင်သမျှတွေ တစ်ခုမှအသုံးမဝင်တော့ဘူးကွ " ဟု အသံပိုင်ရှင်မှဆိုရာ
Jasmineတစ်ယောက် ထိတ်လန့်သွား၏။
"ဒါဆိုကျမကတကယ်သေသွားတာလားဟင် "ဟု ကတုန်ကရင် ခြောက်ခြားစွာ မေးမိလိုက်သည်။

‌"အေး ဟုတ်တယ် မင်းရဲ့မောက်မာမှုတွေ၊ မာနတွေများခဲ့ပေမဲ့ မင်းလဲပရဟိတသမားတစ်ယောက်ပဲ ဒါကြောင့် မင်းကိုနောက်ဆုံးအခွင့်အရေးတစ်ခုအနေနဲ့ လူပြည်ကိုခနပြန်သွားခွင့် ပေးမယ် ဒါပေမဲ့ အရင်ဘဝကိုတော့ မင်း ပြန်ရမယ်လို့မမျှော်လင့်နဲ့တော့ နောက်ဆုံးမှာချင်တာက ဒီတစ်ခေါက်လူ့ပြည်ပြန်ရောက်ရင် တတ်နိုင်သလောက်ကောင်းမှုကုသိုလ် တွေလုပ်ပေးပြီး လူတွေအပေါ်လူတန်းစားမခွဲခြားပဲ တန်းတူဆက်ဆံပေး ....မင်းအတွက်အချိန်သုံးလပေးမယ် သုံးလပြည့်ရင်မင်းဒီကိုပြန်လာရမယ်
ကဲ သွားပေတော့" ဟုအသံရှင်ကဆိုလိုက်သည်နှင့် တစ်ပြိုင်နက် အဖြူရောင်အလင်းဆတို့ပျောက်ကွယ်ကာ အနက်ရောင်အတိဖုန်းလွှမ်းသွား၏။
*....#.....$.....*
အချိန်ကြာမြင့်စွာအိပ်စက်ထားသူအလား သူမမျက်ခွံများဖွင့်ရန်လေးလံနေ၏။
အားယူပြီးဖွင့်ကြည့်ရာ မြင်လိုက်ရသည်က .....
ပင့်ကူမျှင်အချို့ဖြင့် ဝန်းရံထားသော မျက်နှာချပ်ဟောင်းတစ်ခု...

Before I go backWhere stories live. Discover now