Part 4

41 3 0
                                    

ကလေးနှစ်ယောက်အား ကျောင်းပို့ပြီးအပြန် Jasmine တစ်ယောက် ရှေ့ဆက်ရမည့် ဘဝအားရင်လေးစွာတွေးတောရင်း ငေးငိုင်စွာ ရှောက်လှမ်းလာ၏။

"တီ တီ ... တီ..." နောက်မှလာသည့်ကားဟွန်းသံကိုပင်သူမမကြားပဲ အတွေးထဲမျောနေမိရာ

"အား..." Jasmine တစ်ယောက်လမ်းဘေးပလက်ဖောင်းပေါ်ခွေလျက် ကျသွားသည်။

"အဆင်ပြေလား ခင်ဗျ ထိခိုက်မိသွားသေးလား"ဟု မေးလိုက်သည့်အသံကြောင့် သူမသတိပြန်ဝင်လာ၍ဘေးဘီကို ကြည့်လိုက်ရာ လူတယောက်၏ ရင်ခွင်ထဲရောက်လျက်သားဖြစ်နေသောကြောင့်

"အား ရှင်ဒါဘာလုပ်တာလဲ ဖယ်ဖယ်" ဟုဆိုကာ ထိုလူအားတွန်းထုတ်လိုက်သည်။

"ဘာလုပ်ရမှာလဲဗျ ခင်ဗျားသေမှာဆိုးလို့ကယ်လိုက်တာလေ ခသ်ဗျားလူမှူရေးတော်တော်ခေါင်းပါးတာပဲ" ဟု ဖုန်ခါလျက်ထရင်းပြောလိုက်၏။

"အော်..ဘယ်သူများလဲလို့ မျက်စိမှုန်တဲ့ကျောင်းဆရာကိုးးး ဒီမှာ ကျမဘာသာကျမ ကားတိုက်သေသေမသေသေ ရှင်အပူပါလို့လား ရှင့်အကူညီရောတောင်းနေလို့လား နေရာတကာဝင်ပါတတ်တာပဲ" ဟု မတ်တပ်ထ ခါးထောက်ရင်း ရန်ပြန်ထောင်နေရာ

"ခင်ဗျားပြောလို့ ပြီးပြီလား မပြီးလဲဆက်နားထောင်ဖို့ ကျနော့်မှာအချိန်မရှိဖူး" ဟု ပြက်ပြက်ပြော၍ထွက်သွားတော့သည်။

Jasmine တစ်ယောက် ရှူးရှူးရှဲရှဲနှင့် မခံမရပ်နိုင်ဖြစ်ပြီးကျန်ခဲ့လေသည်။

.....*......*......

အိမ်သို့ပြန်ရောက်လာသော Jasmine တယောက် ထိုကျောင်းဆရာကို အခဲမကျေနိုင်သော်လည်း အငြိမ်မနေနိုင်သောအဆာအိမ်ကြောင့် သူမ ထမင်းဟင်းချက်ရတော့မည့်အနေထားရောက်လာသည်။

ထို့ကြောင့် မီးဖိုထဲဝင်ကာ ရေခဲသေတ္တာအစုတ်ကလေးအား ဖွင့်ကြည့်ရာ ရေဘူးများကလွဲ၍မည်သည့်အစားအစာမျှမတွေ့။
ကံကောင်းထောက်မစွာ အိမ်ထဲတွင် ကြက်ဥလေးလုံးကိုတွေ့လိုက်ရသဖြင့် သူမအလွန် ပျော်သွားသည်။

သို့သော်လည်းထိုအပျော်များ ကြာရှည်မခံ ။
ငယ်စဉ်ကထဲကခြေမွှေး လက်မွှေး ဘာအမွှေးမှ မီးမလောင်ပဲ နေခဲ့ရသော သူမ ယခု ထမင်းဟင်းချက်ရတော့မည်ဖြစ်သဖြင့် သူမအတွက်တော့ တိုက်ပွဲ တခုဝင်ရတော့မည့် စစ်သူကြီးအနေထား ဖြစ်နေသည်။

Before I go backWhere stories live. Discover now